Part 1

3.1K 121 4
                                    

"လျန်လေးရေ...မေမေ့ကိုCity Martမှာသစ်သီးသွားဝယ်ပေးပါလား"

မီးဖိုခန်းထဲကမေမေ့ရဲ့ခိုင်းတဲ့အသံကြောင့်TVကြည့်နေရင်းကနေမီးဖိုခန်းထဲသွားပြီး

"သစ်သီးကဘာလုပ်ဖို့လဲမေမေ..ပြီးတော့မေမေမနက်ကတည်းက..မီးဖိုထဲမှာချက်ပြုတ်နေတာ...အိမ်ကိုဘယ်သူလာမှာမို့လို့လဲ"

"နင့်အဖေရဲ့တောင်ကြီးကသူငယ်ချင်းမိသားစုလာမှာ..အိမ်မှာတည်းလိမ့်မယ်..ကိုယ့်ဘက်ကဧည့်ဝတ်ကျေရမယ်..ကြားလား"

"ဟုတ်ကဲ့မေမေ..လျန်City Martကိုသွားလိုက်အုံးမယ် သစ်သီးတစ်မျိုးပဲလား..ကျန်တာမှာအုံးမလား"

"ရွှေပုစွန်က..ကိတ်မုန့်လေးပါသွားဝယ်လာခဲ့.ကားကိုဂရုစိုက်မောင်းသွား"

"ဟုတ်မေမေရေ..သွားပြီ.."

အိမ်ကခိုင်းတာတွေဝယ်ဖို့..ကားမောင်းပြီးထွက်လာခဲ့သည်
................

နန်းတို့မိသားစု..ဟဲဟိုးလေဆိပ်ကနေ..ရန်ကုန်လေဆိပ်ရောက်တော့..နန်းတို့တည်းမည့်အိမ်က..ကားdriver..ကိုဟင်နရီက.နန်းတို့ကိုကြိုဖို့.လေဆိပ်မှာ..လာစောင့်နေသည်

"မတွေ့တာကြာပြီ..ကိုဟင်နရီ" နန်းနှုတ်ဆက်လိုက်တော့

"ဟုတ်ကဲ့ခင်ဗျ...နန်းတို့ကိုကြိုဖို့..ဆရာလွှတ်လိုက်လို့ပါဗျ"

"ဟုတ်..အဲဒါဆိုနန်းတို့သွားကြတာပေါ့"

"အထုပ်တွေကျွန်တော်သယ်ခဲ့ပါ့မယ်..."

ကားပေါ်ရောက်တော့

"ဖေဖေနဲ့မေမေ..အခုကားမောင်းတဲ့အစ်ကိုက..ကိုဟင်နရီ..သူ့ဇနီးက မခက်ခက် အန်တီဆွေးရဲ့..ချင်းတောင်ကအမျိုးတွေ သူတို့မှာသမီးလေးတစ်ယောက်ရှိတယ်" လို့ဖေဖေတို့ကိုမိတ်ဆက်ပေးလ်ိုက်တော့

ဖေဖေက "ဟုတ်လား...ဒီနေ့ကSundayဆိုတော့.မောင်ရင်တို့ဘုရားရှိခိုးတဲ့ရက်မှာ.ဦးတို့လာမိသလိုဖြစ်သွားတယ်..Sorryပါကွယ်"

"ရပါတယ်..ဦးရဲ့...ကျွန်တော်တို့ကညနေမှဘုရားကျောင်းသွားမှာ"

"ကိုဟင်နရီသမီးလေးဘယ်အရွယ်ရောက်ပြီလဲ..လွန်ခဲ့တဲ့တစ်နှစ်ကနန်းလာတုန်းကငယ်ငယ်လေးပဲရှိသေးတယ်"

အချစ်များစွာယူ Where stories live. Discover now