Part 3

1.3K 94 7
                                    

လျန်တို့Dagon Centerကိုကားမောင်းလာရင်း

"ကိုကိုအကျင့်ပုပ်နဲ့မမက ဘာလို့စကားမပြောတာလဲ"

"ငါတို့ကသိမှမသိတာ..ဘယ်လိုခေါ်ပြီး..ဘယ်လိုစကားပြောရမှာလဲ"

"ကိုကိုကလည်း..မမကို..မီးမီးခေါ်သလို..မမလို့ပဲခေါ်ပေါ့"

"ငါက..နင့်လိုကလေးမှမဟုတ်တာ..ဘာလို့မမခေါ်ရမှာလဲ" လျန်ပြောလိုက်တော့..လေဒီယာတစ်ယောက်..ဘာစကားမှမပြောပဲငြိမ်သွားပြီး..တစ်ခုခုကိုစဥ်းစားနေဟန်..ဘေးနားကတစ်ယောက်ကိုကြည့်တော့လည်းငြိမ်နေသည်

Dagon Centerရောက်တော့..

"ကိုကိုအကျင့်ပုပ်..မီးမီးကိုချီ"

"ကိုယ့်ဟာကိုလျှောက်ဟာ..ငါ့ကိုငါ့သူငယ်ချင်းတွေမြင်ရင်..နောက်မှာစိုးလို့."

"မရဘူး..ကိုကိုအကျင့်ပုပ်ချီ...မချီရင်.ငိုမှာ.အီးဟီး"

ရန်ဖြစ်နေတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးနန်းလည်း

"မီးမီးလာ..မမချီမယ်" ဆိုပြီးကောက်ချီလိုက်တော့

"ပေး..ကျွန်တော်ချီမယ်.."ဆိုပြီးကလေးကိုဆွဲယူသွားပြီး..နန်းတို့ကိုအနားကလူတွေကလှည့်ကြည့်လှည့်ကြည့်နဲ့

"မမက...ကိုကိုအကျင့်ပုပ် လက်တစ်ဖက်ကိုတွဲထားပါလား..မီးမီးပါပါးနဲ့နူးနူးဆို..အဲ့လိုတွဲတာ" လေဒီယာ့စကားကြောင့်..တံတွေးသီးသွားပြီး

"အဟွတ်..စကားမများနဲ့လေဒီယာ..ဟိုအရုပ်ဆိုင်ကိုဝင်ကြမယ်"

အရုပ်ဆိုင်ရောက်တော့..လျန့်သူငယ်ချင်းဇာခြည်နဲ့တွေ့ပြီး

"ဟဲ့..ရှင်းခန့်..ကလေးတွေဘာတွေနဲ့ ငါ့သူငယ်ချင်းက"

"ကောင်မ..ငါ့ကိုမနောက်နဲ့..နင်ရှိမှန်းသိရင်နင့်ဆိုင်ကိုငါဝင်မဝယ်ဘူး"

"အကောင်စုတ်..." ဆိုပြီး ချာတိတ်ရင်ဘတ်ကိုထုလိုက်တဲ့ကောင်မလေးကို..လေဒီယာက

"ထုပလိုက်မမ"

"မမက..သူ့ကိုမထုချင်ဘူး..သူ့ပါးကိုနမ်းချင်တာ"

"စကားပြောတာ..ဆင်ခြင်ပြော.ဇာခြည်မ..ငါ့မှာဧည့်သည်ပါလာတယ်"

"ညီမနာမည်က..ဇာခြည်လင်းပါ...ရှင်းခန့်ရဲ့သူငယ်ချင်း ညီမတို့ကိုတစ်မျိုးမထင်ပါနဲ့. တစ်ယောက်နဲ့တစ်ယောက် အဲ့လိုနောက်နေကြမို့လို့ပါ ဟီးဟီး"

အချစ်များစွာယူ Where stories live. Discover now