3

2.3K 360 20
                                    

⦅ဖြောင့်မတ်မှန်ကန်သောကြင်ယာတော်လေးရဲ့အရည်အချင်းများ⦆

*******

အဆောင်ကိုပြန်ရောက်တော့ ယဲ့ယောင်မှာချွေးနံ့မခံနိုင်၍ရေသွားချိုးနေစဉ် လုရွှမ်းမှာတော့ယဲ့ယောင်ရဲ့ကတိကြောင့် စိတ်ကောင်းလေးဝင်နေကာ စားပွဲ၌ဝင်ထိုင်၍ ဖုန်းဆော့နေလေ၏။

နှုတ်ခမ်းပေါ်အပြုံးတစ်ခု ချိတ်ဆွဲလျက် ကျောင်းရဲ့အမည်မသိဖိုရမ်ကို မနှိပ်မှီ လုရွှမ်းမှာအမျိုးမျိုးသော appတွေထဲဝင်ကာလျှောက်ကြည့်နေလေသည်။

လုရွှမ်းက ကျောင်းရဲ့ထိုအမည်မသိဖိုရမ်ကို သိပ်မသုံးတာကြောင့် သူဝင်ရောက်သွားသည့်အခါမှာ စည်စည်ကားကားရှိနေ၍ အံ့အားသင့်သွားရသည်။ ဖိုရမ်၏ပထမစာမျက်နှာတွင် မကြာသေးခင်ကမှတင်ထားသော ပို့စ်များဖြင့်ပြည့်နှက်လျက် ထိုထဲမှာမှ ပွဲအစည်ဆုံးပို့စ်သုံးခုမှာ-

«ငါတော့ခေါင်းရှုပ်နေပြီ။ ငါကအဖြောင့်တစ်ယောက် ပြီးတော့ ငါ့ကောင်လေးကလည်း အဖြောင့်ပဲဖြစ်ရမယ်။ နားလည်ရင် ဝင်ကြည့်လိုက်»

«အလှလေးယဲ့၏ အလှရသအား ခံစားနိုင်သည့်ပေ့ချ် - Antiများမဝင်ရ!»

«လုမျိုးရိုးရဲ့ အသေကောင်တွေကို ချိုးဖောက်မယ့်ဓာတ်ပုံများ- မြန်မြန်ဝင်ကြည့်ကြ»

လုရွှမ်း မျက်ခုံးပင့်ကာ ပထမတစ်ခုကို သူ့ရဲ့အထင်အမြင်အရ နှိပ်လိုက်သည်။

အထဲသို့ရောက်သည်နှင့် လုရွှမ်းရဲ့မြင်ကွင်ကွင်းထဲ ပထမဆုံးဝင်ရောက်လာသည့်အရာမှာ ပြုပြင်ထားသောဓာတ်ပုံတစ်ပုံပင်ဖြစ်၏။

ထိုဓာတ်ပုံမှာ ဒီနေ့လည်ခင်းတုန်းက ဘတ်စကက်ဘောကစားပွဲမှပုံဖြစ်ပြီး ဓာတ်ပုံအလယ်တွင် သူနဲ့ယဲ့ယောင်မှာ မှုန်ဝါးထားသောတခြားအသင်းဖော်အချို့ကိုဖြတ်၍ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံနေလေ၏။ ပို့စ်ပိုင်ရှင်မှာ သူတို့နှစ်ယောက်ပတ်လည်တွင် ပန်းရောင်ပူဖောင်းလေးတွေပါ ထည့်ပေးထားပြီး အချင်းချင်းကြည့်နေတဲ့သူတို့အကြည့်တွေကို အနီရောင်လိုင်းလေးတွေပါဆွဲထားလေ၏။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now