8

1.8K 286 20
                                    

Chapter 8 - ယဲ့ယောင်ချိန်းတွေ့နေတယ်!

ᕯᕯᕯᕯ

လီမွန်ဖျော်ရည်ဝယ်ပြီး ယဲ့ယောင်ပြန်ရောက်လာသည့်အခါ လုရွှမ်းကပုံမှန်ပြန်ဖြစ်သွားပုံရကာ သူ့ကိုစိတ်သက်သာရာရသွားစေသည်။

လုရွှမ်းလက်ထဲက စျေးဝယ်အိတ်တွေကို ယဲ့ယောင်လှမ်းယူဖို့ကြိုးစားလိုက်ပေမယ့် လုရွှမ်းကသူ့ကိုသယ်ခွင့်မပေးပေ။ တစ်ချိန်တည်းမှာပဲ လီမွန်ဖျော်ရည်ကိုလုရွှမ်းကကိုင်ထားရပြီး ယဲ့ယောင်ကိုလည်းဆွဲထားချင်ပြန်ရာ တတိယမြောက်လက်တစ်ချောင်းထပ်ပေါက်လာစေရန် လုရွှမ်းတကယ်ကိုဆုတောင်းမိတယ်။

အဆုံးတွင်တော့ လုရွှမ်းမှာစျေးဝယ်အိတ်နှင့်လီမွန်ဖျော်ရည်ကို လက်တစ်ဖက်တည်းနှင့်ကိုင်၍ ကျန်တစ်ဖက်ကတော့ ယဲ့ယောင်၏ပုခုံးအားပွေ့ဖက်လျက် အဲ့ဒီနောက်အားရကျေနပ်စွာနှင့် လျှောက်လှမ်းသွားတော့၏။

"ကွဲကြေနေတဲ့ငါ့နှလုံးသားကို နှစ်သိမ့်ဖို့ဒီညစိတ်ပြေလက်ပျောက်ဖြစ်ပြီး ပျော်စရာကောင်းတာတစ်ခုခုလုပ်ရမယ်" လုရွှမ်းကပြောလေသည်။

"အင်း" လုရွှမ်း၏ဂေးမုန်းတီးသည့်ရောဂါအား ဘာဆိုဘာမှမပြောပဲယဲ့ယောင်တုံ့ပြန်လိုက်တယ်။ "ဂိမ်းဆော့မလို့လား?"

"မဆော့ပါဘူး၊ အဲ့ဒါတွေကိုကစားတော့ရော ဘာထူးမှာမို့လို့လဲ?" လုရွှမ်းကတခစ်ခစ်ရယ်လာတယ်။

သူတို့နှစ်ယောက်က နီးကပ်သင့်သလောက်နီးကပ်နေပြီးပေမယ့် လုရွှမ်းကရုတ်တရတ်ကြီး ခေါင်းကိုစောင်းငဲ့လာကာ ယဲ့ယောင်၏နားအနား နှုတ်ခမ်းကိုကပ်လိုက်ပြီး အဲ့ဒီနောက် ယဲ့ယောင်၏နားအတွင်းသို့ လေပူစီးကြောင်းများချဥ်းနင်းဝင်ရောက်လာခဲ့တော့သည်။

လုရွှမ်းရဲ့အသံထဲတွင် မျှော်လင့်စောင့်စားခြင်းတွေအပြည့်နှင့် ကျီစယ်နောက်ပြောင်သံကို ယဲ့ယောင်ကြားလိုက်ရသည်။ "တစ်ယောက်ကိုတစ်ယောက် ကူညီကြမယ်လေ?"

သူစကားပြောလိုက်စဥ် ထွက်ပေါ်လာသောလေစီးကြောင်းလေးသည် ယဲ့ယောင်၏နားအတွင်းသို့ ယားယံခြင်းတစ်မျိုးသယ်ယူလျက် ချဥ်းနင်းဝင်ရောက်လာကာ နှလုံးသားဆီသို့တည့်တည့်တိုးဝင်၍ သူ၏နှလုံးသားအညှာအား ကုတ်ခြစ်လိုက်သလိုယားယံစေလေ၏။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now