9

1.8K 296 18
                                    

Chapter 9 - ဖြောင့်ယောင်ဆောင်သောဂေးလုရွှမ်း!


•••••••

မိန်းကလေးတွေနဲ့ထွက်တွေ့သည် ဟူသောကောလဟာလမှာ တောမီးလိုပျံ့နှံ့သွားသည်ကို ယဲ့ယောင်မှာမသိလေရကာ ထိုကောလဟာလတွေမှာ သူ့တွင်ချစ်သူကောင်မလေးရှိနေပြီး ဖြစ်သည်ဟူသည့်အတိုင်းအတာထိချဲ့ထွင်ထားပြီး လုရွှမ်းထံမှ ဖုံးကွယ်ထားသည်ဟူ၍ပင်။

ထိုမိန်းကလေးက သူ့ကိုသဘောကျနေသည်ဟူ၍ လုရွှမ်းရဲ့အမေပြောလာတုန်းက ယဲ့ယောင်မှာတကယ်ကိုမယုံခဲ့ပေ။ ကောင်မလေးကသူနဲ့ အတန်းမတူရုံသာမက အရင်ကလည်းတစ်ခါမှမတွေ့ဖူးသည်ဖြစ်ရာ သူမကသူ့ကို ဘယ်လိုလုပ်ဆိုင်းမဆင့်ဗုံမဆင့် သဘောကျနိုင်မှာလဲ?  ကောင်မလေးကသူ့ကို ရိုးရိုးရှင်းရှင်းစိတ်ဝင်စားရုံသာဖြစ်ပြီး သူနဲ့တွေ့ဆုံချင်တာဖြစ်နိုင်သည်။ ဒါမှမဟုတ် သူ့အကူအညီ တစ်စုံတစ်ရာလိုအပ်လို့လည်းဖြစ်နိုင်သည်။

ဒါပေမယ့်ဘာပဲဖြစ်ပါစေ ကောင်မလေးကိုသူရှင်းရှင်းလင်းလင်း ရှင်းပြထားဖို့လိုသည်။

*

ကျောင်းလမ်းဆုံတွင် ယဲ့ယောင်ကိုထွက်လာရန်ဖိတ်ခဲ့သော ကျောင်းထောင်မှာငှက်မွေးဂျက်ကတ်အဖြူရောင်နှင့် စကတ်ကိုဝတ်ဆင်ထားပြီး ယဲ့ယောင်ရောက်မလာခင် သူမခေါင်းကိုငုံ့၍သူမရဲ့ bffထံသို့မက်ဆေ့ချ်တစ်စောင်ပို့လိုက်သည်။

【သူတို့က အတွဲမဖြစ်နိုင်ပါဘူး။ ငါ့မျက်လုံးက စုံတွဲပေါင်းစုံမြင်ဖူးထားတာ၊ အဲ့လိုခွတီးခွကျပုံစံနဲ့  ၉၉ရာခိုင်နှုန်းလောက်က အဖြောင့်တွေပဲ။ ငါမှားရင်ဆံပင်ညှပ်ပြီး နင်ကစားဖို့ဆံပင်တုပါ လုပ်ပေးလိုက်မယ်】

BFF: 【ဒါပေမယ့် သူတို့ကိုကြည့်ရတာ တကယ့်အစစ်အမှန်ပါ ......】

ကျောင်းထောင် : 【ငါကြုံဖူးတဲ့CPတွေက နင်ဖြတ်ဖူးတဲ့တံတားတွေထက်တောင်များတယ် အရူးမရဲ့၊ ဘာလို့ငါ့ကိုမယုံတာလဲ! မပြောနဲ့တော့သူရောက်နေပြီ၊ ငါစမ်းသပ်ပြီးသွားရင် နင့်ဆီသတင်းလှမ်းပို့မယ်!】

ကျောင်းထောင် ဖုန်းကိုအဝေးတွင်ထားလိုက်ပြီး သူမရှေ့၌ပေါ်လာသောယဲ့ယောင်ထံ သွားရှစ်ချောင်းလုံးပေါ်အောင် တောက်ပစွာပြုံးပြလိုက်သည်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now