Part 9

1.3K 75 4
                                    

Wedding Dinnerကျင်းပမည့်ဟိုတယ်သို့..နှစ်ဖက်မိဘတွေနဲ့အတူမင်္ဂလာမောင်နှံတို့ရောက်ရှိလာပြီး..ကြွရောက်လာတဲ့ဧည့်သည်တွေကိုဧည့်ခံနေသည်...

"မောင်..ဟိုဘက်ဝိုင်းကိုသွားကြမယ်..သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးချင်လို့" နန်းခေါ်ရာနောက်သို့လိုက်လာခဲ့ပြီး..အနားရောက်တော့..

"မောင်..ဒီဘက်က..တို့ရဲ့အခင်ဆုံးသူငယ်ချင်းနှစ်ယောက်..နန္ဒာနဲ့သန္တာ..ဟိုဘက်ကသူတို့အမျိုးသားတွေ"

"ဟုတ်..တွေ့ရတာဝမ်းသာပါတယ် ဗျ"

နန်းရဲ့သူငယ်ချင်းနန္ဒာရဲ့အမျိုးသားက

"တွေ့ရတာဝမ်းသာပါတယ် ရှင်းခန့်လျန်..မင်းတို့ပိုင်တဲ့Car Showroomက ကားတွေက..အပြန်စားတွေချည်းပဲ,..ဒါကြောင့်လည်းဘာအလုပ်မှမလုပ်ပဲ...မင်းမိဘတွေရဲ့လုပ်စာကိုထိုင်စားနေနိုင်တာ" ဟု ခနဲ့တဲ့စကားပြောလို့လျန်လည်း

"ကျွန်တော်က..ဘာအလုပ်မှမလုပ်တာမဟုတ်ဘူးဗျ..ကျွန်တော်USကနေ..ITနဲ့Masterဘွဲ့ရထားတာ..ကျွန်တော့်ရဲ့အလုပ်ကအိမ်ကနေပဲ..လက်တောပ့်တစ်လုံးနဲ့လုပ်ရတဲ့အလုပ်မို့လို့.အလုပ်မရှိဘူးလို့ထင်နေကြတာပါ ကျွန်တော့်ဝင်ငွေကတစ်လကို သိန်း၅၀အနည်းဆုံးရပါတယ်" လျန်ထိုသို့ပြောလိုက်တော့မှ..ထိုလူလျန့်ကိုအံ့သြတဲ့အကြည့်မျိုးဖြင့်ကြည့်နေသည်

နန်းရဲ့ကလေးစုတ်ကို..ခနဲ့တဲ့စကားနဲ့ပြောတဲ့အတွက်..နန်းတော်တော်စိတ်ဆိုးမိပါသည်..သို့ပေမယ့်..ကလေးစုတ်ပြောလိုက်တဲ့စကားကြောင့်..အောင်နိုင်သူတစ်ယောက်လိုအပြုံးမျိုးဖြင့်သူတို့ကိုပြုံးပြနိုင်လေသည်..နန္ဒာကစိတ်ထားကောင်းသလောက်.သူ့ယောက်ျားကမနာလိုဝန်တိုစိတ်နဲ့ပြိုင်ဆိုင်လိုစိတ်များသည်..အခုလည်းကလေးစုတ်၏ မိဘတွေကြွယ်ဝချမ်းသာမှုကို..မနာလိုဝန်တိုပြီး..ကလေးစုတ်ကိုပြောဆိုခဲ့ခြင်းဖြစ်သည်..

မနန္ဒာကတော့..လျန့်ကိုအားနာတဲ့အကြည့်မျိုးဖြင့်ကြည့်ပြီး..သိပ်မကြာခင်..နန်းရယ်..မသန္တာရယ်နဲ့အတူ..တစ်နေရာသို့ထွက်သွားတာတွေ့လိုက်သည်

နန္ဒာခေါ်တဲ့နောက်ကို နန်းလိုက်လာတော့

"ငါတောင်းပန်ပါတယ် နန်းရယ်..ငါ့အမျိုးသားကအဲ့လိုပဲ..စိတ်ထဲမထားပါနဲ့" လို့နန္ဒာ့ဘက်ကနန်းကိုတောင်းပန်လာတော့

အချစ်များစွာယူ Where stories live. Discover now