15

1.2K 201 9
                                    


Chapter 15_ မင်းကခြွင်းချက်တစ်ခုပါလို့ ကိုယ့်ကိုယ်ကိုဘာလို့ယုံကြည်မှုရှိနေတာလဲ?

●●●●●●●

ဆောင်းဦးရာသီမှာ တိုတောင်းလှပြီး မကြာခင်မှာပင် ဟေမန်ဥတုသို့ဝင်ရောက်ခဲ့လေတော့သည်။

လုရွှမ်းရဲ့ဒဏ်ရာမှာ အရမ်းမပြင်းထန်ခဲ့၍ အချိန်အနည်းငယ်ကြာပြီးနောက် ပြန်ကောင်းလုနီးပါးပင်ဖြစ်နေချေပြီ။

ပြီးခဲ့တဲ့အဖြစ်အပျက်ပြီးနောက် တချို့အကြောင်းပြချက်တွေကြောင့် အလွန်စိုးရိမ်ပူပန်နေသောလုရွှမ်းမှာ “ဂေးဖြစ်ကြောင်း ဘယ်လိုဖော်ထုတ်အကဲဖြတ်မလဲ” ဟူသည့်သင်ခန်းစာကို လေ့လာရန်ယဲ့ယောင်အား ဆွဲခေါ်သွားတော့သည်။

"သေချာကြည့်နော်" လုရွှမ်းသည် လက်နှစ်ဖက်ကိုပိုက်ကာ ယဲ့ယောင်အနားထိုင်လိုက်ပြီး လေးနက်စွာပြောသည်။ "ဒါကbeginnerတွေရဲ့ဗားရှင်းပဲ၊ အတော်လေးရိုးရှင်းတာမို့ အနည်းဆုံးတော့ လေးလေးနက်နက်ဖုံးကွယ်ထားတာမဟုတ်တဲ့ဟာတွေကို မင်းခွဲခြားနိုင်လောက်မယ်။ ပြီးရင်သူတို့နဲ့မင်းခပ်ဝေးဝေးမှာနေ"

လူသိမခံနိုင်စွာ လေးလေးနက်နက်ဖုံးကွယ်ထားသည့်ယဲ့ယောင်မှာ အနည်းငယ်အပြစ်ရှိသလိုပင်ခံစားလိုက်ရ၏။ သို့သော်လည်း သူသည် တည်ငြိမ်စွာနှင့်ခွန်းတုံ့ပြန်နေဆဲ "ဒီလိုအရာတွေကို သင်ယူဖို့မလိုဘူး"

"ဘာလို့မလိုအပ်ရမှာလဲ?" လုရွှမ်း ယဲ့ယောင်ကိုစိုက်ကြည့်လိုက်သည်။ " မင်းဒါကို အာရုံတောင်မစိုက်ပဲနဲ့။ ဂရုစိုက် မဟုတ်ရင် တစ်နေ့ကြမင်းဘေးနားဂေးကောင်တွေဝိုင်းနေတာတောင်သိမှာမဟုတ်ဘူး"

လုရွှမ်းသည်ပြောရင်း ‘ဂေးဖြစ်ကြောင်း ဘယ်လိုဖော်ထုတ်အကဲဖြတ်မလဲ’ဟူသည့် ဗီဒီယိုကိုနှိပ်လိုက်သည်။

အားကောင်းသောယောက်ျားတစ်ယောက်၏ အသံထွက်ပေါ်လာသည်။ 【မင်းရဲ့ယောက်ျားလေးသူငယ်ချင်းတစ်ယောက်က အပြာရောင်×××အက်ပ်ကို ဒေါင်းလုပ်ဆွဲပြီး သူ့ဖုန်းထဲမှာ×××အက်ပ်ရှိနေရင် မင်းဘာသံသယမှဝင်စရာမလိုတော့ဘူး၊ သေချာတယ် သူကဂေးပဲ】

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now