20

808 175 16
                                    

Chapter 20: တခြားသူတွေကိုထောက်ပံ့ဖို့ ယဲ့ယောင်ကသူ့ပိုက်ဆံတွေကို သုံးမလို့လား?

•••••••

"မင်းအဲ့မှာရပ်ပြီးဘာလုပ်နေတာလဲ? မြန်မြန်ဓာတ်ပုံရိုက်လေ"

ထွက်ပေါ်လာသည့်ယဲ့ယောင်ရဲ့အသံမှာ လုရွှမ်း၏မိုင်ပေါင်းထောင်ချီပျံ့လွင့်နေသော အတွေးမျှင်များကိုပြန်ခေါ်ဆောင်လာသည်။

"အင်း ရိုက်မယ်၊ ငါတို့အခု ဓာတ်ပုံရိုက်ပြီနော်"  လုရွှမ်း ဖုန်းကင်မရာ၏ လုပ်ဆောင်ချက်ကိုဖွင့်ကာ ဖုန်းကိုစိတ်လှုပ်ရှားစွာနှင့် မ,ကိုင်လိုက်သည်။

ဖုန်းတွင် အလှအပဆိုင်ရာလုပ်ဆောင်ချက်မှာ အလိုအလျောက်ဖွင့်ထားသည်ဖြစ်ရာ ယဲ့ယောင်ရဲ့နှစ်လိုဖွယ်ညှို့ဓာတ်မှာ ပိုလို့ပင်ချောမွတ်နေလျက်။ သဘောမကျတာကြောင့် လုရွှမ်းထိုလုပ်ဆောင်ချက်ကိုပိတ်လိုက်ကာ သင့်တော်သည့်အနေအထားရောက်အောင် ဖုန်းကိုရွေ့လိုက်သည်။

မျက်နှာချင်းဆိုင်ရှေ့ကင်မရာက မှန်တစ်ချပ်လိုပင်၊ အရှေ့ကကြည့်နေတဲ့လူရဲ့မြင်ကွင်းကို ပြသပေးနေတယ်။

သေးငယ်သောစခရင်မျက်နှာပြင်ပေါ်၌ မျက်နှာနှစ်ခုမှာ အချင်းချင်းနီးကပ်နေပြီး ဖြူဖွေးနေသောမျက်နှာလေးတစ်ခုမှာတော့ ပုံမှန်အပြုံးလေးတစ်ပွင့်ရှိနေပြီး တစ်ချိန်တည်းမှာပဲအခြားမျက်နှာပိုင်ရှင်မှာတော့ ကင်မရာကိုမကြည့်နေပဲ သူ၏မျက်လုံးများက ဘေးရှိပုဂ္ဂိုလ်လေးအား စူးစိုက်ငေးမောကြည့်နေခဲ့၏။

လုရွှမ်းမှာ သူ့ကိုယ်သူလည်း လုံးဝသတိမထားမိဖြစ်နေကာ သူ့စိတ်ထဲတွင် အတွေးများစွာဖြင့်ပြည့်နှက်နေလျက်။

ယဲ့ယောင်က သူနဲ့အရမ်းကိုနီးကပ်နေတယ်၊ သေချာပေါက်ပဲပေါ့၊ ဒီလိုအကွာအဝေးမျိုးက သူတို့လိုညီအစ်ကိုကောင်းတွေမှာ ရှိသင့်တာမျိုးလေ။

ယဲ့ယောင်က အလှဆုံးပြုံးလာခဲ့ကာ သူသာရှေးခေတ်၌မွေးဖွားခဲ့လျှင် ရှေးဟောင်းသမိုင်းထဲရှိ အခန့်ညားဆုံးအမျိုးသား လေးယောက်ထဲမှ တစ်ဦးအပါအဝင်ဖြစ်နိုင်လောက်ပြီး ရေမြေ့ရှင်ဧကရာဇ်မှာလည်း မနက်ခင်းညီလာခံ စောစောမတက်ရောက်နိုင်ပဲ အမြဲနောက်ကျပေလိမ့်မည်။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now