10

1.9K 291 14
                                    

Chapter 10 - ပိုပို

*******

မသက်ဆိုင်သည့်သူ ထွက်သွားသောအခါ လုရွှမ်းတစ်ကိုယ်လုံး ယဲ့ယောင်ဆီချက်ခြင်းလှည့်လာသည်။ လုရွှမ်း၏အကြည့်တွေအောက်၌ပင် ယဲ့ယောင်ကတည်ငြိမ်နေပြီး နို့လက်ဖက်ရည်ထဲမှ bobaပုလဲစေ့တွေကို စိမ်ပြေနပြေစုပ်သောက်လိုက်တယ်။

လုရွှမ်းထံ၌ ပြောစရာတွေအများကြီးရှိနေပုံပင်။ အရင်ကကျောင်းဘူလီဟောင်းကြီးမှာ ယဲ့ယောင်အား တိတ်တဆိတ်စိုက်ကြည့်နေပြီး ဒေါသကိုမျိုသိပ်ချကာနောက်ဆုံးတွင်ဆိုလာပါ၏။ "အပြင်ထွက်လာတာကို အဝတ်ထူထူမဝတ်လာဘူး။ မင်းအအေးမိသွားရင် ငါဘယ်လိုလုပ်ရမလဲ?"

ယဲ့ယောင် : "ငါဝတ်ထားတဲ့အဝတ်တွေက အတော်လေးထူပါတယ်။ ခုဏကကောင်မလေး ဝတ်ထားတာကသာ ငါ့ထက်ပါးလျနေတာ"

လုရွှမ်းကနှာမှုတ်ကာ ယဲ့ယောင်ကိုလက်နှစ်ဖက်လုံးဖြင့်ဆုပ်ကိုင်လိုက်ပြီး မနှစ်မြို့၍ထူးခြားသောဟန်ပန်ဖြင့် အမေးဆိုလာ၏။ "တစ်ခြားသူတွေ အဝတ်ကိုဘယ်လောက်ဝတ်ဝတ် ငါကဂရုစိုက်ရမှာလား?"

ယဲ့ယောင်ရဲ့လက်တွေက နွေးထွေးနေပြီဖြစ်ကာ သူကပြုံးလိုက်ပြီး "စိတ်ဆိုးနေတာလား?"

လုရွှမ်းအတွက်တော့ ဒါကိုဝန်ခံဖို့ဆိုတာသေချာပေါက်မဖြစ်နိုင်သောအရာပင်။ အဆုံးမှာတော့ ယဲ့ယောင်ကမိန်းကလေးကို ငြင်းဆန်ကြောင်းထုတ်ပြောလိုက်ပြီး သူကသာစိတ်ဆိုးနေကြောင်းပြောလိုက်ရင် အကျိုးသင့်အကြောင်းသင့်မရှိ ယုတ္တိမတန်တဲ့လူက သူပဲဖြစ်နေလိမ့်မည်။

ဒါပေမဲ့ ယဲ့ယောင်က သူ့ကိုသဘောကျနေသည့် မိန်းကလေးတစ်ယောက်နဲ့ အပြင်မှာတစ်ကိုယ်တည်းထွက်တွေ့သည်ကိုတော့ သူတကယ်ကိုစိတ်ဆိုးရပါသည်။ ယဲ့ယောင်က ဘာလို့သူ့လိုမျိုး မလုပ်နိုင်ရတာလဲ? သူဆိုသူ့ကိုလာပေးသမျှ ရည်းစားစာတွေအကုန်လုံးကို ပြန်ပေးပစ်ပြီး သူ့ဖုန်းထဲက ဆက်သွယ်ရေးappမျိုးစုံမှာလည်း ဘယ်သူစိမ်းတစ်ယောက်ကိုမှ သူငယ်ချင်းအဖြစ်မအပ်ထားပေ။

သူ့အပေါ်စိတ်ဝင်စားနေသူမှန်သမျှကို ပယ်ချခဲ့ကာ အေးစက်စက်နတ်ဘုရားက အဲ့ဒီသိမ်ဖျင်းပြီးအကျင့်ပျက်သောပိုးပန်းသူတွေကို ဘယ်တော့မှလှည့်ကြည့်မှာမဟုတ်ပေ။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now