Part 37#Uni

47 7 0
                                    

"hello ဆရာ Mdyဘက်မှာပြသာနာတက်နေတယ်အဲဒါဆရာလာကြည့်မှအဆင်ပြေမယ်"
"Inn သိပီ"

အရိပ်မှောင်စိတ်ရူပ်ရူပ်နဲ့ဆံပင်ကိုသာထိုးဖွလိုက်သည်

သူလိုအိပ်ပင်ပြန်မနေတက်တဲ့ကောင်ကခုကိုပင်အိမ်မှအိမ်

အရိပ်မှောင်အိမ်ရောက်တော့လဲတအိမ်လံုးမှာတိတ်ဆိတ်နေသည်
~မောင် အိပ်နေပီထင်တယ်~
အရိပ်မှောင်လဲခြေသံဖွဖွဖြင့်သာအိမ်ပေါ်ကိုတက်သွားလိုက်သည်
အခန်းတံခါးကိုလဲအသာဖွင့်လိုက်သည်
ဟင်
မောင်!!
အရိပ်မှောင် အခန်းထဲမှာဘယ်သူမှမတွေ့သည်ကြောင့်
တုန်လူပ်သွားသည်
အောက်ထပ်ကိုပြန်ပေးပြေးဆင်းကာ

မောင် မောင်!!ကျနော်ခေါ်နေတယ်လေ!
အရိပ်မှောင်အသံကြောင့်အပြင်မှသူတွေလဲ၀င်လာသည်
"ဆရာ ဘာဖစ်လို့လဲ"
"မောင် မရှိတော့ဘူးရအောင်ရှာမတွေ့ရင်မင်းအားလုံးကိုငါကိုယ်တိုင်သတ်ပစ်မယ်!!
အရိပ်မှောင် ပုံစံမှာကလန့်စရာကောင်းနေလောက်အောင်အသိလွတ်နေသည်

ဘာတွေဖြစ်နေတာလဲ!
စိုင်း အော်သံကြောင့်အကုန်လုံးရဲ့မျက်လုံးများမှာမီးဖိုချောင်အခန်းပေါက်၀ရှိ စိုင်း ရှီကိုသာ
မောင်!
အရိပ်မှောင် စိုင်းကိုရင်ခွင်ထဲထည့်ကာလွတ်ထွက်သွားတော့မည်အလားတင်းကြပ်စွာပွေ့ဖက်ထားသည်
'မောင် သာမရှိတော့ရင်ကျနော်သေမှာ မောင်ရဲ့'
'ကျနော် တကယ်သေမှာ'
အသံမှာအနဲငယ်တုန်ယန်နေသည်ကို စိုင်းသတိထားမိသည်
စိုင်းလဲ ထိုကျောပြင်ကျယ်ကိုအသာယာဖွဖွဖက်ပေးထားလိုက်သည်
~ငါ အခုချိန်ထွက်သွားသေးမှာမဟုတ်လို့မင်းစိတ်ချနေလို့ရပါတယ် အရိပ်~
စိုင်း စိတ်ထဲမှသာရေရွတ်လိုက်သည်
'တော်သေးတာပေါ့ မောင် ကျနော့်အနားကမထွက်သွားလို့'
"အင်း"

"မင်းတို့သွားလို့ရပီ"
"ဟုတ် ဆရာ"

"မောင် ကျနော်ပြောစရာရှိတယ်"
"အင် ပြော"
"ကျနော် Mdyကိုအလုပ်ကိစ္စနဲ့သွားစရာရှိတယ်မောင်"
"အင်"
ပြန်လှည်ကာတိတ်ဆိတ်သွားသည်
ထိုတိတ်ဆိတ်မူကိုဖြိုခွင်းလိုက်သည်မှာ စိုင်း ၏စကားသံပင်
"ငါ လိုက်လို့ရမလား"
"ဘာလို့လဲ မောင်"
"ဒီမှာပဲနေရတာပြင်းတယ် မနေခြင်ဘူး"
"အဲဒါက မောင်..."
"ထားလိုက်တော့ ငါသိပီ"
"မဟုတ်..."
"ရတယ် ငါအဆင်ပြေတယ်"
"မောင် လိုက်ခဲ့ပါဒါမဲတရက်နှစ်ရက်တော့ Mdyကကျနော့်အိမ်မှာပဲနေလို့အဆင်ပြေမလား အဲ့ရက်ပီးရင်တော့ကျနော် မောင် သွားခြင်တဲ့နေရာတွေလိုက်ပို့ပေးမယ် မောင်"
"တကယ်လား "
"တကယ်ပါ"
"အေး အ၀တ်တွေသွားထည့်အုံးမယ်"

Mg's my everything(Complete)Where stories live. Discover now