14

1.5K 228 12
                                    

Chapter 14: အဲ့ဒါယဲ့ယောင်ကို သွေးဆောင်ဖြားယောင်းတဲ့ ဂေးကောင်ရဲ့အပြစ်တွေပဲ!

•••••••

ပူနွေးစိုစွတ်နေသော ရေချိုးခန်းထဲဝယ် ယဲ့ယောင်၏ ကုပ်ပိုးဇက်ပေါ်၌ရှိနေသော လက်မှာပူနွေးလွန်းလို့ လျစ်လျူရှုဖို့ရာခက်ရလေသည်။

လုရွှမ်းမှာ သူ့လက်ထဲရှိချောမွေ့နေသောလည်ကုပ်လေးကို ကြင်နာစွာယုယစွာပွတ်သပ်ရင်း မျက်လုံးများကိုအနည်းငယ် မှေးကျဥ်းလိုက်တယ်။ "ဒီတစ်ခေါက်ရော ငါမင်းကိုရှင်းရှင်းလင်းလင်း ရှင်းပြပေးရမလား?"

ယဲ့ယောင်၏ နူးညံ့ပျော့ပျောင်းသော ဆံပင်မွေးလေးများမှာ သူ၏ပါးပေါ်၌အနည်းငယ်ကပ်နေတာကို လုရွှမ်းတွေ့တာကြောင့်အနောက်မှလိုက်ကာ ဆံပင်များကိုသပ်ပေးလိုက်ပြီး ညင်သာစွာစကားဆိုလိုက်၏။ "ဒါကိုငါကဘယ်သူနဲ့မဆို လုပ်နိုင်တယ်လို့တွေးမနေနဲ့နော်၊ အဲ့လိုအပြောင်းအလဲမြန်တဲ့ကောင်မဟုတ်ဘူး"

အရမ်းကိုနီးကပ်လွန်းတာကြောင့် ယဲ့ယောင်ရဲ့မြန်သထက်မြန်လာတဲ့ အသက်ရှူသံကိုလုရွှမ်းကြားနိုင်လေတယ်။

ယဲ့ယောင်ဘာလို့ အသက်ရှူမြန်နေလည်းတွေးတောဖို့အချိန်မရခင်မှာပင် လုရွှမ်းမှာ ရုတ်တရတ်အတွန်းထုတ်ခံလိုက်ရသည်။

သူတို့နှစ်ယောက်ကြား အကွာအဝေးအချို့ခြားပြီးနောက်မှာတော့ ယဲ့ယောင်၏မျက်နှာကို လုရွှမ်းရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ရေနွေးငွေ့တွေပြည့်ဝနေတဲ့ ရေချိုးခန်းထဲ၌ အကြာကြီးရပ်နေရ၍ဖြစ်နိုင်တယ်၊ လှပသောမျက်နှာပေါ်ဝယ် ရှက်သွေးဖျော့ရောင်လေးချယ်လျက် ယဲ့ယောင်၏မျက်လုံးများမှာ ယခင်ကထက်ပင်ပိုမိုကြီးနေသယောင်။

ထိုမျက်ဝန်းလှလှလေးများ၌ ခံစားချက်ပေါင်းစုံရောထွေးလျက် ထိတ်လန့်မှုနှင့် အံ့အားသင့်မှုကို ရှင်းရှင်းလင်းလင်းပင် မြင်နိုင်သည်။

"ဘာဖြစ်လို့လဲ?" လုရွှမ်းမှာရှုပ်ထွေးလျက် သူ့လက်ကိုဆန့်ထုတ်ပြီး ယဲ့ယောင်၏မျက်နှာကို ထိတွေ့ချင်နေခဲ့ကာ "ငါအရမ်းနွဲ့လွန်းအားကြီးသွားလို့လား? အဲ့ဒါကမင်းကို ရွံစရာဖြစ်သွားစေတာလား?"

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Où les histoires vivent. Découvrez maintenant