Chapter 38 🐣

2.5K 192 2
                                    

ရင်ခုန်သံပုစိကွေး

Chapter 38 🐣



"ကိုကို... ဒီနေ့ဘာလို့အစောကြီးပြန်လာတာလဲ?"

"ဟမ် အစောကြီးပြန်မလာရဘူးလား?"
ဒီရွဲ့တတ်တဲ့ပညာက ပုစိကွေးဆီကတတ်တာ၊

"မဟုတ်ပါဘူး ကိုကိုရဲ့။ အရင်ဆို သားကကိုကိုပြန်လာဖို့အကြာကြီးစောင့်နေရတာလေ။ ဒီနေ့ကျခဏပဲစောင့်ရသေးတယ် ကိုကိုကပြန်ရောက်လာလို့"

"ကလေးစောင့်နေရမှာစိုးလို့ အစောကြီးပြန်လာတာပေါ့"

"ခခ် ခခ်"

ဘယ်လိုပုံစံကသူ့ကိုပိုပြီးချစ်စရာကောင်းစေတယ်ဆိုတာ သူတကယ်သိတယ်။

"အောင်မယ်လေး!"

" ဘာဖြစ်တာလဲ?"

"မေ့နေတာ ... ကိုကို့ကိုပြောစရာရှိတာကို"

လန့်လိုက်ရတာဗျာ!

"သားတို့သင်တန်းက သန်ဘက်ခါစာမေးပွဲရှိတယ်။ အဲ့စာမေးပွဲပြီးရင် ပိတ်ရက်မှာဖိုးဖိုးကြီးတို့ဆီပြန်နေချင်တယ်"

"ဘာ?"

"လန့်လိုက်တာ ကိုကိုကလည်း"

"ကိုကိုကပိုလန့်တာပေါ့ ကလေးရယ်။ဖိုးဖိုးကြီးတို့ဆီနေမယ်လို့ ဘယ်လိုတောင်ပြောရက်ရတာလဲ? ကိုကို့ကိုထားခဲ့မလို့လား?"

သွေးမရှိတဲ့မျက်နှာနဲ့ Jungkook ကပူပန်မှုအပြည့်။

"အာ ကိုကို့ကိုထားခဲ့မယ်လို့ပြောလို့လား? ဖိုးဖိုးကြီးတို့ဆီပြန်ချင်တယ်ပဲပြောတာလေ"

"ဒါဆို ကိုကိုပါလိုက်နေရမယ်ဆိုတဲ့သဘောလား?"

"အွန်းပေါ့။ ဘာလဲ ကိုကိုကမနေချင်လို့လား?"

"မနေချင်လို့ရယ်တော့မဟုတ်ပါဘူး။...  ဒါပေမဲ့ ဖိုးဖိုးကြီးတို့အိမ်ကအဝေးကြီးမှမဟုတ်တာ ဒီတိုင်းသွားလည်လို့ရတယ်လေ။ နေ့တိုင်းလိုက်ပို့ပေးဆိုလည်း ကိုကိုလိုက်ပို့ပေးမှာပေါ့"

တကယ်တမ်း ညအိပ်ညနေသွားမနေချင်ရတဲ့အကြောင်းက Jungkook မှာသပ်သပ်ရှိသည်။ပုစိကွေး၁၈နှစ်ပြည့်ဖို့ ၁လတောင်မကျန်တော့တဲ့အချိန်အတွင်း သူ့မှာလုပ်စရာတွေလည်း အတော်များ၏၊

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now