Part 5

1.3K 93 3
                                    

နန်းတို့မိသားစုနဲ့အတူတူ လျန်..တောင်ကြီးကိုလိုက်လည်တာ..၅ရက်ရှိပြီ...နန်းနဲ့နှစ်ယောက်အတူတူ...ဟိုပုံးမြို့ကိုလျှောက်လည်ရန်ထွက်လာခဲ့သည်..

တောင်ကြီး-ဟိုပုံးလမ်းပေါ်က..ပအိုဝ့်ရွာတွေနဲ့တောင်ပေါ်လမ်းတွေကိုဖြတ်ရင်း.တောင်တန်းတွေရဲ့အလှနဲ့ကားမောင်းနေတဲ့နန်းရဲ့မျက်နှာကအလှကိုငေးနေရင်း...ရုတ်တရက်ကားကိုထိုးရပ်လိုက်တဲ့နန်းကြောင့်

"ဟာ..အစ်မ..ဘာလို့ကားကိုရပ်လိုက်တာလဲ..ဒီမှာအာရုံပျက်တယ်"

"မင်းတို့ကိုငေးနေတာ..မျက်တောင်မခတ်ဘူး...တို့ကိုတစ်ယောက်ယောက်စိုက်ကြည့်နေရင်.ဘာအလုပ်မှဆက်လုပ်လို့မရဘူး.တို့မ​နေတတ်ဘူး..ကားကိုဘယ်လိုဆက်မောင်းမလဲ..အဲဒါကြောင့်ကားကိုရပ်လိုက်တာ" ဟုဆိုရင်း.ပြုံးတုံ့တုံ့နဲ့လျန့်ကိုကြည့်နေသည်

"အစ်မကလည်းဗျာ..ကိုယ့်ချစ်သူကကိုယ့်ကိုကြည့်တာပဲ..ဘာလို့မနေတတ်တာလဲ"

နန်းကသူ့ရဲ့ချစ်သူမဟုတ်​သေးပဲ...ရယ်ပြီး..ကြူးကြူးကျော်ကျော်စကားတွေပြောနေတဲ့ကလေးစုတ်ကို..စိတ်တိုလို့သူ့ရဲ့နဖူးကိုလက်သီးနဲ့ထုရင်း

"မင်းနော်...စကားကိုဆင်ခြင်ပြောဘယ်သူကမင်းရဲ့ချစ်သူလဲ သေချင်လို့လား"

"နာတယ်..အစ်မရဲ့..ဖြေးဖြေးထုပါဗျ..မပြောနဲ့ဆိုလည်းမပြောတော့ပါဘူးဗျာ..ငေးလည်းမငေးတော့ဘူး..အခုတော့ကားကိုဆက်မောင်းပြီးသွားရအောင်နော်"

နန်းကိုချွဲ့နွဲ့ပြီးစကားတွေပြောနေတဲ့သူ့ရဲ့ပါးလေးနှစ်ဖက်ကိုနန်းအသည်းယားလို့ညှစ်လိုက်မိပြီးတော့မှအသိစိတ်ပြန်ဝင်ပြီး..ရှက်ကိုးရှက်ကန်းနဲ့

"အဟမ်း..ကားမောင်းတော့မယ်...တို့ကိုမငေးနဲ့နော်"

လျန့်ရဲ့ပါးနှစ်ဖက်ကိုလာညှစ်တဲ့အစ်မကြောင့်..လျန်လည်းကြောင်တောင်တောင်နဲ့ငေးကြည့်နေမိသည်..

"ဟမ်...မငေးပါနဲ့ဆိုငေးနေပြန်ပြီ" နန်းပြောလိုက်တော့..သွားလေးတွေပေါ်အောင်ပြုံးပြရင်း

"ဟုတ်..ဟုတ်..ဟုတ်ကဲ့အစ်မ" စကားတွေလည်းထစ်ကုန်ပြီ

မွေတော်ကက္ကူဘုရားကို..၁၀ နာရီထိုးနေပြီ..

အချစ်များစွာယူ Where stories live. Discover now