Part 36#Uni

36 6 0
                                    

စိုင်း အရိပ်မှောင်စိတ်ကိုဘယ်လိုမှနားမလည်နိုင်အခုကြတမျိုးဘယ်အချိန်ဘယ်လိုထဖြစ်မလဲလဲမခန့်မှန်းတက်အခုလို
သူငိုတာမြင်ရတော့လဲရင်ဘက်တနေရာကနာသည်

စိုင်း မုန်းဖို့ကြိုးစားထိုလူဆီ၌လေညိ့တွယ်လေ....

ရဲနောင် တကိုယ်လုံးနာကျင်နေကာမျက်လုံးကိုဖြည်းဖြည်းဖွင့်ကြည့်လိုက်သည်အဖြူရောင်မျက်နှာကျက်
သူလက်ကိုကိုင်ကာအိပ်မော်ကျနေသော ကိုကို
~ဟမ် ကိုကို ကငါ့ကိုစောင့်ပေးနေတာလား~
ရဲနောင် အကျေနပ်ဆုံးအပြုံးကြီးပြုံးမိနေသည်

(ချစ်တယ် နောင် ဆိုတဲ့စကားလုံးလေးကိုသာကြားရရင်ဒီကလေး ခိုင်နိုင်ရည်ရှိပါ့မလားပဲ)

ရဲနောင် လက်တွေထုံနေသောလည်းလူပ်လဲမလူပ်ရဲ ကိုကို နိုးသွားမည်ဆိုးသည်ကြောင့်ပင်

ရဲနောင် seriousဖြစ်နေချိန်ကိုပင်အကြမ်းပတမ်းဖွင့်လာသောတံခါး
တပြိုင်နက်အထဲသို့၀င်လာသူ

စေတန် ခနအိပ်ပျော်သွားရာမှာ ဆူးညံလာသည့်အသံကြောင်နိုးလာသည်နှင့် သူကလေးကိုကြည့်ဖို့ရန်မမေ့ ထိုအခါသည်မှတော့သူကဲ့သို့ပင်သူကိုကြည့်နေသောနောင်
မျက်လုံးအိမ်မာဝေ့တက်လာသောအရာများနှင့်အတူ
"နောင်"

ရဲနောင် ကိုကိုကရုတ်တရက်မျက်ရည်များကျလာခါသူအား ရင်ခွင့်ထဲထည့်ကာလွမ်းဆွတ်စွာပွေ့ဖတ်လာသည်ကြောင့် ရဲနောင် တကိုယ့်လုံတောင့်ခဲသွားရသည်

"ကို..ကိုကို ဘာဖြစ်လို့လဲ"
ရဲနောင် ကိုကိုမျက်နှာအားလက်နှစ်ဖက်ဖြင့်အသာယာဖွကိုင်ခါခေါင်းကိုမော့စေပီးမေးလိုက်သည်
"ငါ...ငါ ဒီတိုင်း....."
'မင်း မနိုးလာတော့မှာကြောက်လို့'
ကိုကို အသံမှာအဖျာပိုင်းတွင်တိန်၀င်သွားသည်
ရဲနောက် အံ့လဲအံ့ဩသည်ပျော်လဲပျော်သည်
ကိုကို ဆိုသည့်လူသားမှာဘယ်သောအခါမှသူအားဂရုစိုက်မည်မဟုတ်ဟုသူထင်းထားခြင်းဖြစ်သည်
ခုမှာတော့ ကိုကို မဟုတ်သည့်အတိုင်းပင်ချစ်ဖို့ကောင်းလွန်းနေသည်
"ကိုကို မငိုနဲ့တော့ကျနော်က ကိုကို ပြန်မချစ်မခြင်းမသေဘူးထားမသွားဘူး"
ဟုပြောကာ ရဲနောင် ကိုကို မျက်ရည်များအားသုတ်ပေးနေသည်
"ငါ ဘယ်လောက်စိတ်ပူနေရလဲသိရဲ့လား မင်း!နောက်တခါဆို မင်းကိုငါအသေသတ်ပစ်မယ်"
"ကိုကို ပဲSirကိုဘာမှမဖြစ်စေနဲ့ဆို Sir တခုခုဖြစ်ရင်မင်းသေမယ်ဆိုလို့ ကျနော်က ကိုကို့စကားတခွန်းဆိုတခွန်းနားထောင်တဲ့ကောင်ပါ ခုကြ"
"ဟင်"
"ဆရာ နဲ့ပတ်သတ်နေတာလား"
"အင် ကိုကို မသိဘူးလား"
အဟမ့်!
ထိုအခါမှအရိပ်မှောင် ကရပ်ကြည့်နေရာမှသူတို့နားလျှောက်လာသည်
ထိုသို့မှမဟုတ်လဲသူရှိမည်ကိုသိကြမည်မထင်
"ငါ မင်းမှန်းမသိခဲ့ဘူး ရဲနောင် အဲဒါကြောင့်"
"ရပါတယ်sir ကျနော့်တာ၀န်ပါ"
စေတန် ကတော့အနဲငယ်ကြောင်အ နေသည်

သူမစဉ်းစားမိ ဟုတ်သည်အခြားသူကဆိုဆရာကဒီတိုင်းနေမည့်သူမှမဟုတ်ပဲ
စေတန် အတွေးကမ္ဘာထဲရောက်တုန်းပင်
"သွားတော့မယ် အိမ်မှာ မောင် တယောက်ထဲ"
"yes sir စိတ်မပူပါနဲ့ ကိုကို ရှိတာပဲ"
"မပူနေပါဘူး"
ရဲနောင် စွံ့အသွားရရှာသည်

ပြောခြင်တာပြောပီးလှည့်ပင်မကြည့်ထွက်သွားသူ

"မင်း သက်သာရဲ့လား"
"နောင် "
"ဟမ်"
"နောင် လို့ဘာလို့မခေါ်တော့တာလဲ"
"ဟမ့် ငါမခေါ်ပါဘူးမင်းနားကြားမှားတာဖြစ်မယ် ဟင်း"
"ကိုကို ညာတယ်ပေါ့"
"မ...မညာပါဘူးး"
"ရတယ်လေ အက်လိုဆိုလဲ"
ဆိုကာ လက်မှဆေးပိုက်များဖြုတ်တော့မည်လုပ်နေသည့်ကောင်ကြောင့် စေတန်အချိန်မှီအော်လိုက်ရသည်
"နောင် ရပ်စမ်း"
"အင်းဟုတ်တယ် အဲ့တိုင်းလေး အဲ့တိုင်းလေးပဲခေါ် ပေးပါ အရမ်းသဘောကျတယ်"

စေတန်လဲဘာမှပြောမနေခြင်တော့နိုင်မည်လဲမဟုတ်ပဲလေ ဒီကောင်လေးသတိရလာခါမှပိုအတင့်ရဲလာသလိုပင် ကို့အပစ်ကလဲမကင်းပဲလေသူရှေ့မှာမှသွားခေါ်မိရလေခြင်း

ရဲနောင်မှာတော့ အောင်နိုင်သူအပြုံးကြီးနဲ့ပင်

"ဗိုက်ဆာ‌ေနလား"
"ဟုတ်"
"ဘာစားခြင်လဲ"
"ကိုကို့ ဂို"
မအေဘေး*
"အကောင်းမေးနေတာ"
"ကိုကို ကလဲရတယ် ကိုကို အဆင်ပြေတာတခုခုပဲမှာလိုက်ပါ"
"အင်"

10min later
"ကြေးအိုးမှာထားတယ်"
"ကိုကို ကျနော့်ကိုပြန်မချစ်နိုင်ဘူးလား"
စေတန် တိတ်ဆိတ်သွားသည်ထိုအခန်းငယ်မှာလဲအပ်ကြသံပင်မကြားရသည်ထိတိတ်ဆိတ်သွားသည်

"ငါ... ကြေအိုးရ‌ေလာက်‌ေတာ့မယ်ထင်တယ်သွားကြည့်လိုက်အုံးမယ်"

ရဲနောင် ထကာသွားတော့မည့် ကိုကို့ လက်ကိုလှမ်းဆွဲထားလိုက်သည်

တဦးကတော့ထွက်သွားတော့မည်
‌နောက်တစ်ဦးမှာ‌ တော့အမိအရဆွဲကိုင်ထားသည်
ထိုလက်တွေကရောမြဲပါ့မလား....

"ကျနော်ကိုသေချာအဖြေတစ်ခုတော့ပေးပါ ကိုကို"

တစ်ယောက်မျက်လုံးတယောက်ကြည့်ကာနေသူနှစ်ဦးရဲ့မျက်၀န်းအိမ်ထဲများထဲတွင်တော့နာကျင်ခြင်းများကိန်းအောင်နေသည်ဆိုယုံမလား?

ငါ..မင်းကို............

Mg's my everything(Complete)Where stories live. Discover now