Part 11

1.3K 73 3
                                    

ညနေရောက်တော့ လျန့်မိဘတွေနဲ့..နန်းရဲ့မိဘတွေရော ..သူငယ်ချင်းတွေပါရောက်လာပြီး....

"ဟဲ့..ရှင်းခန့်လျန်...ငါတို့မှာသတင်းကြားကြားချင်းယုံတောင်မယုံဘူး.."

လျန်လည်းရယ်ချင်စိတ်ကိုအောင့်ထားပြီး
"အစ်မတို့ကဘယ်သူတွေလဲ...ကျွန်တော့်ကိုသိလို့လား" ဟု ခပ်တည်တည်နဲ့မေးလိုက်သောအခါ

သူငယ်ချင်းတွေအားလုံးအံသြသွားပြီး"ဟဲ့..ရှင်းခန့်..နင်ငါတို့ကိုမနောက်နဲ့နော်"

"ကျွန်တော်ကဘာကိစ္စနဲ့နောက်ရမှာလဲ..ကိုယ့်ကိုယ်ကိုတောင်ဘယ်သူမှန်းသိတာမဟုတ်ဘူးဗျ"

"မမနန်း...သူပြောတာတွေကအမှန်လား.နောက်နေတာမဟုတ်လား"

"သူပြောတာတွေကအမှန်တွေပါ..ညီမလေးတို့..သူ့ခေါင်းကိုထိထားတာကြောင့်အတိတ်မေ့နေတာပါ" ဟုငိုပြီးပြောနေတဲ့..နန်းကြောင့်လူကြီးတွေရော..လျန့်ရဲ့သူငယ်ချင်းတွေပါ..နန်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေကြသည်..

သူတို့အားလုံးကိုကြည့်ပြီး..လျန်လည်းဘာမှမတတ်နိုင်ပေ....အခုချိန်မှာလျန့်ကိုလုပ်ကြံတဲ့တရားခံအစစ်ကိုဖော်ထုတ်နိုင်ဖို့ကအဓိကဖြစ်ပေသည်...

လျန့်သူငယ်ချင်းတွေပြန်သွားပြီးနောက်....မိဘတွေကို

"ဖေဖေ.မေမေ..အန်ကယ်လ်နဲ့အန်တီဆွေးတို့ကို..နန်းပြောစရာရှိလို့"

"ဘာများလဲ...သမီး...ပြောလေ"

လျန့်လက်ကိုဆုပ်ကိုင်လိုက်ပြီး
"သမီးမှာ..ကိုယ်ဝန်ရှိနေပြီ" ဟုဆိုကာ..မျက်နှာအောက်ငုံ့ကာရှက်နေသည်..

ရှက်နေတဲ့ဇနီးဖြစ်သူကိုကြည့်ပြီး..အရင်တုန်းကလို..အတိုင်းဆိုရင်..ရင်ခွင်ထဲထည့်ပြီး..နမ်းမိမှာအသေအချာပင်.အခုတော့ဟန်ဆောင်ထားနေရလို့..နမ်းချင်စိတ်ကိုထိန်းချုပ်ထားရခြင်းဖြစ်သည်..

နန်းရဲ့စကားကိုကြားတော့..

"ဟေ..တကယ်ပြောတာလားသမီး"

"ဟုတ်ကဲ့..သမီးမနေ့က သေချာအောင်စစ်ပြီးပါပြီ"

လူကြီးတွေအကုန်ဝမ်းသာသွားကြသည်...ထိုဝမ်းသာသူများတွင်အဆိုးဆုံးကတော့..နန်းရဲ့ဖေဖေနှင့်.လျန့်ရဲ့ဖေဖေတို့နှစ်ဦးပင်ဖြစ်သည်

အချစ်များစွာယူ Where stories live. Discover now