5

2.1K 277 21
                                    

⦅ဘာလို့ပြေးနေတာလဲ? ငါမင်းကိုကူညီမှာပေါ့⦆

*******

လက်စားချေတဲ့အနေနဲ့ သူ့ကိုလူရမ်းကားပြန်လုပ်ရမယ်?

သူကဘယ်လိုလုပ်ရမှာလဲ? လုရွှမ်းနားတိုးဝှေ့ပြီး သူ့ရဲ့ထိတွေ့လို့ကောင်းမယ့်  ရင်ဘတ်နဲ့ဝမ်းဗိုက်က ကြွက်သားတွေကို ခံစားရမှာလား?

ဒါကဟိုကြောင်တောင်တောင်ဇာတ်လမ်းတွေထဲကလို crushကိုဘွင်းဘွင်းရှင်းရှင်းကြီး ပိုးပန်းနေတာကို crushကလည်းလက်ခံပူးပေါင်းပေးတဲ့ ဇာတ်ကွက်မျိုးများလား?

အလိုလိုက်သည့် အရိပ်အယောင်တွေပါနေသောလုရွှမ်း၏ အကြည့်တွေနှင့်မဆုံခင် ယဲ့ယောင်ရဲ့မျက်လုံးတွေမှာတစ်ခဏမျှ ငေးကြောင်နေခဲ့သည်။

"ဘယ်လိုလဲ?" လုရွှမ်းက ယဲ့ယောင်ကိုကျီစယ်နေဆဲပင်။ "မင်းလုပ်မှာလား၊ မလုပ်ဘူးလား?"

"ဗွမ်း..."

လက်နှစ်ဖက်နှင့်ရေသဲ့ယူကာ လုရွှမ်းအားပတ်ဖြန်းလိုက်တာကြောင့် နေရာတိုင်းရေတွေဖိတ်စင်ကုန်၏။ လုရွှမ်းမှာ အငိုက်မိသွားရကာ ယဲ့ယောင်၏မျက်နှာအားလွှတ်ပေး၍ အနောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်သည်။

ယဲ့ယောင်သူ့ကိုယ်သူထိန်းချုပ်၍ သရော်ပြုံးတစ်ခုကိုလှစ်ဟပြလာခဲ့သည်။ "ဟက်"

"ကောင်းပြီ ယဲ့ယောင် ခိုးကြောင်ခိုက်ဝှက်နဲ့ တိုက်ခိုက်တယ်ပေါ့?" လုရွှမ်းကရေချိုးကန်ထဲလှမ်းဝင်လာကာ ကိုယ်ကိုကိုင်းလျက် ယဲ့ယောင်ရဲ့လည်ပင်းအောက် သူ့လက်မောင်းကိုလျှိုသွင်းလိုက်သည်။ "အဲ့တော့ ရေတိုက်ပွဲလုပ်ကြပေါ့ မင်းဘာလုပ်နိုင်မလဲကြည့်ရအောင်!"

ပူနွေးနွေးရေကန်ထဲ သူတို့ရဲ့ချောမွတ်သောအရေပြားတွေက တိုက်ရိုက်ထိတွေ့နေကြကာ လုရွှမ်းရဲ့ဘယ်နေရာကိုထိတွေ့နေမိမှန်း ယဲ့ယောင်မပြောနိုင်တော့။ ရေကန်က သူနဲ့လုရွှမ်း လိမ်ယှက်နေတဲ့ကုတင်အကြီးကြီးတစ်ခုလိုပဲ။

အရမ်းကိုနီးကပ်နေပြီး တအားကိုပူလွန်းတယ်။

ဒီလိုမျိုးဗရုတ်သုတ်ခနဲ့ အထိအတွေ့တွေက ယဲ့ယောင်အတွက်ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုမရှိဘူးဆိုရင် အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲဖြစ်နေမှာပေါ့။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now