Chapter 31 🐣

2.3K 212 16
                                    

ရင်ခုန်သံပုစိကွေး

Chapter 31 🐣



"ကိုကိုယောက်ျား!!!..."

ထိုနာမ်စားကြောင့် Jungkook နဲ့ Sora တင်မက ဆိုင်ထဲရှိသမျှသက်ရှိအားလုံး အသံလာရာကိုလှည့်ကြည့်ကြသည်။  အထဲကိုဝင်မလာဘဲ ဆိုင်ရဲ့အပေါက်ဝလှေကားနားကနေရပ်ကြည့်နေသေးတဲ့ Jimin ကိုမြင်ပြီး...

"ကလေး..."
Jungkook တအံ့တသြဖြစ်ရပါသည်။
စားလက်စထမင်းဝိုင်းကိုပစ်ပြီး အလျင်အမြန်ထလာလိုက်၏။

"ကလေး..။ ဘယ်လိုဖြစ်ပြီး ... "

"ကိုကို!.... ပြောတော့အလုပ်,လုပ်ဖို့သွားမှာဆို...။ အခုအဲ့ဒါဘာလုပ်နေတာလဲ?"

တွေ့တာနဲ့ကြိမ်းတော့တာပါပဲ၊

"ကလေးကရောဘယ်လိုဖြစ်တာလဲ? ဒီကိုဘယ်လိုလုပ်ပြီးရောက်လာတာလဲ? ဘယ်သူနဲ့လာတာလဲ? ဘာလို့လိုက်လာတာလဲ?"

Jimin မေးတာကိုဘေးဖယ်ပြီး Jungkook ကမေးခွန်းများစွာပြန်စစ်သည်။

"ဘာလဲ...ကိုကိုကသားလိုက်လာတာမကြိုက်လို့လား?  မကြိုက်ရင်သားအခုပြန်လိုက်တော့မယ်"

"အဲ့လိုပြောတာမဟုတ်ပါဘူး ... ။ ကိုကိုက ကလေးကိုစိတ်ပူလို့လေ"

"....."

"Jungkook ... အဖွဲ့သားတွေအားလုံးပြီးပြီနော်"
စားသောက်ပြီးကြောင်း အစီရင်လာခံတဲ့ Sora ကိုလည်း Jimin မကျေနပ်။

"ဟုတ်ပြီ။ နောက်တစ်နာရီအတွင်းစမယ်နော်.."

တစ်ဖက်က Jimin လက်ကောက်ဝတ်လေးကိုဆွဲကိုင်ထားရင်းနဲ့ တစ်ဖက်လှည့်ပြီးအလုပ်ကိစ္စပြောရသေးသည်။ Jungkook ကဖွဖွလေးကိုင်ထားပေမဲ့ Jimin မရုန်း။

Jungkook တို့အခြေအနေကိုသေချာအကဲခတ်ကြည့်ပြီးမှ Sora လှည့်ပြန်သွား၏။ Sora ထွက်သွားတော့မှ ...

"ကိုကို့ကိုပြောဦး  ဒီကိုဘယ်လိုရောက်လာတာလဲ?"

တကယ်စိတ်ပူနေတဲ့ Jungkook ကသူ့မျက်နှာမှာအထင်းသား...
ကျောင်းမပိတ်လို့မခေါ်လာခဲ့ပေမဲ့ မတွေ့ရတဲ့အချိန်လေးအတွင်းမှာ သူလည်းတစ်ခုခုလိုအပ်နေခဲ့သည်မဟုတ်လား?
သို့ပေမဲ့ ယခုလိုတစ်ယောက်တည်းရောက်ချလာတာကလည်း စိတ်ပူစရာ။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now