Part 34

1.7K 119 27
                                    

Jimin အခန်းတံခါးကို မှီနေတုန်း ဖုန်းသံကြားတာကြောင့် ကြည့်လိုက်တော့ အမည်မသိဖုန်းနံပါတ် တခု
ခုနောက်ပိုင်း သူစိမ်းဖုန်းဆို မကိုင်ဖစ်တာတွေကြောင့် ဒီတခါလဲ မကိုင်ဘူးလို့ တွေးနေစဉ်မာတင် အဲ့နံပါတ်ကပဲ ပို့လာတဲ့ ဓာတ်ပုံ‌ကြောင့် သူမျက်ရည်မဆည်နိုင်ဖစ်သွားရတယ်
Jungkook နဲ့ Lee honey လို့ခေါ်တဲ့ မိန်းကလေးတယောက်ပုံတွေ ပုံတိုင်းမာ ‌ပျော်နေမှန်းသိသာလွန်းတဲ့ Jeon ရဲ့ အပြုံးတွေက ကိုယ့်ကိုသေစေလောက်တယ်

ကိုယ်နဲ့ဆို အပြင်တခါသွားဖို့ မနည်းခေါ်ရတဲ့ Jeon က ဒီကောင်မလေးရဲ့ လက်ကို တွဲပီးလမ်းလျောက်နေတာများ သိပ်ကို ပျော်နေသလိုမျိုးပဲ
ကိုယ်နဲ့သာဆို လက်ကလေးကိုင်ဖို့ နေနေသာသာ အမှတ်တမဲ့ လက်ချင်းထိမိရင်တော့ ဟန်တောင် မဆောင်နိုင် မျက်နှာပျက်သွားတတ်တဲ့ သူမှ ဟုတ်ရဲ့လားလို့တွေးနေတယ်
သူ့သူငယ်ချင်းတွေရှေ့ သူ့အသိတွေရှေ့မာဆို နှိမ်ပြောတတ်တဲ့ သူက ခု Lee honey လက်ကို တွဲပီး ပတ်ဝန်းကျင်ကို
ဂရုမစိုက်ပါလား
သူမနဲ့ မနက်စာအတူတူ စားဖို့အတွက် ကိုယ် ပစ်ကျသွားတာကိုတောင် လှည့်မကြည့်နိုင်ဘဲ ထွက်သွားခဲ့သူ
ဟား တရားကျဖို့ကောင်းလိုက်တာ Jeon ရာ

ပုံတွေကြည့်နေတုန်း အဲ့နံပါတ်ကပဲ ဖုန်းထည့်ခေါ်တော့
ဒီတခါတော့ ကိုင်လိုက်တော့
"Hello "

"Hi "

"ဘယ်သူလဲ ဘာလို့ ဒီပုံတွေလာပို့နေရတာလဲ "

"Park Jimin shii ကျွန်မ honey ပါ "

"ဒီမာ မင်း ဘာရည်ရွယ်ချက်နဲ့ ဒီပုံတွေ ရိုက်ထားရတာလဲ
Jeon Jung Kook က ခုလက်ရှိမာ ကျွန်တော့်ရဲ့ တရားဝင် ယောကျာ်း ပါ
မင်းလို မကောင်းတဲ့ မိန်းမမျိုးနဲ့ ပုံတွေ ဘာလို့ လာပို့နေတာလဲ"

" ခုထိ ရှင့် ယောကျာ်းဘက်က ကာပေးနေတုန်းလား
အဲ့မကောင်းတဲ့ မိန်းမကိုပဲ ရှင့်အကောင်က ကြိုက်တာဆိုတာ ရှင် သိသင့်တယ် "

"ဒီမာlee honey မင်းက မိန်းကလေးနော် မိန်းကလေးတန်မဲ့ ဒီလိုပုံတွေ လာပို့ရဲတဲ့ သတ္တိကိုတော့ လေးစားတယ် ပီးတော့ ပြောရအုန်းမယ်
Jeon Jung Kook ဆိုတာ ကျွန်တော်ချစ်လို့ ယူထားတဲ့
ကျွ‌န်တော့် တရားဝင် ယောကျာ်း
ကျွန်တော့်ယောကျာ်း သိက္ခာကျမဲ့ ကိစ္စမျိုးဆို ကျွန်တော့်ဘက်က ကာ‌ကွယ်ပေးရမာပဲ"

JeonWhere stories live. Discover now