ဥက္ကဌ Jeon လဲ တာဝန်ကျ ဆရာဝန်နဲ့ စကားပြောအပီး Jimin ကို ကြည့်ဖို့အတွက် အခန်းထဲအဝင်
လက်ထဲက ဖုန်းက မြည်လာခဲ့တယ်တီ တီ တီ
Jimin နိုးသွားမာစိုးလို့ ဖုန်းကိုမကိုင်ပဲ ချပစ်ဖို့ လုပ်ကာမှ
မြင်လိုက်ရတဲ့ contact name ကြောင့် ကိုင်လိုက်ရတယ်
"ဟေ့ကောင် မင်းဘယ်မာလဲ""အာ daddy ကလဲ အော်ဖို့ ဆိုတာချည်းပဲ ဖုန်းခေါ်ထားတာ တွေ့လို့ ပြန်ခေါ်လိုက်တာ"
"ခုချက်ချင်း ရောက်ရာနေရာကနေ ပြန်လာခဲ့ ဟေ့ကောင် ဒီမာ သားလေး ဆေးရုံတက်နေရတယ်"
"Daddy မာ သားက ဘယ်နယောက်ရှိတာလဲ ကျွန်တော့်အပြင် ထပ်ရှိသေးတာလား "
"ဟေ့ကောင် မင်းလူလို သိတတ်ရင် ပြန်လာခဲ့ဖို့ကောင်းတယ်
ဒီမာက သားကခုထိ သတိမရသေးဘူး""ခု ပြန်လာခဲ့မယ် daddyရယ် ကျွန်တော် စိတ်တွေရှုပ်နေတယ် daddy နဲ့ပါ ထပ်ပီး စကားမများချင်ဘူး "
"မြန်မြန်သာ ပြန်လာခဲ့ ဟန်ဆောင်းဆေးရုံကို မြန်မြန်လာခဲ့ မင်းအတွက် သတင်းကောင်းရှိတယ် "
"ဘာသတင်းကောင်းလဲ ကျွန်တော့်အတွက် company ကို လွဲပေးတော့မလို့လား daddy "
"လွဲပေးရအောင် မင်းက ခုထိ ဒီ company အတွက် ဘာအားကိုးရလို့လဲ Jimin လေး ရှိနေလို့သာ ငါသက်သာနေတာ
ငါလဲ အသက်ကြီးပီ ဟေ့ကောင် မိသားစုနဲ့ အေးအေးချမ်းချမ်းလေး ပဲ နေချင်တော့တယ်
စီးဟွးရေး တွေ မလုပ်တော့ပဲ""ကျွန်တော်ကို သူနဲ့ လာမနှိုင်းနဲ့ ကျွန်တော် မကြိုက်ဘူး"
"မင်းအရင်စပြောလို့ ငါက အကြောင်းအကျိုး ပြန်ပြောနေရတာလေ ဟေ့ကောင် ပြောနေ ကြာတယ် ခုချက်ချင်း ထွက်လာခဲ့ ဟေ့ကောင် ရောက်ရာ အရပ်ကနေ မြန်မြန်လာခဲ့"
"ခုထွက်လာပီ "
Jung Kook နဲ့ ဖုန်းပြောပီး Jimin အခန်းထဲ ဝင်သွားတော့
လူနာကုတင်လေးပေါ်မာ မျက်နှာလေး ဖြူဖပ်ဖြူရော်နဲ့ လှဲနေတာကို မြင်ပီး စိတ်ထဲ ဝမ်းနည်းလာမိတယ်
ခုနက ဆရာဝန်ပြောလိုက်တဲ့ အကြောင်းအရာတွေကို တွေးမိပီး
မြေးလေးရတော့မာလား ဆိုပီး ပျော်နေတဲ့စိတ်က တဖက်
Jimin လေးအတွက် စိတ်ပူတာကတဖက်နဲ့ အတွေးလွန်နေမိတာ အဒေါ်ကြီးရဲ့ ခေါ်သံမကြားခင် အထိပဲ