Part 41#Uni

40 4 0
                                    

မနက်ရောက်တော့အရိပ်မှောင် ရင်ခွင်ထဲ စိုင်းကအလိုလိုရောက်နေသည်
စိုင်း လူပ်လိုက်တော့ အရိပ်မှောင်လဲနိုးလာကာ
"မောင် ဘာဖြစ်လို့လဲ"
"ငါ့တို့ Ygnပြန်ရအောင်"
"ဟင် ဘာလို့လဲ မောင်ပြန်ခြင်နေပီလား"
"အင်း"
"နောက်ရက်ကြပြန်ကြတာပေါ့"
"ဟင့်အင်း ဒီနေ့ပဲပြန်မယ်"
"မောင် ပင်ပန်းနေမှာပေါ့ဒီနေ့တန်းပြန်ရင်"
"ရတယ်"
"Omm prအဆိုလဲမောင့် သဘောဒီနေ့ပြန်ကြတာပေါ့"
မောင်ပြန်ခြင်သည်ဆိုသည်ကြောင့်
အရိပ်မှောင် လဲထပီးပစ္စည်းတွေသိမ်းကာလုပ်စရာရှိတာလုပ်ဖို့ပြင်လိုက်သည်
စိုင်းလဲကူဖို့ထရန်လုပ်လိုက်တော့အရိပ်မှောင်က
"မောင် ရတယ်ကျနော်လုပ်လိုက်မယ် မောင်ဒီတိုင်းပဲနေ"
စိုင်း ကိုပြောပီးတာနဲ့ရေချိုးခန်းထဲဝင်သွားသည်

စိုင်းထိုမိန်းကလေးရှိတဲ့နေရာမှာမနေခြင်တာကြောင့်ရန်ကုန်ပြန်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ထိုမိန်းကလေးနဲ့အရိပ် ရှိနေသည်ကိုသိရင်နဲ့ပင်သူ့ရင်ထဲအတိုင်းမသိပူလောင်သည်သူပင်ပန်းသည်ထို့ကြောင့်ဆက်မနေခြင်တော့ခြင်းပင်

စိုင်း ပင်ပန်းနေကာတကိုယ်လုံးလဲနာနေသည်ကြောင့်ပြန်သာအိပ်လိုက်သည်
အချိန်အနဲငယ်ကြာတော့စိုင်းနှစ်ခြိုက်စွာအိပ်ပျော်သွားသည်

အရိပ်မှောင် ရေချိုးပီးထွက်လာတော့ မောင် ကပြန်အိပ်နေသည်ကြောင့်အနားသွားကာ မောင့် နဖူးလေးကိုဖွဖွအနမ်းပေးလိုက်ခါ စောင်သေချာခြုံပေးလိုက်ပီး
သူလဲလုပ်စရာရှိတာဆက်လုပ်‌တော့သည်
အရိပ်မှောင် အထုပ်တွေထည့်ကာတဖြည်းဖြည်း
နေလည်ရောက်လာသည်ကြောင့် မောင့် အတွက်စွတ်ပြုတ်လုပ်ပေးဖို့အောက်ထပ်ဆင်းရပြန်သည်
မီးဖိုချောင်ထဲရောက်တော့လဲသူကိုယ်တိုင်သာအကုန်လုပ်သည် မောင့်အတွက်သာဆိုပင်ပန်းတယ်ရယ်လို့သူမှာမရှိ
အားလုံးပီးတော့အပေါ်ထပ်ကိုယူလာခဲ့လိုက်သည်
မောင် ကအိပ်နေဆဲမို့
"မောင် ထတော့လေ နေလည်ရောက်နေပီစွတ်ပြုတ်လေးစားလိုက်အုံး"
"အင်းး"
စိုင်း အပြင်းဆန့်လိုက်ပီး
ခနကြထလာလိုက်သည်
"စားလိုက်အုံးနော်"
"မျက်နှာသွားသစ်အုံးမယ်"
"လမ်းလျှောက်လို့ရလို့လား မောင်"
စိုင်း အရိပ်မှောင် ကိုမျက်စောင်းထိုးကာ"ရတယ်"
"ဟော ဟုတ်ပီ"
စိုင်း ထလိုက်တော့နာ‌နေကာယိုင်ခြင်ခြင်ဖြစ်နေသည်
"လာပါဗျာ ကျနော်ခေါ်သွားမယ်"ဆိုကာပြောလဲပြောလက်ကလဲစိုင်းကိုပွေ့ပီးသားပင်
ထိုသို့ဖြင့်ရေချိုးခန်းထဲရောက်လာတော့သည်
စိုင်း မျက်နှာသစ်သွားတိုက်ပီးတော့လဲ
ထိုအတိုင်းသာ အခန်းထဲအရိပ်မှောင်ကပြန်ခေါ်လာပီးသူကိုကုတင်ပေါ်ချပေးသည်
"မောင် ဒါလေးစားလိုက်"
အရိပ်မှောင် စွတ်ပြုတ်ကိုဇွန်နဲ့ခတ်ကာစိုင်းကိုခွံ့နေခြင်းပင်
ဒီလိုနဲ့အရိပ်မှောင်ယူလာတဲ့စွတ်ပြုတ်တပန်ကန်လုံး‌ကုန်စင်သွားသည်
အရိပ်မှောင် ကတော့မောင် အကုန်စားလိုက်တာကြောင့်ကျေနပ်နေသည်
" မောင် သ‌ွားမယ်ဆိုခုလောက်ထဲကထွက်မှအဆင်ပြေမှာ မောင်အဆင်ပြေရဲ့လား"
"ပြေတယ် သွားကြတာပေါ့"
"အင့်ပါ"
"အထုပ်တွေအကုန်ကားထဲရောက်နေပီ"
"အင် အဆိုသ‌ွားမယ်လေ"
"လာ မောင် ကျနော်ခေါ်သွားမယ်"
"ငါလျှောက်နိုင်တယ်"
"မောင် ဒီပုံစံနဲ့ဘယ်လိုလျှောက်မလို့လဲပြော"
"အဲဒါမင်းလုပ်လို့လေ သတောင်းစားရဲ့"
"ဟော အဲဒါကြောင့်ကျနော်ပွေ့မယ်ပြောတယ်လေဗျာ မောင်ပဲအပွေ့မခံခြင်ဘဲဖြစ်နေပီး"
"လာပါဗျာ ဆူပုတ်မနေနဲ"ဆိုကာအရိပ်မှောင် စိုင်းကိုပွေ့လိုက်ခါအောက်သို့ဆင်းလာလိုက်သည်
"ဆရာ အကုန်အဆင့်သင့်ဖြစ်ပါပီ"
"အင်"

Mg's my everything(Complete)Onde histórias criam vida. Descubra agora