Part 23

1.4K 105 3
                                    

Jimin တယောက် Jeon အတွက် ညစာချက်နေတုန်း
သူ့အတွင်းရေးမှူးဆီက ဖုန်းလာတော့
"Hello"

"CEO Jimin ကျွန်တော် အမေ့ နေသိပ်မကောင်းလို့ CEO. Joon နဲ့ သွားတွေ့ဖို့က အဆင်‌မပြေလောက်ဘူးထင်တယ်
အမေ့ကို တယောက်တည်းဆေးရုံမာ ထားခဲ့ဖို့က စိတ်မချလို့ပါ"

"ရတယ်လေ အမေဆိုတာ အစားထိုးလို့ ရတဲ့အရာ မဟုတ်ဘူး
အန်တီအနားမာ နေပီး သေချာ ပြုစုပေးလိုက်ပါ
ကိုယ်သွားတွေ့လိုက်မယ် CEO Joonကို "

"ဟုတ် ကျေးဇူးပါဗျ့"

"ခနလေး "
ရုတ်တရက် CEO Jimin စီက ခနလေး ပြောသံကြားတော့
တအားလန့်သွားမိတာပဲ

"ကိုယ် အန်တီကို သေချာပြုစုလို့ရအောင် ခွင့် ၁ပတ် ပေးလိုက်မယ်နော်
ပီးတော့ ဝမ်သိန်း ၃၀ မင်းအကောင့်ထဲ လွှဲလိုက်မယ်နော် "

"ဗျာ..."
(ကျွန်တော်က သူဒုက္ခရောက်အောင် လုပ်နေရပေမဲ့ သူက ကျွန်တော့်အမေအတွက် ခုလို တွေးပေးတော့ စိတ်ထဲ အပြစ်ရှိသလိုပါ ခံစားရတယ်)

"အဲဒါဆို ဒါပဲနော် ကိုယ် CEO Joon ကို သွားတွေ့လိုက်အုန်းမယ်"

Jimin သူ့အတွင်းရေးမှူးနဲ့စကားပြောပီး CEO Joon နဲ့ သွားတွေ့ဖို့ ‌အကြောင်းတွေးမိသွားတော့ စိုးရိမ်စိတ်လေး‌ဖစ်လာမိတယ် ဘာလို့ အဲလိုခံစားမိတာလဲတော့ သူလဲမသိ
မသွားခင်လေး Jeon အတွက် Jeon အကြိုက် ညစာလေးတွေ ချက်ပေးနေမိတယ်

ညစာအတွက်ပြင်ဆင်လို့ပီးတော့ ရေမိုးချိုး အဝတ်အစားလဲပီး
CEO Joon နဲ့တွေ့ဖို့ ‌အိမ်အောက်ထပ်ကို ဆင်းလာခဲ့လိုက်တယ်
Jeonကတော့ ရေချိုးပီးကတည်းက အပြင်ထွက်သွားလိုက်တာ ဘယ်ရောက်နေလဲမသိ

"အာဂျီမားရေ Jeon ပြန်လာရင် သူ့အတွက် ညစာပြင်ပေးထားတယ်လို့ ပြောပေးပါအုန်း "

မသွားခင်  Jeon စီကို ဖုန်းဆက်ပေမဲ့ မကိုင်တာကြောင့်
ဘယ်သွားမလဲ မပြောဖစ်ခဲ့ဘူး

ကားလေးမောင်းပီး Jimin ထွက်သွားတော့
ခြံထဲကို ပြိုင်ကားနီနီလေး ဝင်လာတယ်
Jeon က ပြိုင်ကားစီးချငိလွန်းတယ်ဆိုလို့ Jimin က daddy ကို မရရအောင် အတိုက်အခံပြောပီး ဝယ်ပေးထားတဲ့ ပြိုင်ကားအနီရောင်လေးပေါ့
Jeon ဖစ်ချင်တာ မှန်သမျှကို ဖြည့်စည်းပေးဖို့ ခေါင်းထဲမာ ရှိတဲ့ကောင်လေးက အချစ်သိပ်ကြီးလွန်းတယ်

JeonWhere stories live. Discover now