Part 38

1.5K 121 11
                                    

အရာအားလုံးလည်ပတ်နေပေမဲ့ ကံကြမ္မာဆိုတာကလဲ အခက်သား

"CEO Jeon ဘူဆန်မာ mall ဆောက်ဖို့ မြေနေရာကလေ
ရောင်းတဲ့သူက မရောင်းတော့ဘူးပြောနေလို့
ကျွန်တော်တို့ပေးထားတဲ့ စရံငွေကိုလဲ 2ဆ ပြန်ပေးမယ်တဲ့အဲ့နေရာကိုတော့ ဘယ်လိုပဲဖစ်ဖစ် မရောင်းနိုင်ဘူးတဲ့ "

စာရွက်စာတမ်းတွေကို စစ်ဆေးပီး လက်မှတ်ထိုးနေတုန်း
အတွင်းရေးမှူး ပြောလာတဲ့ စကားကြောင့် ဒေါသက ထောင်းခနဲ

"ဒီလိုလုပ်လို့ ဘယ်ဖစ်မလဲ အလုပ်လုပ်နေတာလေ ဆော့နေတာ မဟုတ်ဘူး
မရောင်းချင်ရင် စထဲက မရောင်းနဲ့လေ
ခုတော့ အကုန်လုံး စီစဉ်ပီးပီ "

"ဟုတ် ကျွန်တော် ကိုယ်တိုင် သွားညှိပေမဲ့လေ
ပိုင်ရှင်အဖိုးက မရောင်းချင်တော့ဘူးတဲ့
ဘယ်လောက်ညှိညှိ မရဘူး "

"ငွေပိုပေးလိုက် အရင်ဈေးထက် "

"ကျွန်တော် ငွေပိုပေးဖို့ စကားခေါ်ကြည့်သေးပေမဲ့လေ
သူ့ဘက်က ဘယ်လောက်ပိုပေးပေး မရောင်းတော့ဘူးပဲ ပြောနေလို့ "

"မင်းတို့ကလဲ အရာရာနဲ့အကြောင်းကြောင်း
မြေနေရာကို confirm အဆင်ပြေသွားလို့ လာမဲ့ အပတ်ထဲ ဆောက်လုပ်ရေးတောင် စတော့မှ ခုလို စိတ်ထဖောက်တော့ ဘာဆက်လုပ်ရမလဲ ဟမ်"

"ကျွန်တော် တောင်းပန်ပါတယ် "

"‌မင်းတောင်းပန်ရုံနဲ့ ပြသနာက မပြီးသွားဘူး
ဒါလေးတောင် မညှိနိုင်ရင်လဲ သွား အလုပ်ထွက်တော့
အကုန်စီစဉ်ပီးကာမှ နည်းနည်းလေးမှ အလွဲမခံနိုင်ဘူး
ဒီ mall အတွက် ဘယ်လောက် ရင်းနှီးထားလဲ မင်းအသိဆုံး
မပြေ ပြေအောင် ညှိ "

"ကျွန်တော့် တကယ့်ကို အတတ်နိုင်ဆုံး ညှိခဲ့တာပါ
CEO ကြီး ကိုယ်တိုင် သွားညှိရင် ရနိုင်လောက်မယ် "

"တောက် မင်းတို့ကတော့ ငါလုပ်ရင် သေတော့မယ်"

အကုန်လုံးအစီအစဉ်ဆွဲပီးသား နောက်တပတ်ဆို စဆောက်ဖို့ ရယ် အဲ့မာ ရောင်းဖို့အတွက် brand  တွေကိုလဲ အကုန် ဆက်သွယ်ပေးပီးခါမှ
အဲ့မြေနေရာက‌လဲ တော်တော် အဆင်ပြေတဲ့ နေရာမာ ရှိနေလို့ လက်လွတ်လဲ မခံနိုင်ဘူး
တကယ့်ကို အချက်အချာရှိတဲ့နေရာမာ ရှိလို့ အဲ့မြေကွက်ကို လက်လွတ်ဖို့ကို ဘယ်လိုမှ မဖစ်နိုင်တော့လဲ
အတွင်းရေးမှူးပြောသလို ကိုယ်တိုင် သွားညှိရတော့မာပေါ့

JeonWhere stories live. Discover now