7

1.9K 257 27
                                    

⦅ဂေးမုန်းတီးသူအဖြောင့်ကောင်⦆

°°°°°°°

နောက်တစ်နေ့က အားလပ်ရက်ဖြစ်၏။ အိပ်ရာထလာပြီးနောက် အစီအစဉ်အတိုင်း ရုပ်ရှင်ကြည့်ရန်လုရွှမ်းကို ယဲ့ယောင်ဖိတ်လိုက်တယ်။

လုရွှမ်းကအဆင်သင့်စွာပဲ သဘောတူလိုက်ပြီး ယဲ့ယောင်နဲ့အတူအပြင်ထွက်လာသည်။ လမ်းပေါ်၌လမ်းလျှောက်နေရင်းဖြင့် တစ်နေ့တာခရီးစဥ်ကို သူကပလန်ချနေခဲ့တယ်။

"ရုပ်ရှင်ကြည့်မယ်၊ စားသောက်မယ် ပြီးတော့စကားမစပ် ရာသီဥတုကရက်အနည်းငယ်အတွင်း အေးလာတော့မှာ၊ ငါတို့အဝတ်ထူထူတွေ ဝယ်ဖို့လိုပြီနော်။ ပုံစံတူနေတဲ့ငါတို့အဝတ်တွေကို updateလုပ်သင့်ပြီ။ မင်းကြိုက်တာတွေ့ရင်ပြော ငါမင်းအတွက်ဝယ်ပေးမယ်" လုရွှမ်းကပြော၏။

၎င်းတို့နှစ်ယောက်အနားမှ ကောင်မလေးတစ်ချို့ဖြတ်သွားကြသည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ထိုနှစ်ယောက်မကြားလောက်ဘူးထင်၍ ကောင်မလေးတွေက စိတ်လှုပ်ရှားစွာနှင့်စကားစတင်ပြောကြတော့သည်။

"နင်တို့ကြားလိုက်လား?! ငါမင်းအတွက်ဝယ်ပေးမယ်တဲ့။ အရမ်းအလိုလိုက်တာပဲ အားးးး!"

"အိုးအိုး သူတို့ဆီကနေ လက်ထပ်ပြီးသားဇနီးမောင်နှံတွေလို ခံစားချက်မျိုးအပြည့်ရတာပဲ။ လူနောက်ကွယ်မှာပဲ ပလဲပနံသင့်ကြတယ်ဆိုတာတော့ ငါတော့မယုံဘူး။ ငါသူတို့ကိုထောက်ခံတယ်!"

"သေချာပေါက်ပေါ့ဟ။ ပုံစံတူအင်္ကျီတွေကို ရည်ရွယ်ပြီးဝယ်တာကိုပဲကြည့်။ အဲ့ဒါကြောင့်အမှန်တရားက သူတို့ကတကယ့်ကို အိုးးးးးး!"

၎င်းတို့ပြောသမျှ ဝိုးတိုးဝါးတားကြားလိုက်ရသော ယဲ့ယောင် : "......"

သူအနည်းငယ်မျှရှက်ရွံသွားခဲ့တယ်။

သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးကို အချစ်ရေးအဖြစ်မှတ်ယူခံရတာကို လုရွှမ်းကြားသိရတဲ့အခါ ဘယ်လိုတွေးနေမလဲသူသိချင်မိသည်။

ယဲ့ယောင် ရုတ်တရတ်ပွေ့ဖက်ခံလိုက်ရပြီး လုရွှမ်းကအနားကပ်လာကာ သူ့နားထဲသို့တိုးတိုးလေးကပ်ပြောလာခဲ့၏။

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now