အပိုင်း ၁

2.5K 70 1
                                    

လမ်းခုလတ်တစ်နေရာတွင် လူငယ်တစ်စု skate စီးကာ stunt ပြနေလေသည်။
ထိုလူငယ်စုထဲတွင် နှစ်ဖက်ခွဲကာ အပြန်အလှန် stunt ပြိုင်ပြနေသည်။

"ခန့်ကြီးကွ.....ခန့်ကြီးကွ "
နောက် ကဘော်ဒါတစ်စုကလည်းအားပေးသံမြိုင်နေလေသည်။ နောက်ဆုံးအဆုံးအဖြတ် stunk ပင် ။ တစ်ဖက်ကfailဒီတစ်ခေါက် passဖြစ်ရင် နိုင်ပြီဖြစ်သောကြောင့် အာရုံစိုက်တာ သေချာ stunk ကိုလှလှပပနဲ့ပြနိုင်ကာ အနိုင်ရသွားတော့ သူငယ်ချင်းများက "ခန့်ကြီးကွ ဘာမှတ်နေလည်း" ဟု နောက်ကသူငယ်ချင်းများကလေတိုက်တော့ သူကတားလိုက်သည်။
တစ်ဖက်ပြိုင်ဘက်အုပ်စုမှ ခေါင်းဆောင်ဟုထင်ရသူက "မိန်းကလေး stunk ဆိုတာ ယုံတောင်မယုံနိုင်လောက်အောင် မိုက်ပါတယ်။ ကျနောတို့အရှုံးကို လက်ခံပါတယ် ။ လောင်းကြေးအနေနဲ့ ကျနောရဲ့ skate ကိုပေးပါတယ်။ ကျနော့နမည်ကရဲလင်းဇော် ပါ။"
ထိုစဉ် "ရပါတယ်။ bro skate ကိုပြန်ယူသွားပါ။ အဲ့ဖအစားကျနောတို့ ဘော်ဒါတွေလုပ်ကြတာပေါ့ ။ ကျနော့နမည်က "လမင်းခန့်ကို"ပါ။ ပြီးတော့ကျနောက tomboy ပါ။" ဒါကတော့ကျနော့သူငယ်ချင်း ကောင်းဆက်ပိုင် ၊ ဒီဘက်ကတစ်ယောက်က နှင်းမြတ်သူ ၊နောက်ဆုံးတစ်ယောက်က ထက်ထက်နိုင် ။ ကျနောတို့အားလုံးကတော့ LGBT တွေကြီးပဲ။

"ဟုတ်ကဲ့။ ကျနောတို့တွေ သူငယ်ချင်းတွေဖြစ်သွားပြီနော် ဒါဆို ဒီဘက်က တစ်ယောက်က ရဲမြတ်လင်း၊ ပြီးတော့ ဆုဆုနိုင်နဲ့ နောက်တစ်ယောက်ကတော့ မင်းခန့်ပိုင် နဲ့ နောက်ဆုံးအစွန်ဆုံးကတစ်ယောက်က ယွန်းမီမီကို ပါ။ ကျနော်တို့အဖွဲ့ထဲက မိန်းကလေး၂ယောက်က လည်းLGBTတွေဆိုတော့ အားလုံးအဆင်ပြေ‌သွားတာပေါ့။ ဒါဆိုကျနောတို့ မုန့်သွားစားရအောင်‌ဒီနေ့ဝိုင်းကိုကျနောရှင်းမယ်။ကျနောဆိုင်ကောင်းကောင်းတွေ့ထားတယ် "

"ဟုတ်ပြီဗျာ ။ ကဲ့ သွားကြတာပေါ့ "
ထိုလူငယ်တစ်စုဟာ skate စီးရင်ပဲ restaurants and bar တစ်ခုကိုသွားကြတယ်။ restaurants and bars ကိုရောက်တော့ ရဲလင်းဇော်ကပဲ ဦးဆောင်ပြီး စားဖို့ သောက်ဖို့အတွက် စီစဉ်လိုက်တယ်။ လမင်းခန့်ကိုကလည်း "စားစရာကို ကိုရဲလင်းဇော်က တာ၀န်ယူမယ်ဆိုတော့ လမင်းက သောက်ဖို့အတွက်တာ၀န်ယူ ပါတယ်။ အ၀သောက်ကြနော်။ "
"ကဲအားလုံး စပြီးခင်မင်တဲ့အထိမ်းအမှတ်အနေနဲ့ cheer "
Restaurants and barsဖြစ်တဲ့အတွက် unplugged band လေးလည်းပါသည်။ bandကဆို‌‌ နေသော သီချင်းမှာ double jရဲ့ why သီချင်းပင်ဖြစ်၍ ဆိုင်တွင်းရှိလူငယ်များက လိုက်ဆိုနေကြသည်။
လမင်းက "ငါ toilet ခဏသွားဦးမယ် "
ဇာတ်လမ်းကထိုနေတွင်‌စလေပြီ ဘယ်အိမ်သာသွားရမှန်းမသိဖြစ်နေသည် ။ မိန်းကလေးtoilet သွားရင်လည်း လူများရင် သူ၀တ်စားထားပုံနဲ့ဝိုင်းရိုက်မှာအသေအချာ။ ယောက်ျားလေးtoiletလည်းမသွားချင်၍ အရဲစွန့်ကာ women toilet ထဲသာ အရဲစွန့်၀င်လိုက်တော့ လူရှင်းနေလေသည်။ သို့သော် အထွက်တွင်
မိန်းမလှလေးတစ်ယောက်နှင့်တိုးလေသည်။ ထိုမိန်းမလှလေးမှာ အင်္ကျီအစိမ်းရောင်လေးနှင့်ဂျင်းပြာလေးကိုလိုက်ဖက်စွာ၀တ်ထားသည်။ ဆံပင်မှာလည်း ပုခုံးကျော်လောက်ထိအရှည်နှင့် တရုတ်မျက်နှာပေါက်လေး။ထိုမိန်းမလှလေးက လမင်းကိုတွေ့တော့ ယောက်ျားလေးအမှတ်နဲ့ လက်ဆေးရင် ထအော်တော့ လမင်းလည်း ကပြာကရာနောက်နေ ဖတ်မိသလိုဖြစ်ပြီး "ကျွန်တော်ယောက်ျားလေးမဟုတ်ပါဘူး။ tom boy တစ်ယောက်ပါ။ မလန့်ပါနဲ့။"
ထိုမှသာ ထိုမိန်းမလှလေးက ငြိမ်သွားကာ "ဟုတ်ပါပြီ တို့ကိုလွှတ်ဦး"
လမင်းလည်း "sorry နော်အမ။ တကယ်တောင်းပန်ပါတယ်။ ‌လမင်းလည်းလန့်ပြီး တော့တားလိုက်မိတာ"
"ရပါတယ် ။ ကိစ္စမရှိပါဘူး "
မိန်းမလှလေးကိုကြည့်လိုက်တော့ အင်္ကျီ၌ရေများစိုနေပြီ အင်္ကျီက လည်းပါး၍ကပ်နေတော့ လမင်းလည်း "အယ် အမ ကျွန်တော့်ကြောင့် အင်္ကျီတွေစိုကုန်ပြီဟုပြောတော့ " မိန်းမလှလေးက "ရပါတယ် ။ဘာမှမဖြစ်ပါဘူး"
လမင်းကချက်ချင်းပင် သူ့ရဲ့ အပေါ် jacket ကိုချွတ်လိုက်ကာ ထိုမိန်းမလှလေးကိုယ်ပေါ်ခြုံပေးလိုက်သည်
"ဒါလေးခြုံထားပါ။ ကျွန်တော်ကကိစ္စမရှိပါဘူး ။ ကျွန်တော့်ကိုခွင့်ပြုပါဦး"
ထိုမိန်းမလှလေးလည်း လမင်းထွက်ပေါက်တံခါးနားရောက်မှ အသိ၀င်ကာ "ကျေးဇူး ။ဒါနဲ့နမည်က ။ တို့ မင်းအင်္ကျီဘယ်လိုပြန်ပေးရမလဲ"
လမင်းလည်း "ကျွန်တော့နမည်က လမင်းခန့်ကို ပါ။ အင်္ကျီကတော့ ကျွန်တော်တို့ ကံပါရင်ပြန်ဆုံမှာပေါ့။ အဲ့ကြမှပေးပါ။ ခွင့်ပြုပါဦး "ပြောကာ သူငယ်ချင်းများရှိရာသို့ပြန်သွားလေသည်။

မိန်းမ‌လှလေး ကတော့ toilet ရှေ့မှာ ရင်ဘက်လေးဖိကာ နှလုံးခုန်နှုန်းတွေမြန်နေသောကြောင့် ကြောင်ကာရပ်နေမိသည်။ အတွေးထဲ၌လည်း "ငါရင်ခုန်နေတာလား"ဆိုသောမေးခွန်းများနှင့် သူငယ်ချင်းများရှိရာသို့ရောက်အောင်ပြန်လာလေသည်။ သူငယ်ချင်းများက ငိုင်နေသော ထိုမိန်းမလှလေးကို "ဟဲ့ စိမ်း" ၊ "ဟဲ့ စိမ်းလို့ ၊ ဟဲ့ ဒေါ်စိမ်းနေရည်‌မင်း ၊ toilet ကအပြန်ဘာဖြစ်လာတာလဲ ။အပေါ်ကရော ဘယ်သူ့ jacket ကြီးလဲ "
"စိမ်း" ဟုတ်ပါသည်။ ထိုမိန်းမလှလေးရဲ့ အမည်မှာ "စိမ်းနေရည်မင်း"ပင်ဖြစ်သည်။ စိမ်း လည်း toilet ထဲမှာ ဖြစ်သမျှကိုပြန်ပြောပြလိုက်သည်။ သူငယ်ချင်းများက " ဟဲ့ စိမ်း ‌နင်ရင်ခုန်သွားတာလား။"
ဟာ မဟုတ်ပါဘူးဒီတိုင်းလန့်သွားရုံပါ။

တစ်ဖက်တွင် toilet မှထွက်လာသော လမင်းမှာ သူအကြိုက်ဆုံး jacket မပါလာတာ သူ့သူငယ်ချင်းတွေတွေ့တော့ "ဟေ့ကောင် ခန့်ကြီး ဘယ်လိုဖြစ်လို့ ချိုင်းပြတ်ကြီးနဲ့ မင်းအင်္ကျီရော "
လမင်းလည်း ဖြစ်သမျှကိုပြန်ပြောပြပြီး "ဟာ သေစမ်း။ နမည်လေးတောင်မမေးလိုက်မိဘူး ။ ဒီထဲမှာရှိသေးလားမသိဘူး "
ရဲလင်းဇော်က "ခန့်ကြီးရာ jacket တစ်ထည်ထဲနဲ့ ဘာဖြစ်လို့တုန်း ။မင်းအနေထားကြီးနဲ့ "

"မဟုတ်ဘူး ကိုရဲရ ကျွန်တော် မြင်မြင်ချင်းချစ်မိသွားတာလားမသိဘူး ၊ အားးး မသိတော့ဘူးဗျာ"
ရဲ‌လင်းဇော်လည်း အကြံ တစ်ခုတွေးမိကာ "ဟေ့ကောင် ခန့်ကြီး ။မင်း ငါပြောတဲ့တိုင်းလုပ်ရင် ဒီထဲမှာ သူရှိသေးရင် ရှာလို့ရမယ်။ ဘယ်လိုလဲ "
လမင်းလည်းရှေ့က အအေးခွက်ကိုမော့ကာ မျက်ခုံးပင့်ပြပြီး ပြောကြည့်ကြည့်ဆိုတဲ့ သဘောနှင့်
"ဒီလို မင်းဂစ်တာတီး သီချင်းဆိုတတ်တယ်မလား
မင်း stage ပေါ်တတ်ဆိုရင်း သူ့ရှာလို့ရမှာသေချာတယ်။ လုပ်မလားငါစီစဉ်ပေးမယ်"
လမင်းလည်း "ချကွာ "ဟုဆိုကာ
ခဏကြာတော့ ဆိုင်မန်နေဂျာက "ဒီနေ့အထူးအစီစဉ်အနေနဲ့ ကျွန်တော်တို့ရဲ့ customer တစ်ယောက်က သီချင်းတစ်ပုဒ် နဲ့ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။ "လို့ပြောတော့ လမင်းလည်း ဂစ်တာလေးကိုင်ကာ stageပေါ်တတ်လာသည်။ ဆိုင်မန်နေဂျာကလည်း ဒီနေ့ဖျော်ဖြေပေးမယ့် ညီငယ်လေး "လမင်းခန့်ကို "ပဲဖြစ်ပါတယ်။
တစ်ဖက်တွင် စိမ်းတို့ စားသောက် စကားပြောနေရင်း
"လမင်းခန့်ကို"ဟူသောနမည်ကြားတော့ stageဘက်ကြည့်လိုက်တော့ ချိုင်းပြတ်ဖြူ လေးနှင့် ‌style pant အနီလေးနဲ့ ဂစ်တာလေးလွယ်ထားတဲ့ စိမ်းကို ရင်ခုန်အောင်လုပ်သွားသူ.
စိမ်းလည်း ကြည့်ကာ ပါးစပ်မှ "ဟင် သူ ခုနက သူ......"
သူငယ်ချင်းများက "ဘာ ဒါ ခုနက jacket ပိုင်ရှင်လား"
အင်း ဟုတ်တယ် သူပဲ သူ.......

___________________________________________
Wan 511
17.8.2023

စိမ်းOù les histoires vivent. Découvrez maintenant