Part 7

1.2K 83 5
                                    


ဦးစိုင်းမင်းဦးတစ်ယောက်.ဇနီးဖြစ်သူကိုခေါ်ပြီး.သူ၏သမီးဖြစ်သူရှိရာသို့ချက်ချင်းထွက်လာခဲ့သည်..ညနေလောက်မှာ လဲချားမြို့သို့ရောက်ရှိပြီး..သူ၏ယောက္ခမဖြစ်သူ..ဦးစိုင်းဝဏ္ဏနှင့်စကားအချေအတင်များနေကြသည်..ဒေါ်နန်းသက်သက်ဝေကတော့..ဖခင်ဖြစ်သူနဲ့ခင်ပွန်းကြားဘာမှဝင်မပြောနိုင်ပဲဒီအတိုင်းရပ်ကြည့်နေရသည်

"ကျွန်တော့်သမီးသဘောဆန္ဒမပါပဲ..လက်ထပ်ပေးမယ့်ကိစ္စ..ကျွန်တော်လက်မခံနိုင်ဘူး...ဦးလေး"

"မင်းကဘယ်လောက်တော်နေလို့..ငါ့ကိုဒီလိုစကားမျိုးပြောတာလဲ..မင်းလိုအဆင့်မရှိတဲ့ကောင်မျိုးနဲ့ငါ့သမီးကိုပဲ.အညားခံမယ်..ငါ့မြေးကိုတော့..ငါတို့လိုအဆင့်အတန်းဂုဏ်ပကာသနရှိတဲ့မောင်စိုင်းနေယံလိုလူမျိုးနဲ့ပဲသဘောတူတယ်"

"ဦးလေးစကားတွေကလွန်လာပြီ...ကျွန်တော့်သမီးကိုကျွန်တော်ပြန်ခေါ်သွားမယ်...ပြီးရင်သားသမီး.နဲ့မြေးတွေကို..ချယ်လှယ်ချင်တိုင်းချယ်လှယ်နေတဲ့ဦးလေးနဲ့လည်းဘယ်တော့မှမပတ်သက်စေရဘူး..." လို့ယောက္ခထီးဖြစ်သူကိုအဆုံးအစွန်အထိပြောပြီး..သူ၏သမီးကို...အိမ်အောက်ကနေ

"သမီး...သမီးရေ...ဖေဖေလာပြီ...ဖေဖေနဲ့အိမ်ပြန်လိုက်ခဲ့" ဟုသမီးဖြစ်သူကိုခေါ်နေသည်...

နန်း.ဖေဖေ့အသံကြားတော့ဝမ်းသာသွားပြီး.'ဖေဖေ'ဟုအော်၍.အိမ်အောက်သို့ဆင်းလာခဲ့သည်...ဖေဖေ့ဆီရောက်တော့

"လာ..သမီး..ဖေဖေနဲ့ပြန်လိုက်ခဲ့..ဒီအိမ်မှာတစ်စက္ကန့်လေးတောင်မနေနဲ့..အခုကမိုးချုပ်နေလို့ဟိုတယ်မှာသွားတည်းကြမယ်..မနက်ကျတောင်ကြီးကိုစောစောပြန်ကြမယ်"

"ဟုတ်ကဲ့ဖေဖေ...သမီးဖေဖေနဲ့ပြန်လိုက်ခဲ့မယ်..သမီးရဲ့အသုံးအဆောင်ပစ္စည်းတွေအိမ်ပေါ်မှာသွားယူလိုက်အုံးမယ်"

"ဖေဖေနဲ့သမီးမေမေ...အိမ်ရှေ့ကစောင့်နေမယ်..မြန်မြန်ယူပြီးဆင်းလာခဲ့"

နန်းအိမ်ပေါ်သို့..ပစ္စည်းတွေတက်သိမ်းပြီးဆင်းလာတော့...ဖိုးဖိုးက

"သဘက်ခါ..မောင်စိုင်းနေယံမိဘတွေ..နင့်ကိုလာတောင်းလိမ့်မယ်..သူတို့နဲ့အတူ.ငါပါလိုက်လာခဲ့မယ်..ငြင်းဖို့မစဥ်းစားနဲ့..နင့်ကိုတခါတည်းမောင်စိုင်းနေယံနဲ့အတူထည့်ပေးလိုက်မှာ"

အချစ်များစွာယူ Where stories live. Discover now