Part 40

1.7K 122 17
                                    

"Hyung"

"ဧည့်သည် လူမှားနေတယ် ထင်ပါရဲ့
ကျွန်တော့်သားလေးကြောင့် စိတ်အနှောင့်အယှက်ဖစ်သွားရင် တောင်းပန်ပါတယ် "

"ဒါ hyung တယောက်တည်းရဲ့ သားမှ မဟုတ်တာ
ကျွန်တော်နဲ့ hyung ရဲ့ သွေးသားလေ"
ရှေ့ကနေပြောချင်တာတွေ ပြောနေတဲ့လူကြောင့်
ကိုယ်တို့၂ယောက်ကို ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်
လုပ်နေတဲ့ သားလေးကြောင့် ဆိုင်က ဝန်ထမ်းတယောက်ကိုခေါ်ပီး သားလေးကို ခနထိန်းခိုင်းလိုက်ရတယ်

"ဧည့်သည် ကျေးဇူးပြုပြီး လက်ကို လွှတ်ပေးပါ "

လက်ကောက်ဝတ်က်ကိုဆွဲထားပီး ပြောချင်ရာတွေ ပြောနေတဲ့သူကို ဖစ်နိုင်ရင် ဖက်ပီး ငိုချင်တာပေါ့
ဒါပေမဲ့ အဲလိုလုပ်ခွင့်မှ မရှိတော့တာ
သူနဲ့ ကိုယ်နဲ့ဆိုတာက ဆိုင်မှမဆိုင်တော့တာ
သူ့မာလဲ သူချစ်ရတဲ့မိန်းကလေးနဲ့ သူ့ lifestyle နဲ့
ကိုယ့်မာလဲ ကိုယ့်ဘဝနဲ့ ကိုယ်
ဒီအတိုင်းလေးပဲ ကောင်းပါတယ်
ဒီတိုင်း ကိုယ်တို့က သူစိမ်းတွေလေ တခါမှ မသိဖူးတဲ့သူတွေလိုပဲ နေကြရအောင် Jeon
Jeon လို့တောင် ခေါ်ခွင့်မရှိတော့ပေမယ့်ပေါ့

"Hyung ရယ် မလွှတ်ပါရစေနဲ့
ကျွန်တော် ကျွန်တော် တောင်းပန်ပါတယ် "

"လူမှားနေတယ်လို့ပြောနေတယ်လေ ဧည့်သည်"

"အဲလို စိမ်းစိမ်းကားကားတွေမပြောပါနဲ့
ကျွန်တော် ရင်တွေနာလွန်းလို့ပါ"

"လွှတ်ပါ ကိုယ့်ကပဲ ပြန်တောင်းပန်ပါတယ်
ဒါ ကိုယ်နေတဲ့ ပတ်ဝန်းကျင် "

"ဟုတ် လွှတ်ဆို လွှတ်ပါ့မယ်နော်
ဒါပေမဲ့ ကျွန်တော့်ကို စကားပြောခွင့်လေးတော့ ပေးပါနော် "

"မင်းအရင်ဆုံးလွှတ်
ပီးရင်စကားပြောကြတာပေါ့"

"Hyung ကျွန်တော် တောင်းပန်ပါတယ် ကျွန်တော် ကျွန်တော်လေ မှားမှန်းသိပါပီ ကျွန်တော့်ကိုလေ ခွင့်လွှတ်ပါနော် ကျွန်တော့်ကို ပြန်လက်ခံပေးပါနော် ကျွန်တော်လေ hyung ကိုလိုက်ရှာနေတာ hyung ထွက်သွားပီးကတည်းက
ဒါပေမဲ့ ပြည်ပကိုပဲ ပိုအားစိုက်ရှာဖစ်တော့ ပြည်တွင်းကို အဲလောက်မရှာဖစ်ခဲ့ဘူး
ကျွန်တော်တောင်းပန်ပါတယ်
စောစောရှာတွေ့ စောစောလာပီး တောင်းပန်သင့်တာကို
ကျွန်တော့်အပြစ်တွေပါ"

JeonWhere stories live. Discover now