Part 42

1.5K 113 14
                                    

နေ့တိုင်း ‌ခြံရှေ့ကို ရောက်ရောက်လာတတ်တဲ့ ကျူးလစ်အဖြူရောင်လေးတွေနဲ့ နွားနို့ဘူးတွေကြည့်ပီး အတွေးတွေက ယောက်ယက်ခတ်နေပီ
ဘယ်သူလာထားလဲဆိုတာ မျက်စိနဲ့ ကိုယ်တိုင်ကိုယ်ကျမတွေ့လဲ
သူရဲ့စိတ်ထဲက ‌သိနေတယ်
သူ ဆိုတာကို
ကျူးလစ်ပန်းလေးတွေက တောင်းပန်ခြင်းဆိုတာ ကိုယ်သိနေပေမဲ့ မယုံရဲဘူး Jeon
မင်းရဲ့စကားတွေရော မင်းကိုရော မယုံနိုင်သေးဘူး
အချိန်တန်ရင် မင်းက အရင်တိုင်းပဲ ဖစ်သွားလိမ့်မယ်လို့တွေးနေမိတာ ကိုယ်မှားလား

သားလေးနဲ့အတူ ကော်ဖီဆိုင်သွားပီဆို နောက်ကနေ တကောက်ကောက်လိုက်တာလဲ သိတယ်
ဆိုင်ကိုရောက်ပီဆိုလဲ ကော်ဖီတခွက်မှာပီး သူ့ကို အမြဲကြည့်နေတာလဲ သိတယ်
တခါတလေ သားလေးနဲ့ အတူတူ စကားတွေပြော ဆော့တာကိုလဲ သိပေမဲ့ ဘာမှဝင်မပြောဖစ်ဘူးရယ်
သူ့မာလဲ သားလေးနဲ့ ဆော့ပိုင်ခွင့် စကားပြောပိုင်ခွင့်ရှိတယ်လေ
သား‌လေးကိုယ်တိုင်ကလဲ သူ့ကိုခင်တွယ်နေတော့ လဲ သူလဲမတတ်နိုင်ဘူးလေ

"သားသားရေ ထတော့လေ ကွယ်
ပါးပါးတို့ ဆိုင်သွားဖွင့်ကြမယ်လေ"

"ဟင့် ပါးပါး တားအိပ်ချင်သေးတယ် "

"ပါးပါးသားလေးက အိပ်ရေးမဝသေးဘူးလား
အဲဒါဆို ခနလေးဆက်အိပ်လိုက်လေ
ပါးပါးရေအရင်ချိုးပီး မနက်စာစားဖို့ ပြင်ထားလိုက်မယ်နော်"

"ဟုတ် "

ရေမိုးချိုးပီး သားသားကို သွားနိုးတော့ ထလာတဲ့သားသားပုံလေးက နုံးနေသလိုမျိုး

"သားသား နေမကောင်းဘူးလား
အသားလေးတွေက နွေးချင်နေသလိုပဲ "

"တား နေကောင်းတယ် တားအိပ်ချင်နေတာ "

"ဟုတ်ပါပီ အဲဒါဆို ဒီနေ့ ပါးပါးတို့ ဆိုင်မသွားတော့ဘူးနော်
သားသားက အိပ်ရေးဝအောင်အိပ်
ပါးပါးက သားအတွက် ကြက်သားဆန်ပြုတ်လေး ပြုတ်ပေးမယ်နော်"

"ဟုတ် "
ဆိုပီး မျက်နှာငယ်လေးနဲ့ ပြန်အိပ်သွားတဲ့ သားလေးကို ကြည့်ပီး စိတ်မကောင်းမှုက အလုံးအရင်း
သားလေးက သန္ဓေတအားကောင်းတာ
‌သူနေမကောင်းပီဆိုလဲ ချွဲရုံလေးကပ်ချွဲတာ

JeonWhere stories live. Discover now