အပိုင်း၈

421 29 2
                                    

စိမ်း ရေချိုးအ၀တ်စားလဲပြီးတော့ ဖုန်းကိုကြည့်လိုက်တော့ ‌ခန့်ကိုဆီမှ ခေါ်ထားသည်မှာ 10ခါလောက်ရှိသည်။ စိမ်းလည်း ခန့်ကိုဆီ ဖုန်းပြန်ခေါ်လိုက်တော့ ချက်ချင်းပင်ဖုန်းကိုင်လိုက်သည်။ စိမ်းက "ခန့်ကို ဖုန်းတွေခေါ်ထားတာဘာဖြစ်လို့လဲ။ လက်ကနာနေလို့လား"
"ဟင့်အင်း။မနာပါဘူးလက်က မမကိုလွမ်းလို့။ မမအသံလေးကြားချင်လို့"
"မင်းက ပိုပြီကွယ် "
"မမသိလား။ ကျွန်တော်လေမမကိုအရမ်းတန်ဖိုးထားတာပဲ။ ကျွန်တော်လေ မမကို မပိုင်ဆိုင်ရရင်တောင်မှ မမပျော်နေရင် စိတ်ချမ်းသာနေတာကို မြင်ရရင်ကျွန်တော်ကျေနပ်နိုင်ပါတယ်မမ။ကျွန်တော်ဘယ်လောက်ကြာကြာမမကိုစောင့်နိုင်ပါတယ်မမ။ကျွန်တော်ချစ်တာမမတစ်ယောက်တည်းဆိုတာတော့ယုံပါနော်။ ကိုဉာဏ်ပြောပြလို့ကျွန်တော်သိပြီးပါပြီ။ ကျွန်တော် ရဲ့စိတ်ကူးထဲရဲ့၁ရာခိုင်နှုန်း‌မှာတောင်သူမရှိတော့ပါဘူးမမ။ ကျွန်တော်မမစိမ်း ကိုအရမ်းချစ်တယ်။"
ခန့်ကို ထိုသို့ပြောတာကို တစ်ဖက်တွင် စိမ်းမှာတော့ ကုတင်ပေါ်မှီထိုင်နေရင်း အလိုလိုပင်ပြုံးမိနေသည်။ ဒီ‌ကလေး ဘယ်လောက်ချစ်ဖို့ကောင်းလဲ ။ သူ့အပေါ်ဘယ်လောက်တောင်တန်ဖိုးထားလည်း သိသာနေသည်။ စိမ်းလည်း "ခန့်ကို တို့တစ်ခုလောက်တောင်းဆိုလို့ရမလားဒီည "
"ပြောလေမမ ကျွန်တော် ဘာလုပ်ပေးရမလဲ "
"တို့ ကိုသီချင်းတစ်ပုဒ်လောက်ဆိုပြမလား။တို့စိတ်တွေအရမ်းပင်ပန်းသလိုဖြစ်နေလို့။ ဂစ်တာနဲ့တော့မဆိုပါနဲ့ မင်းလက်နာနေတာကို ။ ဒီတိုင်း vocal only ပဲဖြစ်ဖြစ်ပေါ့။ you tube ကသွားနာထောင်ရင်ရတာသိပေမယ့်တို့အလေးထားက မင်းဆီက အသံလေးနားထောင်ချင်လို့ မင်းအဆင်ပြေရင်ဆိုပြပါ။ "
"ဗျာ ကျွန်တော်ကမမ အလေးထားရတဲ့လူ ဟုတ်လား။ပျော်လိုက်တာမမရယ်။ guitar မဟုတ်လည်း ကျွန်တော် pianoနဲ့ဆိုပြမယ်။ ဘာဆိုပြရမလဲ မမ"

"ဘာသီချင်းဖြစ်ဖြစ် မင်းဆိုပြမှာမလို့ အကုန်ကြိုက်တယ်"
"ဟုတ်အဲ့ဒါဆို ကျွန်တော်ဆိုပြမယ်နော်"ဟု‌ဆိုကာ piano ရှိတဲ့ ဆီသွားလိုက်သည်။ထို့နောက် ဖုန်းအားဘေးတွင်ချကာ pianosသံနှင့်အတူ ပျံ့လွှင့်လာသော သီချင်းသံ ..
" သူ့ မျက်၀န်းလေး တွေရင်ထဲ သိုဝှက်ရင်းနဲ့
စိတ်ကူးမျှော်လင့်ချက်တွေ အိပ်မက်မှာအမြဲငြိတွယ်
ကိုယ့်အချစ်ဆုံးလေးရေ ကိုယ်သိပ်ရင်ခုန်နေတယ်
ကိုယ့်နှလုံးသားကို ထိန်းချုပ်ထားဖို့ခက်တယ်
အချစ်ဆိုတဲ့ အဓိပ္ပာယ် ရင်ထဲအလိုလိုနားလည်
ကိုယ်မပြောတတ်ဘူးသိတယ် အချိုဆုံးကိုယ့်သီချင်းလေးနဲ့
စိမ်း ကိုပဲချစ်တယ် ..အချစ်ဆုံး ယုံကြည်ပါကွယ်
ကိုယ့်ဘ၀တစ်သက်လုံးအတွက်ပါပဲကွယ်.......xxxxxxx"
ခန့်ကိုသီချင်းဆိုနေတဲ့တစ်လျှောက် စိမ်းကတော့ သူဆိုပြသည်ကို ပြုံးကာနားထောင်နေလေသည်။
သီချင်းဆုံးတော့ခန့်ကိုက "မမ သဘောကျရဲ့ သီချင်းလေးကို ၊ ဒီသီချင်းလေးက ကျွန်တော်ရဲ့အချစ်ဆုံးမမစိမ်း အတွက်"
စိမ်းလည်း "ကျေးဇူးပါခန့်ကို တို့အရမ်းသဘောကျတယ်။ မင်း‌လည်းနားတော့လေ ။နောက်ရက်ဆေးရုံမီဆေးသွားထည့်ရင်တို့လိုက်ပို့မယ်။ good night ခန့်ကို။"
"ဟုတ်ကဲ့မမ ။ good night " ဟုဆိုကာ ဖုန်းချလိုက်သည်။
ခန့်ကိုလည်း လက်က လှုပ်ရှားလိုက်ရတာကြောင့် အနာက ကိုက်လာသောကြောင့်ဆေးတစ်လုံးသောက်ပြီးအိပ်လိုက်သည်။

စိမ်းWhere stories live. Discover now