Part 6

1.2K 82 5
                                    


"မင်းဘာလုပ်တာလဲ.ငါ့ကိုအခုချက်ချင်းအိမ်ပြန်ပို့ပေး"

"မပို့ပေးနိုင်ဘူး..အစ်မကိုချစ်လို့ကားတင်ပြေးလာတာ...ပြန်ပို့ပေးဖို့..ကျွန်တော့်မှာစိတ်ကူးမရှိဘူး"

"မင်းငါ့ဒေါသကိုလာဆွနေတာလား..အခုပြန်ပို့ပေး..ငါ့ခန္ဓာကိုသာရရင်ရမယ်..ငါ့အချစ်ကိုမင်းဘယ်တော့မှရလိမ့်မယ်..စိတ်မကူးနဲ့"

"အဟက်...ကျွန်တော်ကလည်းအခုချိန်မှာအစ်မရဲ့ခန္ဓာကိုမလိုချင်ပါဘူး..အစ်မချစ်လာအောင်ပဲ..ကြိုးစားမှာပါ..ဒါပေမယ့်အစ်မရဲ့အိမ်ကိုတော့ပြန်ပို့မပေးနိုင်ဘူး"

သူ့ရဲ့ပုံစံကို..နန်းကြောက်မိတယ်..ဒေါသထွက်နေတဲ့မျက်နှာနဲ့နန်းကိုကားပေါ်တင်ပြီးကလောဘက်က..လိမ္မော်ခြံတစ်ခြံထဲက လုံးချင်းတိုက်အိမ်လေးတစ်လုံးထဲခေါ်လာခြင်းဖြစ်သည်...

"လျန်တောင်းပန်ပါတယ်..အစ်မ...အခုလိုမှမလုပ်ရင်..အစ်မရဲ့အဖိုးကဟိုလူနဲ့ပေးစါးမှာ" လို့ဟုစိတ်ထဲကတောင်းပန်နေမိသည်

Flash Back

ဟိုကလေးစုတ်ရန်ကုန်ပြန်သွားပြီးနောက်ရက်မှာ...နန်းရဲ့အဖိုးခေါ်လို့လဲချားမြို့သို့နန်းရောက်လာခဲ့သည်..

"မမလေးရောက်လာပြီ....သခင်ကြီးကိုသွားခေါ်ကြ" အလုပ်သမားထဲကတစ်ဦးက..အဖိုးကိုသွားခေါ်ခိုင်းလိုက်သည်

"ရပါတယ်..နန်း..ဒီမှာနေအုံးမှာ..နန်းနေမယ့်အခန်းထဲကိုအထုတ်တစ်ချက်လောက်လိုက်ကူပြီးပို့ပေးအုံးနော် ကားမောင်းလာရတာပင်ပန်းလို့အခန်းထဲခဏသွားနားလိုက်အုံးမယ်" ဟုပြော​ပြီးအခန်းထဲသို့သွားနားလိုက်သည်

နန်းတစ်နာရီလောက်နားပြီး..အိမ်ရှေ့ထွက်လာတော့..အဖိုးနဲ့အတူ..နန်းနဲ့ရွယ်တူလောက်ရှိမယ့်အမျိုးသားတစ်ဦးဧည့်ခန်းထဲမှာထိုင်ရင်းစကားပြောနေကြသည်..နန်းကိုတွေ့တော့ဖိုးဖိုးက

"လာထိုင်..မြေးလေး"

ဖိုးဖိုးဘေးနားမှာနန်းဝင်ထိုင်လိုက်ရင်း...ထိုလူကိုကြည့်လိုက်တော့နန်းကိုမျက်တောင်မခတ်ပဲ..ကြည့်နေသည်

"ဖိုးဖိုးအခုခေါ်တဲ့ကိစ္စက..ဒီဘက်ကမောင်ရင်..စိုင်းနေယံနဲ့မြေးကိုအိမ်ထောင်ချပေးချင်လို့"

အချစ်များစွာယူ Where stories live. Discover now