Chapter 6 🐣

2.4K 218 3
                                    

ရင်ခုန်သံပုစိကွေး

Chapter 6 🐣

(Kim Arrum  = ကင်အာရမ်
  Han Subin  = ဟန်ဆူဘင်း )


ဒုန်း!!!

ကားတံခါးကိုဆောင့်ပိတ်လို့ ဖိနပ်တွေကိုတစ်ဖက်ဆီကန်ချွတ်ပြီး အိမ်ထဲမကြည်မသာဝင်လာသော Jimin ။

"ဟေ့ ... ငါ့မြေးမျက်နှာမကောင်းပါလား ဘာဖြစ်လာတာလဲ?"

Mr.Jinhyuk မေးနေသော်လည်း Parkပေါက်စလေးကတော့ ဘယ်သူ့မှမကြည့်ဘဲအပေါ်ထပ်ကိုသာတက်သွားတော့သည်။

"အဖေ့မြေးက တစ်လမ်းလုံးလည်းစိတ်ကောက်လာတာ စကားလုံးဝမပြောဘူး"

"ဟေ? ... သူလိုချင်တာအကုန်လုပ်ပေးလိုက်လို့ပြောထားတယ်လေ။ အခုငါ့မြေးစိတ်ကောက်နေတော့ ငါဘယ်လိုနေရတော့မလဲကွ"

မြေးဖြစ်သူနဲ့ပတ်သတ်လာရင် နည်းနည်းလေးမှအထိမခံတဲ့ Mr.Jinhyuk ကသားဖြစ်သူကိုဆူပါတော့သည်။ သားအချစ်မြေးအနှစ်ဆိုသလို ဒီသားကိုချစ်လို့ဒီမြေးကိုနှစ်နှစ်ကာကာဖြစ်ရသည်ဆိုပေမဲ့ မြေးလေးကသာသူ့ဘဝသူ့အရာရာဖြစ်ပေသည်။

"ဘယ်လိုဖြစ်တာလဲ အစ်ကို? သားလေးကဘာတဲ့လဲ?"

"ဘာဖြစ်ရမှာလဲ? ကျောင်းလာကြိုတာအစ်ကိုဖြစ်နေလို့တဲ့"

"ရှင်?"

"ကိုကိုမလာဘဲဖေကြီးကဘာလို့လာတာလဲ ဆိုပြီး အိမ်မပြန်ဘူးလုပ်နေလို့အတင်းခေါ်လာရတာ။တစ်လမ်းလုံးလည်းစိတ်ကောက်လာလေရဲ့"

ဖြစ်ပုံကဒီလို!

သူလိုချင်တာမှန်သမျှရနေတဲ့ Jimin ကတစ်ခုခုဆိုစိတ်အရင်ကောက်တတ်သည်။ အစာစားချိန်မမှန်ရင်ဗိုက်အောင့်တတ်တဲ့သူမို့ အစာမစားဘဲဆန္ဒပြတာကလည်း သူ့လုပ်ကွက်လေးထဲကတစ်ခု။

ဒါကြောင့်မို့လည်း သေးသေးမွှားမွှားကစလို့ဘယ်လိုကိစ္စမျိုးကိုမဆို သူပြောသမျှဖြစ်အောင်လုပ်ပေးကြရခြင်း။

"Jungkook ကိုပြောတာလား?"    
Mrs.Arrum က Mr.Hyungho ကိုစကားမေးဝင်လုပ်သည်။ Jimin ခေါ်နေကျကိုကိုဆိုတာ Jungkook တစ်ယောက်သာရှိသည်မို့။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ