အပိုင်း၁၃

618 39 8
                                    

ဒီကိစ္စကို လမင်းလေး သတိရလာမှဆက်ပြောမယ်။ အန်ကယ်သွားနှင့်မယ်။ မင်းနေချင်နေခဲ့ပေါ့။" ဟုဆိုကာ ဆေးရုံသို့ပြန်ထွက်သွားသည်။

ဉာဏ်သစ်လည်း အပြင်ခဏထွက်ကာ လိုအပ်သည့်မုန့်အချို့နှင့်ဆေး၊ ရေ၊အအေးတို့ကို၀ယ်ပြီးဂိုထောင်ထဲသို့၀င်လာသည်။ ထို့နောက် ၀သုဏ့်အားဖမ်းချုပ်ထားရာအခန်းထဲသို့၀င်လိုက်သည်။ ၀သုဏ်မှာ ဉာဏ်သစ်တို့၏လူတစ်ချို့ နှင့်တိုက်ခိုက်ထားရသည့်အတွက် ဒဏ်ရာများနှင့် ကုတင်ပေါ်၌ခွေခွေလေးအိပ်ပျော်နေသည်။ ဉာဏ်သစ်လည်း အိပ်ပျော်နေသည့် ၀သုဏ့်‌၏ခေါင်းလေးကိုပွတ်သပ်မိတော့ လန့်နိုးလာသည်။ ထို့နောက် ဉာဏ်သစ်က "မင်းနိုးလာပြီးလား။ မင်းဒဏ်ရာတွေများတယ် ဆေးထည့်ဖို့လိုတယ်။ အစ်ကိုကူညီပေးမယ်"ဟုဆိုကာ မျက်နှာပေါ်ကဒဏ်ရာတစ်ချို့ကိုဆေးလိမ်းပေးသည်။ ထို့နောက် မုန့်တချို့အားပေးကာ "ဒီမှာ မင်းအတွက် စားစရာတချို့ ။ အစ်ကိုအပြင်မှာရှိမယ်၀သုဏ်" ။ဟုပြောကာ တံခါးဖွင့်ရန် အလို ၀သုဏ့်၏‌စကားသံကြောင့် လက်တန့်သွားခဲ့သည်။
"ဘာလို့ ဘာလို့ကျွန်တော်ကိုအခုလိုဂရုစိုက်ပေးနေရတာလဲ။အမှန်ဆို ခင်ဗျားတို့ရဲ့MDကို ‌အရေးပေါ်ခန်းထဲရောက်အောင်လုပ်တဲ့ကျွန်တော့်ကိုသတ်ရမှာမလား။"
"ဒီမှာ ၀သုဏ် ငါတို့ရဲ့MD လမင်းခန့်ကို ကလေ အရမ်းထက်မြတ်ပြီးအရမ်းနူးညံ့ပြီးသည်းခံခွင့်လွှတ်တတ်တဲ့လူမျိုး ၊ ဆရာ့ခန့်ကျော်ကို စိတ်နဲ့ဆိုမင်းကိုသတ်ပြီးပေမယ့် ဆရာက MD သတိရလာတဲ့ထိစောင့်မယ်ဆိုလို့။ ပြီးတော့ ငါ ငါ....။"
"ခင်ဗျားကဘာဖြစ်လို့လဲ"
"ငါတောင်းဆိုထားလို့ ။မင်းကိုမသတ်ဖို့ "ဟုခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ဘာကြောင့်လည်း ကိုဉာဏ်သစ်။ အမှန်‌ဆိုကျွန်တော့်ကိုခင်ဗျားကြီးမုန်း‌နေရမှာလေ။ခင်ဗျားကိုလှည့်စားခဲ့တဲ့ကောင်ကိုခင်ဗျား သတ်ပစ်ချင်လောက်အောင်မုန်းနေရမှာမဟုတ်ဘူးလား"
ဉာဏ်သစ် လည်း ပြောစရာစကားပျောက်သွားသလိုဖြစ်ကာ ခဏတာတိတ်ဆိတ်နေပြီးမှ " ငါမင်းကိုမမုန်းပါဘူး။ မင်းကိုချစ်မိသွားတဲ့ငါ့ကိုငါပဲမုန်းတာ။ မင်းညာနေတာသိသိနဲ့ ရုန်းမထွက်နိုင်ဖြစ်ခဲ့တဲ့ငါ့ကိုငါ့ပဲ မုန်းတာ"ဟု ငိုသံ နက်နက်ဖြင့်သူ၏ ရင်ဘက်အား ''ဘုန်း"ဆိုသည့်မြည်သံထွက်အောင်ထုပြောပြီး အခန်းပြင်သို့လျင်မြန်စွာ ထွက်သွားသည်။
အခန်းထဲ၌ ၀သုဏ်နန္ဒမှာ တံခါးကို‌ကျောပေးမှီကာ မျက်လုံးအားမှိတ်ချလိုက်‌သည်နှင့် တစ်ပြိုင်နက် ပါးပြင်နှစ်ဖက်ပေါ်သို့ ပူနွေးနွေး မျက်ရည်များကျဆင်းလာသည်။ ထို့နောက် ပြီးခဲ့ပြီးသောအတိတ်ကိုခဏတာပြန်သွားမိသည်။လွန်ခဲ့တဲ့၄နှစ်ခန့်က နည်းပညာတက္ကသိုလ် တစ်ခု၌ civil မေဂျာသို့တတိယနှစိကျောင်းသားတစ်ယောက်ကျောင်းပြောင်းလာသည်။ ထိုကျောင်းသားမှာ အရပ်၅ပေ၈ခန့် ရှိပြီး ခန္ဓာကိုယ်မှာလည်းတောင့်တင်းကာ ရုပ်ရည်တွင်လည်းအသင့်တင့်ရှိသည်။ ထိုသူမှာဉာဏ်သစ်‌‌ေကျာ်ပင်ဖြစ်သည်။သူကျောင်း‌ဆင်းတော့ ကျောင်း၏အနောက်ဘက်တွင် စိုင်းမြတ်မင်းဦးဆောင်တဲ့ကျောင်းသားတစ်ချို့မှ ကောင်လေးတစ်ယောက်အား အုပ်စုလိုက်အနိုင်ကျင့်နေသည်ကိုတွေ့ရသည်။ ထိုကောင်လေးမှာတော့ ၀သုဏ်နန္ဒပင်။ ဉာဏ်သစ်ဟာ ၀သုဏ့်ကိုအနိုင်ကျင့်နေသူလက်ထဲမှကာကွယ်ပေးခဲ့သည်။ အစစအရာရာ မပြည့်စုံသည့် ၀သုဏ့်ကိုသူနိုင်သည့်ဘက်မှထောက်ပံ့ပေးခဲ့သည်။ ထိုမှတစ်ဆင့် သံယောဇဉ်ပိုလာကြကာ ချစ်သူဘ၀သို့ရောက်ခဲ့သည်။ အချစ်မှာ gender မရှိဘူး။ အချစ်ဟာအချစ်ပါပဲဆိုတဲ့စကားကို သူတို့နှစ်ယောက်ထိုအချိန်မှနားလည်သွားသည်။ ၀သုဏ့်တွင် မိခင်တစ်ဦးထဲသာရှိတော့ကာ ထိုမိခင်မှာလည်းအသည်းကင်ဆာ‌ရောဂါခံစားနေရသူဖြစ်သည်။ မိသားစုအတွက်နေ့ဘက်တွင်ကျောင်းတတ်ကာ ကျန်သည့်အချိန်တွင် အချိန်ပိုင်းအလုပ်သမားအဖြင့်ငွေရှာနေရသူဖြစ်သည်။ ဉာဏ်သစ်နှင့်၀သုဏ်တို့ချစ်ကြိုက်နေကြသည်ကို ဉာဏ်သစ်၏မိခင်သိသွားကာခွဲဖို့ကြိုးစားခဲ့သည်။ထို့ကြောင့် ဉာဏ်သစ်၏မိခင်ဖြစ်သူဟာ သူ့သားဖြစ်သူနဲ့ကင်းကင်းရှင်းရှင်းနေရင် မိခင်ဖြစ်သူရဲ့ကျန်းမာရေးအားအပြည့်အ၀တာ၀န်ယူပေးမည်ဟု‌ဆိုသည်။ မိခင်ဖြစ်သူရဲ့ကျန်းမာရေးမှာပိုဆိုးဝါလာသည်ကတစ်ကြောင်း လောကကြီးတွင် အမေနှင့်သား နှစ်ဦးထဲသာရှိသောသူ၏မိသားစုလေးနှင့်သူအချိန်ကြာကြာနေခြင်းသေးသည်။ထို့ကြောင့် ဉာဏ်သစ်မိခင်၏ကမ်းလှမ်းချက်ကိုလက်ခံခဲ့သည်။ ထို့နောက် စိုင်းမြတ်မင်းတို့၏အဖွဲ့ထဲကို၀င်ကာ ဉာဏ်သစ်အား သူတစ်ကယ်မချစ်ခဲ့ကြောင်းနှင့်ကျောင်းပြောင်းလာလာချင်းကောင်မလေးတွေကြားထဲ popular ဖြစ်နေတဲ့ဉာဏ်သစ်ဟာ gay တစ်ယောက်သာဖြစ်ကြောင်း ၊သူတကယ်ချစ်မိနေတာ ကမိန်းမတစ်‌‌ေယာက်သာဖြစ်‌ေကြာင်းဟုပြောခဲ့သည်။ ဉာဏ်သစ်လည်းသူ့အချစ်အားစော်ကားခဲ့သူ ၀သုဏ့်အား ထိုအချိန်မှစအမုန်းကြီးမုန်းသွားခဲ့သည်။။
ထိုအကြောင်းတို့ကိုပြန်တွေးမိပြီ၀သုဏ်က " ကျွန်တော်လည်း ခင်ဗျားကိုသိပ်ချစ်ခဲ့ပါတယ်။ ခင်ဗျားထက်မပိုရင်တောင် ခင်ဗျားထက်မလျော့တဲ့အချစ်မျိုးနဲ့ချစ်ခဲ့တာပါ။ နောက်တစ်ကြိမ် ရွေးချယ်ခွင့်ရှိရင်ခင်ဗျားကြီးကိုပဲရွေးချယ်မိမှာပါဉာဏ်သစ်ရာ "ဟု တစ်ကိုယ်တည်း ရေရွတ်နေမိသည်။

**********
ယနေ့ဟာ ခန့်ကို ICUထဲတွင် coma၀င်နေတာ ၄ရက်မြောက်နေ့ပင်။ စိမ်းရော မိသားစု၀င်များမှာ ပူဆွေးသောကရောက်နေကြသည်။ လမင်းခန့်ကို ထိုသို့ဖြစ်နေသည့်သတင်းတစ်ချို့ကြောင့် company ရှယ်ယာတစ်ချို့ကျသွားခဲ့သော်လည်း ဦးခန့်ကျော်ကိုတစ်ယောက် ထိုအရာကိုဂရုမစိုက်ပါ။ သူ၏သမီးဖြစ်သူ သည်သာ သူ၏အရာရာပင်ဖြစ်သည်။
စိမ်း သည်ခန့်ကိုအား ကုတင်ဘေးတွင်ထိုင်ကာ "ခန့်ကိုရယ် သတိရလာပါတော့ကွယ်။ တို့နဲ့အတူ မိသားစုဘ၀တည်ဆောက်မယ်လို့ကတိပေးခဲ့တယ်မလား ။ သတိရပါတော့ကွယ်" ဟုပြောကာ ပါးလေးအားခပ်ဖွဖွကိုင်နေမိသည်။ ထို့နောက် monitor မှ ရုတ်တရက် တီ တီ ဆိုသော အသံရှည်နှင့် အတူ ခန့်ကို၏လက်မှာ တစ်ချက်လှုပ်လာသည်။ ထို့နော့က်နှလုံးခုန်နှုန်းမှာမတညိငြိမ်တော့ စိမ်းလည်းချက်ချင်းပင် emergency ခလုတ်ကိုနှိပ်ကာ ဆရာ၀န်ခေါ်လိုက်သည်။ ဆရာ၀န်ရောက်တော့ စိမ်းတို့အားအပြင်ထွက်စေကာ စမ်းသပ်နေသည်။  အရေးပေါ် CPR ပါပေးပြီးတော့ ဆရာ၀န်ပြန်ထွက်လာကာ စိမ်းတို့ဆီ အမြန်လာပြီး စာရွက်စာတမ်းတစ်ချို့၌လက်မှတ်ထိုးခိုင်းသည်။
"လူနာက သတိတော့ပြန်၀င်လာပြီ ဒါကြောင့်အရေးပေါ် operation တစ်ခုလုပ်ရမယ် အခြေ‌အနေက 50%/50%ပါပဲ ။ကျွန်တော်တို့အကောင်းဆုံး‌ကြိုးစားမှာပါ။ လက်မှတ်ထိုးပေးပါ "ဟုဆိုကာ ပေးလိုက်သည်။
ဦးခန့်ကျော်ကိုလည်း လက်မှတ်အမြန်ထိုးပေးလိုက်သည်။ထို့နောက် ဆရာ၀န်တစ်ချို့ဟာ လမင်းခန့်ကို အား operation ခန်းထဲသို့ခေါ်ဆောင်သွားသည်။

___________________________________________
#Wang511
4.1.24

ဇာတ်လမ်းရဲ့ ending ကို he လားseလားမစဉ်းစားရသေးပါဘူး

You've reached the end of published parts.

⏰ Last updated: Jan 04 ⏰

Add this story to your Library to get notified about new parts!

စိမ်းWhere stories live. Discover now