Part 8

1.3K 78 4
                                    

နန်းသူ့ကိုအဖြေပေးပြီးတော့..သူ့ရင်ခွင်ထဲမှာဝင်နေရင်း.သူ့လက်ကအနာကိုသတိရသွားသည်..ဒါ့ကြောင့်
"လက်ကအနာကြည့်ရအောင်.."
လက်ကအနာကြည့်ချင်တယ်ဆိုလို့..အစ်မကိုပြလိုက်တော့,..အနာကိုကြည့်ပြီးငိုနေသည်...

"ဟာ..ဘာလို့ငိုတာလဲ.."

"တို့ကြောင့်..ဖြစ်ရတဲ့အနာလေ..တို့ချစ်တဲ့သူကို..တို့ကြောင့်မနာကျင်စေချင်ဘူး"

"အဟင်း..အဲ့လိုမနာကျင်စေချင်ရင်..ဘာလို့..ခုနကမုန်းတယ်လို့ပြောတာလဲ.."

"အာ..အဲဒါကတော့....."နန်းဘာမှဆက်မပြောတော့ပဲ...ငြိမ်နေလိုက်သည်

"အဲဒါကတော့..ဘာဖြစ်လဲဆက်ပြောလေ.." မျက်ခုံးပင့်ပြီးမေးလိုက်တော့

"အဲ့တုန်းကမင်းကငါ့ကို..ဒေါသထွက်ပြီးတစ်ခုခုလုပ်တော့မယ့်အတိုင်း"

"ဘာကိုတစ်ခုခုလုပ်မှာလဲ..ဘာတွေမျှော်လင့်နေတာလဲ" ပြောင်စပ်စပ်နှင့်ပြောလိုက်တော့.

"သွား..အနားမလာနဲ့" ဆိုပြီးတွန်းထုတ်နေသည်..

"အာ့..အနာကနာလိုက်တာ.." လို့ဟန်ဆောင်ပြောလိုက်သည်ကိုတကယ်ထင်သွားပြီး..

"တကယ်နာနေတာလား..မိုးကလည်းချုပ်နေပြီဘယ်လိုလုပ်မလဲ" စိတ်ပူစွာဖြင့်ပြောနေသည်..

"ဟား..နောက်တာ..မနာပါဘူး..ဒီလောက်ကတော့ ခံနိုင်ရည်ရှိပါတယ်"

"ဟွန့်.. တို့စိတ်ပူသွားတာပဲသိရဲ့လား...တို့အိပ်ချင်နေပြီ"

လျန့်ဖုန်းကနာရီကိုကြည့်လိုက်တော့
"ဟာ..ဟုတ်သားပဲ..ည၁၁နာရီတောင်ကျော်နေပြီ..အိပ်ကြမယ်လေ"

"သွားပါ..မင်းနဲ့အတူတူမအိပ်နိုင်ဘူး..တစ်ယောက်တည်းအိပ်မှာ"

"မိန်းမကလည်း..အတူတူအိပ်မယ်နော်" ချစ်စရာအမူအရာဖြင့်..လျန်ပြောလိုက်တော့

"ဘယ်သူကမင်းမိန်းမလဲ...ဟွန့်" ဟုအခန်းထဲဝင်သွားပြီးတံခါးကိုပိတ်လိုက်လေသည်..လျန့်မှာတော့..အခန်းအပြင်မှာတစ်ယောက်တည်းကျန်ခဲ့ပြီး

"ကျွန်တော်..မ ကို ခိုးလာတယ်ဆိုပေမယ့်...ကျွန်တော်တို့နှစ်ယောက်လူကြီးတွေရှေ့မှာ..လက်ထပ်ပြီးမှ..မ နဲ့အတူနေမှာပါ..ဒါ့ကြောင့်.စိတ်ချလက်ချနဲ့အိပ်ပါ..good night" ဆိုပြီး.နန်းကြားအောင်အော်ပြောလိုက်လေသည်...

အချစ်များစွာယူ Where stories live. Discover now