13

2K 232 11
                                    

Chapter 13 _မင်းနဲ့ဒါကိုလုပ်ရတာကြိုက်တယ်။

*******

ယဲ့ယောင်အတော်လေးကို ထိတ်လန့်တုန်လှုပ်သွားခဲ့တယ်။

လုရွှမ်းအား တိတ်တခိုးချစ်နေသည့်သူအတွက် အမှောင်မိုက်ဆုံး၊ အတိတ်ဆိတ်ဆုံးညတွေမှာ လုရွှမ်းနဲ့အတူတူရှိပြီးနောက်ဟူသော အကြောင်းအမျိုးမျိုးကို သေချာပေါက်ပင် သူလေထဲတိုက်အိမ်ဆောက်သလို တွေးတောစိတ်ကူးယဥ်ခဲ့ဖူးပါ၏။

ဥပမာဆိုရလျှင် သူတို့နှစ်ယောက်သည် ညတိုင်းတစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းရှုံ့ကြပြီးမှ အတူတူအိပ်ရာဝင်ကြသည်။ မအိပ်ခင်နေ့တိုင်း သူကအနမ်းတစ်ပွင့်ကိုလက်ခံရရှိပြီး အိပ်ရာမှနိုးလာသည့်အချိန်တွင်လည်း "မင်းကိုချစ်တယ်"ဟူသည့်ချစ်စဖွယ်စကားလေးနှင့် နိုးထလာပေလိမ့်မည်။

ဒါကယဲ့ယောင်ရဲ့နှလုံးသားဟိုးအနက်ရှိုင်းဆုံးတွင်မြှုပ်နှံထားသည့် စိတ်ကူးအတွေးလေးတွေသာဖြစ်၏။ အတူတူအိပ်ကြတာကလွဲလို့ တစ်ခြားအရာတွေကိုအမှန်တကယ်ဖြစ်လာဖို့ရန်လုပ်ဖို့ သူ့တွင်အခွင့်အရေးမရှိပါချေ။ သို့ပေမယ့် "ချစ်တယ်"ဟူသည့်စကားလုံးကို ရုတ်တရတ်ကြီး သူဒီနေရာမှာ မမျှော်လင့်ထားစွာပဲကြားလိုက်ရတယ်လေ။

အဓိကတရားခံလက်သည်ကတော့ ယဲ့ယောင်ဘာလို့ရေသီးသွားရလဲဟူသည့်အကြောင်းကိုမသိပါဘဲနှင့် သူ့ကျောပြင်လေးကိုပုတ်ကာကူညီပေးနေဆဲ။

တခြားသူတွေဆီကနေ လုရွှမ်းသင်နေတာကိုသူသိပါသည်။ ဒါပေမယ့် လူတိုင်းရဲ့စောင့်ကြည့်နေတဲ့မျက်လုံးတွေရှေ့မှာ 'ချစ်တယ်'ဆိုသည့်စကားလုံးကို လုရွှမ်းကသူ့ကိုဘယ်လိုလုပ် ပြောထွက်နိုင်ရတာလဲ?

"အဲ့လိုစကားတွေမပြောစမ်းနဲ့၊ မင်းနားလည်လား?" ယဲ့ယောင်စိတ်လျှော့ချလိုက်ပြီး ရေဘူးကိုလုရွှမ်းလက်ထဲ ပြန်ထိုးထည့်ပေးလိုက်ကာ သူ့နားဝိုင်းနေတဲ့ပရိတ်သတ်တွေကို တစ်ချက်ကြည့်လိုက်ပြီး အသံကိုနိမ့်ချကာ "လူတွေအများကြီးပဲ ဒီမှာစောင့်ကြည့်နေကြတာ၊ အဲ့လိုအရာတွေမပြောနဲ့"

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now