6

2K 291 16
                                    

⦅မရေရာသောမျှော်လင့်ချက်⦆

•••••••

အသံကအတော်ကိုနူးညံ့ညင်သာတယ်။ လုရွှမ်းရဲ့သန်မာတဲ့လက်တွေသာ သူ့ခါးကိုမဖက်ထားရင် ထင်ယောင်ထင်မှားတွေကြားနေတာလို့ ယဲ့ယောင်ထင်မိလိမ့်မယ်။

ယဲ့ယောင်ရှော့ခ်ရစွာ ခေါင်းလှည့်လိုက်ပြီး သူ့အနောက်၌ရပ်နေသော လုရွှမ်းရဲ့အကြည့်တွေနှင့်ဆုံသည့်အခါ သူ့အမူအရာကလုံးဝကိုသင်္ကာမကင်းဖြစ်လို့နေသည်။

လုရွှမ်းရဲ့အမူအရာက ဖော်မပြနိုင်စွာတစ်မူထူးခြားနေပြီး အပြုံးကိုချုပ်တည်းထားရသလို သူ့နှုတ်ခမ်းထောင့်လေးများကအပေါ်သို့မြင့်တက်ချင်ချင်ဖြစ်လို့နေသည်။ ဒါပေမယ့်ယဲ့ယောင်ရဲ့မယုံသင်္ကာအကြည့်နှင့်ဆုံပြီးနောက် ထိုအမူအရာကပျောက်ကွယ်သွားပြီး လုရွှမ်းရဲ့မျက်နှာမှာချက်ခြင်းပင် ပုံမှန်ပြန်ဖြစ်သွားတော့သည်။

"မင်းဘာပြောလိုက်တာလဲ?" ယဲ့ယောင်က မရေမရာမေးသည်။

"သေချာမကြားရဘူးလား? ဒါဆိုငါကကျယ်ကျယ်လေးပြောပေးမှာပေါ့" လုရွှမ်းကမျက်ခုံးပင့်လိုက်ကာ သူ့ရဲ့ချောမောပြီးမဆင်မခြင်အမူအရာက မည်သည့်လေးနက်မှု အရိပ်အယောင်မျှရှိမနေချေ။

လုရွှမ်းကအောက်ကို တစ်ချက်ငုံ့ကြည့်ကာ "မင်းရဲ့ညီလေးက ထကြွသောင်းကျန်းနေတယ်မလား? ငါမင်းကိုကူပြီး ဒီကလေးကိုသင်ခန်းစာပေး,ပေးမယ်လေ၊ မင်းတို့ညီအစ်ကိုကြားက ပဋိပက္ခကိုဖြေရှင်းပေးပြီး မင်းကိုဘယ်တော့မှ မဆန့်ကျင်ရဲအောင်လုပ်ပေးမယ်။ ဘာအရေးလဲ ဒီကောင်ကမင်းကို ဆိုးသွမ်းရဲသေးတာပဲလေ?"

ယဲ့ယောင် : "....."

ယဲ့ယောင် တုန်လှုပ်သွားတယ်။

သူတွေးထားတဲ့ အကောင်းဆုံးအခြေအနေမှာ လုရွှမ်းကသူ့ကိုလွတ်ပေးပြီး မမြင်ချင်ယောင်ဆောင်လိုက်တာပင်။ ပြီးတော့အနာဂတ်မှာသူတို့နှစ်ယောက်လုံး ဒီအကြောင်းကိုမပြောပဲ ထားခဲ့လိုက်ဖို့ပင်။

ဒါမှမဟုတ်လည်း လုရွှမ်းကိုသူအကြောင်းပြချက်တွေရှင်းပြနိုင်ပြီး လုရွှမ်းကဂရုမစိုက်၊ အရေးမကြီးဟန် ရယ်ပစ်လိုက်တာမျိုးပေါ့။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now