Part 21

1.3K 89 7
                                    

"Jeon ကိုယ် ဒီတပတ် အလုပ်ကိစ္စ တခုနဲ့ ခရီးသွားစရာ​လေး ရှိတယ် "

"ဘယ်သွားမာလဲ ဘယ်သူနဲ့သွားမာလဲ"

"ကိုယ့်ငယ်ငယ်က​နေခဲ့တဲ့ ဘူဆန်ကို သွားမာ
တ​ယောက်တည်းပဲ သွားမာ Jeon
၃ ၄ ရက်​တော့ ကြာမယ် ကိုယ် အာဂျူမားကို ​ပြောခဲ့တယ် ​နော် Jeon အကြိုက် ဟင်း​တွေပဲ ချက်​​ကျွေးဖို့"

"ရပါတယ် ကျွန်​တော်က ဘာဖစ်ဖစ် စားတတ်တယ် "
လို့ ​​ပြောပီး အခန်းထဲက​နေ ထွက်ဖို့ အလုပ်
​ခါးကို ဖက်တွယ်ထားတဲ့ လက်​သေး​သေး တစုံ ​ကြောင့် Jeon တ​ယောက် ရုတ်တရက် လန့်သွားမိတာ အမှန်ပဲ

"ဘာလုပ်တာလဲ"

"ခန​လေးပါ Jeon ရယ် ဒီတိုင်း​လေး ခန​လေးပဲ ​နေ
ခွင့်​ပေးပါ  ကိုယ့်အတွက် ဒီ​ပွေ့ဖက်မှုက အား​ဆေး​လေး တခွက် မို့လို့ပါ ကိုယ်နည်းနည်း​ကြောက်​နေမိလို့ပါ
ဒါ​ပေမဲ့ ခုလို Jeon ကို ဖက်လိုက်ရ​တော့ အ​ကြောက်နည်းနည်း​တော့ ​ပြေသွားသလိုပဲ "

"ခင်ဗျား ဘာ​တွေ လာ​ပြော​နေတာလဲ "

"ရပါတယ် jeon နားမလည်ဘဲ တခုပဲ ကိုယ် Jeon ကို အရမ်းချစ်တယ် ဆိုတာ​​တော့ သိထား​ပေးပါ​နော်
ကိုယ် မင်းကို ကိုယ့်အသက်ထက် ပိုချစ်တယ် Jeon"

ရုတ်တရက်ကြီးခါးကိုလာဖက်ပီး ​​ပြောလာတဲ့ Park Jimin စကား​တွေ​ကြောင့် ရင်ဘတ်ထဲက အမည်မသိ လှိုင်း​တွေ ဖြတ်သွားပီး ရင်ခုန်သံ​တွေကလဲမြန်လာခဲ့တယ်

အချိန်ခန​လောက်ကြာသွား​တော့ ဖြုတ်ချသွားခဲ့တဲ့ လက်က​လေးတစုံ

"ရပီလား ကျွန်​တော် သွားစရာရှိလို့ သွား​တော့မယ် "

"​ကျေးဇူးတင်ပါတယ် Jeon ရယ် "

"ရတယ် မလိုဘူး " ​ပြောပီး ထွက်သွား​လေရဲ့

ထွက်သွားတဲ့ ​ကျောပြင်ကျယ်ကြီးကို ကြည့်ရင်း ရင်ဘတ်ထဲမာ ဝမ်းနည်းဝမ်းသာ ဖစ်​နေမိတယ်
ဝမ်းနည်းမိတာက ဒီခွဲစိတ်မှုကို ​ကြောက်​နေခဲ့လို့ ဖစ်ပီး
ဝမ်းသာခဲ့တာက​တော့ ဒီခွဲစိတ်မှုသာ ​အောင်မြင်သွားရင် Jeon အတွက် မိသားစုဘဝ​လေး ဖန်တီး​ပေးနိုင်​တော့မာကို ​တွေးပီး ​ဝမ်းသာ​နေခဲ့မိတယ်

JeonWhere stories live. Discover now