Part 39

1.6K 136 20
                                    

Jung Kook လဲ အတွင်းရေးမှူးကောင်းမှုနဲ့ ဘူဆန်ကို ရောက်လာရတော့တယ်
ဈေးပိုပေးပီး ရအောင်ညှိ လို့ အတွင်းရေးမှူးကို ပြောလဲ သူဘယ်လိုမှ မတတ်သာလို့ ကိုယ်တိုင် သွားပေးပါလို့ ‌တောင်းတောင်းပန်ပန်ပြောလာတော့လဲ ပိုင်ရှင်နဲ့ တွေ့ဖို့ ဆိုးလ်ကနေ ရောက်လာရတော့တာပဲ
အတွင်းရေးမှူးလဲ အတူတူ လိုက်ဖို့ စီစဉ်ပီးမှ ဆိုးလ်ရဲ့ ဆောက်လုပ်ရေးမာ ပြသနာတခုဖြစ်လို့ အတွင်းရေးမှူးက ကျန်ခဲ့ပီး သူတယောက်ပဲ ထွက်လာခဲ့ရတော့တာပေါ့
ပြောသာပြောတာ ဒီအတွင်းရေးမှူးက တကယ့်ကို တော်တာ
နေရာတကာ လိုက်ပြောနေစရာမလိုဘဲ အလိုက်လဲသိတယ် မျက်နှာလဲ လွဲလို့ရတော့အလုပ်မာ စိတ်ချရတာပေါ့

အတွင်းရေးမှူးပြောတဲ့ ခြံပိုင်ရှင်နဲ့ တွေ့ပီး မနည်းညှိယူလိုက်ရတယ် အချိန် 2 နာရီလောက်ကြာအောင် ပြောဆိုပီးမှ ပိုင်ရှင်ကအဖိုးဆီက ခွင့်ပြုချက်ရခဲ့တာ
တော်ကြာ အဖိုးက စိတ်တမျိုးထပ်ပြောင်းမာစိုးလို့ စိတ်မပြောင်းခင် ရောင်းချင်စိတ်လေး ရှိနေတုန်းလေ အရောင်းအဝယ်ဖစ်တာ သေချာအောင်
တခါတည်း စာချုပ်ချုပ်ပီး လက်မှတ်ပါ ထိုးလိုက်ရတယ်

တော်သေးတာက ဒီမြေကွက်ကို သူရလိုက်လို့
ဒီနေရာမာ shopping mall ဆောက်ပီး ဆိုင်ခန်းတွေဖွင့်ဖို့တောင် အကုန်စီစဉ်ပီးနေတော့ ဒီမြေကွက်ကို ရလိုက်တာက တော်သေးတယ်ပဲ ပြောရမယ်
Hyung က အလုပ်တွေကို ဘယ်လိုလုပ်သွားလဲဆိုတာ သိတော့ သိချင်သား
စာရင်းဇယားတွေရယ် ရင်းနှီးမြှပ်နှံမှုတွေရယ် အပြိုင်အဆိုင်တွေကြားမာ နေရာတာ ဘယ်‌လောက်ခက်ခဲတယ်ဆိုတာ သူ့လက်တွေ့လေ
Hyung တုန်းကဆို အလုပ်လဲ လုပ် ပီးရင် အိမ်ပြန်လာရင်ဘသူရစ်သမျှ နှောင့်ယှက်သမျှ အကုန်လိုက်ရှင်းပေး ပီးရင် သူ့အတွက် ဟင်းပါချက်ပေး တခါတလေ သူတောင်းဆိုသမျှ ကိုလဲ ပင်ပန်းနေတောင်ဖြည့်ဆည်းပေးနဲ့ ဒါတောင် အပြုံးမပျက်ဘူး
အဲတုန်းက သူ့ကို သွားပီး ပြောလိုက်ချင်တယ် မင်းလုပ်ရပ်တွေကြောင့် ခုငါခံစားနေရတယ်လို့ ဒါပေမဲ့ ခက်တာက တယောက်တည်းဖစ်နေလို့ပဲ

ခုချိန် hyung ကိုတွေ့ရင် အရင်ကအပြစ်တွေအတွက်ပါပေါင်းပီး အတိုးချပီးချစ်ပေးမာ
အဲဒါကြောင့်‌လေ ကျွန်တော့်ကို ဒီလောက်ပဲ အပြစ်ပေးပါတော့
ကျေးဇူးပြုပီး ပုန်းမနေပါနဲ့တော့
ကျွန်တော်တို့ ပြန်တွေ့ရင် hyung ကိုရော ကျွန်တော့်ကလေးလေးကိုပါ ကျွန်တော်က အတိုးချပီး ချစ်ပေးမာ
သတိရတယ် hyung ရယ်

JeonWhere stories live. Discover now