Part 4

1.4K 98 7
                                    

နေ့ခင်းထမင်းစားချိန်ရောက်နေပြီ..လျန်ထမင်းမစားချင်တကြောင့်...ထမင်းဆင်းမစားပဲ..အခန်းထဲမှာစာအုပ်ဖတ်နေရင်း

ဒေါက်..ဒေါက်..ဒေါက်

အခန်းတံခါးခေါက်သံကြားလို့..တံခါးသွားဖွင့်ပေးတော့

"သြော်..မခက်ခက်."

"လျန်လေးကို..ဆရာကထမင်းစားဖို့ခေါ်ခိုင်းလ်ိုက်လို့ ဧည့်သည်တွေလည်းထမင်းစားဖို့လျန်လေးကိုစောင့်နေရတာ..အားနာစရာကြီး"

"ဟုတ်အစ်မ..လျန်လာခဲ့ပါ့မယ်" မခက်ခက်လာခေါ်ပြီးပြန်ထွက်သွားတော့..ထမင်းစားဖို့အိမ်အောက်ကိုဆင်းလာခဲ့လိုက်သည်

"လျန်လေး..ဘာလို့ထမင်းဆင်းမစားတာလဲ"

"ထမင်းမစားချင်လို့.မေမေ"

"ထမင်းမစားချင်လည်းအိမ်အောက်ကိုဆင်းလာပြီး..ထမင်းမစားတော့ဘူးလို့လာပြောရင်ရတဲ့ဟာကို..အခုတော့ထမင်းစားဖို့စောင့်နေတဲ့ဧည့်သည်တွေကိုအားနာစရာ"ဟု ဟိုအစ်မရှေ့မှာ.မေမေဆူနေတာကြောင့်.မေမေ့ကို.စိတ်ကောက်ချင်လာသည်

အဆူခံရလို့မျက်နှာကြီးစူပုပ်နေတဲ့ချာတိတ်ကြောင့်..နန်းလည်း

"ရပါတယ်အန်တီဆွေး..သမီးတို့ကအားနားစရာမှမဟုတ်တာ"

"ဟုတ်သားပဲဆွေးရယ်...အစ်မတို့မိသားစုကအားနာစရာမှမဟုတ်တာ.."လို့..နန်းမေမေပါ.ဝင်ပြောလိုက်မှ..အန်တီဆွေးဟိုချာတိတ်ကိုဆူနေတာရပ်သွားသည်

လျန့်ဖေဖေက "ကဲ...အခုတော့ထမင်းစားကြစို့..လျန်လေးနောက်တစ်ခါ.လျန့်မေမေပြောသလိုလုပ်.ကြားလား"

"ဟုတ်ကဲ့ဖေဖေ"

"ထမင်းမစားချင်ရင်..စားချင်တဲ့ဟာ..ခက်ခက်ကိုလုပ်ခိုင်းလိုက်"

"ရတယ်..မလုပ်ခိုင်းတော့ဘူး...အိမ်ပေါ်တက်တော့မယ်" လျန်အိမ်ပေါ်တက်ဖို့ပြင်လိုက်တော့

"ခဏလေး...ညနေကျ..သူငယ်ချင်းတွေနဲ့အပြင်ထွက်ဖို့စိတ်မကူးနဲ့..ကိုစိုင်းတို့နဲ့ရွှေတိဂုံဘုရားသွားမှာ.လျန်လေးပါလိုက်ခဲ့"

"ဟုတ်...တာ့တာ အိမ်ပေါ်တက်တော့မယ်" ဆိုပြီး..ဖေဖေတို့ကို..ပြောင်ချော်ချော်နဲ့လက်ပြပြီး..ထမင်းစားခန်းထဲကမြန်မြန်ထွက်လာခဲ့လိုက်သည်

အချစ်များစွာယူ Where stories live. Discover now