Part 12 (End Part)

2.1K 92 2
                                    

မနက်၁၀နာရီထိုးOGနဲ့ပြဖို့ဆေးရုံသွားရန်အတွက်...မနက်၈နာရီထိုးနေပြီဖြစ်သော်လည်း..အခုထိအိပ်ယာမနိုးသေးသည့်လျန့်ကို..နန်းနိုးရမည်ဖြစ်သည်..ထို့​ကြောင့်

"မောင်..ထတော့..ရှစ်နာရီထိုးနေပြီ"

"ဟင်..ဘာလဲ မ ရာ"

"ထတော့..ရှစ်နာရီထိုးနေပြီလို့ဆေးရုံသွားဖို့ပြင်​ဆင်ရအုံးမယ်လေ"

ထိုအခါမှ.အိပ်ချင်မူးတူးနဲ့ငုတ်တုတ်ထထိုင်လာပြီး

"ထပြီ..ထပြီ.."

"သွား..မျက်နှာသစ်..ရေမိုးသွားချိုးတော့"

"ဟုတ်ကဲ့ပါဗျ" ဟု ဆိုကာ.နန်းရဲ့ပါးကိုလှစ်ခနဲနမ်းသွားပြီး..ရေချိုးခန်းထဲသို့ဝင်သွားလေသည်..လက်ထပ်ထားတာတစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း..သူနမ်းတိုင်းအခုချိန်အထိ..နန်းရှက်နေတုန်းပဲ..

***********

ဆေးရုံရောက်တော့..OGပါမောက္ခက လျန့်သူငယ်ချင်းဆုမြတ်ရဲ့အမေအန်တီအေးဖြစ်သည်..လျန့်ကိုလည်းအတိတ်မေ့နေတယ်လို့ပဲထင်နေတာကြောင့်..အန်တီ့ကိုမသိသလိုပဲနေလိုက်သည်...သူ့သမီးဆုမြတ်ကပြောထား၍ဖြစ်မည်..သူလည်းလျန့်ကိုနှုတ်မဆက်ပေ...ကိုယ်သိနေတဲ့သူတွေကိုမသိချင်ယောင်ဆောင်ပြီးနေရတာလည်းတွေးကြည့်ရင်ရယ်စရာပေ..ထိုသို့တွေးနေစဥ်.ဟီးဟီး ဆိုပြီးအသံထွက်အောင်ရယ်မိသောကြောင့်

"ဘာတွေသဘောကျနေတာလဲ.ရှင်းခန့်"

"ဘာမှမဟုတ်ပါဘူးဗျ"

"Congratulations ရှင်းခန့်...မင်းရဲ့ဇနီးမှာ.ကိုယ်ဝန်၈ပတ်ရှိနေပြီ..နှစ်ယောက်လုံးအတွက်ဂုဏ်ယူပါတယ်"

ထိုအခါ..နှစ်ယောက်သားတစ်ယောက်လက်ကိုတစ်ယောက်ကိုင်ကာအပြုံးကိုယ်စီဖြင့်...ဒေါက်တာပြောသမျှကိုနားထောင်နေသည်..

"အခုလောလောဆယ် ကိုယ်ဝန်ကနုသေးတော့..အထူးဂရုစိုက်ပါ အချိန်မရွေးပျက်ကျသွားနိုင်တယ် ၄လလောက်မှစိတ်ချရမှာ ကိုယ်ဝန်ကိုထိခိုက်စေမယ့်အရာမှန်သမျှရှောင်ပါ"

"အန်တီပြောချင်တာသိတယ်မဟုတ်လား..."

အန်တီအေးဘာပြောချင်လဲဆိုတာလျန်တို့နှစ်ယောက်လုံးသိသည်  sexကိစ္စကိုရှောင်ခိုင်းနေခြင်းဖြစ်သည်

You've reached the end of published parts.

⏰ Last updated: Jun 02, 2023 ⏰

Add this story to your Library to get notified about new parts!

အချစ်များစွာယူ Where stories live. Discover now