Part 33

1.5K 101 22
                                    

အဒေါ်ကြီးလဲ အကိုလေး Jimin ကို အပေါ်ထပ်ကို သေချာ
တွဲပို့ပီး  ကုတင်ပေါ်မာ သေချာ နေရာချပေးပီးတော့မှ
ဆရာဝန်ဆီကို ဖုန်းဆက်ရတယ်
ဟိုတခါအကိုလေး Jimin ဆေးရုံတက်တုန်းက ကုပေးတဲ့ ဆရာဝန်လေးကပဲ ခုထိ တာဝန်ယူပီး လာကြည့်ပေးနေတုန်းပဲ
ဆရာဝန်ကို ဖုန်းဆက်ပီး ကုတင်ပေါ်ကို ကြည့်လိုက်တော့
ကုတင်ပေါ်မာ မျက်လုံးလေးမှိတ်ပီး အိပ်နေတဲ့ကောင်လေးကို တွေ့တော့ ကရုဏာသက်ရပြန်တယ်
ဒီကောင်လေးက တကယ့်ကို ချစ်တတ်ရှာတယ်

ဖုန်းဆက်ပီး နာရီဝက်လောက်အကြာမာ ဆရာဝန်လေး ရောက်လာပီး သေချာစမ်းသပ်ပီး ကလေးလေးဘာမှမဖစ်တာ သေချာမှ
အကိုလေး jiminမျက်နှာလေးက နည်းနည်းလေး
အဆင်ပြေသွားတော့တယ်

"Jimin အကို ဘာပြောထားလဲ  ကိုယ်ဝန်ကို သေချာဂရုစိုက်ရမယ်ဆိုပီး ပြောထားတယ်မလား
ယောကျာ်းလေးတယောက်က ပိုပီးတော့တောင် ဂရုစိုက်ရမယ်ဆိုပီး ပြောထားတယ်မလား  သေချာလေး ဂရုစိုက်ပါ Jimin ရာ"

"ဟုတ် အကို ကျွန်တော်ပိုဂရုစိုက်ပါ့မယ် "

ဆရာဝန်အကိုနဲ့ သူနဲ့က အသက်သိပ်မကွာလို့ စကားပြောရတာ အဆင်ပြေတယ် ပီးတော့ အကိုတယောက်လို တခါတလေ ဆူတာမျိုး ရှိပေမဲ့ ညီအကို မောင်နှမ မရှိတဲ့ သူ့အတွက်တော့ အကိုတယောက် ရလိုက်သလိုပဲ

"အဲဒါဆို အကို ပြန်တော့မယ်  Jimin တခုခုဆို ဖုန်းဆက်နော်"

"ဟုတ် "

ဟိုတခါဆေးရုံကဆင်းတည်းက မိသားစုဆရာဝန်လို ဖစ်လာခဲ့ပေမဲ့ ဒီကောင်လေးက သိပ်သနားဖို့ကောင်းသလို ချစ်ဖို့လဲကောင်းတယ်
ညီလေးတ‌ယောက် ကောက်ရ‌လိုက်သလိုပဲ
သူ့ခင်ပွန်းအတွက်ဆိုပီး ကိုယ်ဝန်ယူဖို့ တွေးတယ်ဆိုကတည်းက ဘယ်လောက်ချစ်လဲဆိုတာ တွေးကြည့်စရာတောင်မလိုဘူး
ယောကျာ်းလေး မို့ အသက်အန္တရာယ်ရှိပါတယ်လို့ပြောလဲ
သူ့ခင်ပွန်းအတွက် မိသားစုဘဝလေး ဖန်တီးပေးချင်လွန်းလို့ပါ ဆိုတဲ့ စကားကြောင့် ဒီကောင်လေး သူ့ခင်ပွန်းကိုဘယ်လောက်ချစ်ကြောင်းသိခွင့်ရလိုက်တယ်

"အဒေါ်ရေ အကို ကို့ အောက်ထပ်ကိုလိုက်ပို့ပေးလိုက်ပါအုန်း "

JeonWhere stories live. Discover now