အပိုင်း၆

459 39 0
                                    

ခန့်ကို‌လည်း‌လည်း စိမ်း၏ ပုခုံးနှစ်ဖက်ကို ကိုင်ကာ မျက်နှာကိုတည့်တည့်ကြည့်ရင်း "ခဏ မဟုတ်ဘူး မ ။ အချိန် ရာသီတွေ ဘယ်လောက်ပဲကြာကြာ မမစိမ်းကို ကျွန်တော်စောင့်နိုင်တယ် မ "
ခန့်ကို ထိုသို့ပြောလိုက်တော့ စိမ်း၏ မျက်နှာလေးရဲသွားကာ ရှက်ပြုံးလေးနဲ့ "‌တို့ အလုပ်ရှ်ိသေးလို့သွားပြီ"ဟုဆိုကာ company ထဲသို့ပြေး၀င်သွားသည်။
ခန့်ကိုလည်း ဖခင်ဖြစ်သူရုံးခန်းကိုတန်းသွားတော့ ဖခင်ဖြစ်သူက သူ့အား ဂုဏ်ယူသည့်အပြုံးနှင့် ပြုံးပြပြီးဖက်လိုက်သည်။ ဦးခန့်ကျော်ကိုတစ်ယောက် သူ၏သမီးဖြစ်သူ ဒီလောက်ထိ လုပ်ပြနိုင်ပြီး ဒီလိုပြောင်းလဲလာလိမ့်မည်ဟု မထင်ထားခဲ့ပါ။ စိမ်းနေရည်မင်းဆိုသည့်ကောင်မလေးကြောင့်အရာရာပြောင်းလဲလာသည့်အတွက် ‌ထိုကောင်မလေးကိုတော့ကျေးဇူးတင်မိသည်။ သူကိုယ်တိုင်လည်းငယ်စဉ်ကအချစ်ကြောင့်အရာအားလုံးပြောင်းလဲခဲ့နိုင်သည်မဟုတ်လား။
ခဏနေတော့ ခန့်ကို ကို company ၀န်ထမ်းများနှင့် မိတ်ဆက်ပေးကာ တာ၀န်ယူရမည့် တာ၀န်များနှင့် အလုပ်လုပ်ရန်ရုံးခန်းကိုလိုက်ပြပေးသည်။ ခန့်ကို၏ရုံးခန်းမှာ စိမ်း ၏ဌာနနှင့်ကပ်လျက်ဖြစ်နေသည်။
ခန့်ကိုရုံးခန်းပြတင်းပေါက် မှ လှမ်းကြည့်တော့ ဌာနမှ JEအင်ယာ‌တစ်ယောက်က စိမ်းအားအတင်းကပ်ကာ စကားပြောနေသည်။ စိမ်းကလည်းရယ်မောနေတော့ ခန့်ကို ၀မ်းနည်းစိတ်၀င်သွားသည်။
ခဏကြာတော့ ခန့်ကို ၏အတွင်းရေးမှူးတာ၀န်ထမ်းဆောင်မည့် ကိုဉာဏ်သစ်ကျော်ရောက်လာကာ project ဆောက်မည့်မြေနေရာကိုသွားကြည့်ရန် လာခေါ်သည်။
ခန့်ကိုလည်း ချက်ချင်းပင် အပေါ်အင်္ကျီကောက်၀တ်ကာ အခန်းပြင်သို့ထွက်ကာ "ဒေါ်စိမ်းနေရည်မင်း ခင်ဗျာ။ ကျွန်တော်တို့ project အတွက်မြေနေရာသွားကြည့်မလို့ လိုက်ခဲ့နိုင်မလားခင်ဗျာ" ။ လမင်းခန့်ကို ၏လေသံမှာ ရွဲ့သလိုဖြစ်နေတော့ စိမ်း မျက်ခုံးတစ်ချက်ပင့်ကာ "ရပါတယ် ကျွန်မလိုက်ခဲ့ပါ့မယ် သွားနှင့်ပါဟု "ပြောကာ နောက်ကလိုက်ခဲ့သည်။ ခန့်ကို လည်း car parking ရောက်တော့ သူ့ အတွင်းရေးမှူးကိုအရင်သွားစေကာ စိမ်းကို စောင့်နေသည်။ စိမ်းရောက်တော့ တံခါး ဖွင့်ပေးကာ စကားလုံး၀မပြောပဲ ကားကိုသာအာရုံစိုက်မောင်းနေလေသည်။ခန့်ကို၏မျက်နှာမှာခက်ထန်နေပြီး တစ်ခုခုကိုစိတ်ဆိုးနေဟန်တူကာ စိမ်းကိုလည်းစကားတစ်ခွန်းမှမပြောတော့ စိမ်းရင်ထဲတစ်မျိုးပင်။  ထိုစဉ် FMမှ လာသောသီချင်းတစ်ပုဒ် မှာ "မပြောရဲသေးတဲ့ စကားလုံးတွေထဲ ဒီလိုညတိုင်းအိပ်မက်တွေ သူသိအောင်ဘယ်လိုလုပ်မလဲ ၊ ဥဩငှက်တို့က ရိပ်မိဆဲ၊ ချယ်ရီပင်များလည်းသိတယ်ရင်ထဲက‌ဒီအကြောင်းတွေ ××××××ရင်မှာဒီခံစားချက်မျိုးကိုအချစ်လို့ခေါ်သလားကွယ် ငါ့ရဲ့အဖြစ်တွေသူသိစေ" ထိုသီချင်းလေးက စိမ်း၏ခံစားချက်တစ်ချို့နှင့်ကိုက်ညီနေတော့ပြုံးမိသွားသည်။ ထို့နောက် "ခန့်ကို ဘာဖြစ်နေတာလဲဟင် " ဟုမေးလိုက်တော့ "ဘာမှမဖြစ်ပါဘူး ဒီတိုင်း စိတ်ထဲပြိုင်ဘက်ပေါ်လာသလိုခံစားရလို့ပါ ။ အဲ့ဒါတွေထားလိုက်ပါ ရှေ့မှာရောက်ပြီ ဆင်းရအောင် "ဟုပြောကာ စကားလမ်းကြောင်းလွှဲလိုက်သည်။
‌condoဆောက်မည့်နေရာရောက်တော့ စက်တစ်ချို့နှင့်မြေတောင်ညှ်ိပြီးကြပြီဖြစ်သည်။ ခန့်ကိုရော စိမ်းရော စစ်ဆေးစရာ ရှိသည်များကို‌ စစ်ဆေးနေသည်။ ခန့်ကို က "Safety is first"ဆိုသည့်ဆောင်ပုဒ်အတိုင်း လိုအပ်သည့်လုံခြုံရေးပစ္စည်းများကိုဦးစွာ စစ်ဆေးနေသည်။
ထိုစဉ် စိမ်းကတော့ စစ်ဆေးစရာများပြီး၍ ဖုန်း‌လာ၍ ဖုန်းပြောနေစဉ် မြေညှိရန်အတွက်မြေဖို့စက် မောင်းတဲ့လူရဲ့မဆင်မ‌ခြင် လုပ်ပြီးမောင်းမှူကြောင့် စိမ်းကို တိုက်မိမလိုဖြစ်တော့ ခန့်ကို မှာမြင်မြင်ချင်း စိမ်းအား တွန်းကာ မြေပေါ်လှိမ့်ချလိုက်သည်။ နှစ်ယောက်လုံး helmet ဆောင်းထား၍ သိပ်မထိသွားပါ။ စိမ်းမှာခန့်ကို၏ ကာကွယ်ပေးမှုကြောင့် ပွန်းပဲ့ရာလောက်သာရသွားသောလည်း ခန့်ကို မှာတော့ လှိမ့်ချလိုက်သည်ြနေရာမှာ mechanical toolsတွေထားတဲ့နေရာနားဖြစ်ကာ hand circular saw ထားသည့်နေရာ သို့သူ၏ညာဘက်လက်မှာ ရောက်သွားပြီ ဓားသွားစိုက်သွားကာ လက်မှာကွဲပြီးသွေးများပန်းထွက်လာသည်။ သွေးပူနေတုန်းခန့်ကို စိုက်နေသောဓားသွားကိုဖယ်လိုက်တော့ စိမ်းမှာ ခန့်ကို သွေးတွေအများကြီးပဲဟုဆိုကာ အိတ်ထဲမှ လက်ကိုင်ပဝါအား ဓားသွားထိသည့်နေရာသို့အုပ်လိုက်သည်။ ထိုစဉ် ခန့်ကို၏အတွင်းရေးမှူး‌လည်း ရောက်လာကာ ခန့်ကို အားဆေးရုံပို့ရန်စီစဉ်‌သည် ။ နေ့ခင်းဘက်ဖြစ်၍ ရာသီဥတုကလည်းပူသည် သွေးများကလည်းတအားထွက်ထားသည်ကြောင့် ခန့်ကို ခေါင်းအနည်းငယ်မူနေသည်။ စိမ်းလည်းကားပေါ်၌ "ခန့်ကို ခေါင်းမူးနေရင် တို့ကိုမှီထားနော်" ဟုဆိုသည်။ ဆေးရုံရောက်တော့ အရေးပေါ်ဌာနထဲတန်းသွားရသည်။ ထို့နောက် nurse ၂ယောက်ရောက်လာကာ ဒဏ်ရာကိုကြည့်တော့ နက်သည့်အတွက် ချူပ်ရမည်ဟုဆိုကာ တာ၀န်ကျဆရာ၀န်သွားခေါ်သည်။ အနာကျက်ကြာမည်ဆိုး၍ အစိမ်းချုပ်မည်ဟုသာ ဆုံးဖြတ်လိုက်သည်။ ဆရာ၀န်ရောက်တော့ ဆရာ၀န်မလေးမှာ လမင်းခန့်ကိုကိုတွေ့တော့ "မောင် ....ဘာဖြစ်လာရတာလဲ " ။ ထိုအသံကြားတော့ ခန့်ကိုတစ်ယောက် မော့ကြည့်‌လိုက်တော့ ထက်ရွှေစင်လင်း ။ တစ်ချိန်က သူ၏ငယ်ချစ်ဦး ။ သူ့အသဲကို ရက်ရက်စက်စက်ခွဲသွားသူ တစ်ဦး " ။ ခန့်ကိုက "ကျွန်တော့်ကို ကျေးဇူးပြုပြီး ဆရာ၀န်ပြောင်းပေးလို့ရမလား "ဟုဆိုတော့ "မောင်ရယ် ...အရင်ကခံစားချက်တွေခဏဖယ်ထားလိုက်ပါ အရင်ချုပ်ရအောင် ဒဏ်ရာကြီး‌တယ် "ဆိုကာ အနာကိုစချုပ်သည်။ ဘေးမှစိမ်းလည်း ရှောင်ပေးဖို့ ထွက်မည်အလုပ် ခန့်ကိုကို စိမ်းလက်ကို ဖမ်းဆွဲလိုက်ကာ "ကျွန်တော်နားနေပေးပါမမ "ဟုဆိုတော့ စိမ်းက "အင်းပါ။ တအားနာရင် တို့လက်ကို ညှစ်လိုက်ရတယ်နော် "။ ဆရာ၀န်မလေးလည်းအခြေအနေကိုရိပ်မိကာ မျက်နှာပျက်သွားသည်။ လမင်းခန့်ကို၅ချက်ချုပ်လိုက်ရသည်။ ချုပ်၍ပြီးစီးသော် သွေးပေါင်‌ချိန်ကျနေ၍ ဆေးတစ်လုံးချိတ်ထားရစဉ် စိမ်းက "တို့ တောင်းပန်ပါတယ်‌။တို့ကြောင့် မင်းလက်အမာရွတ်ကျန်တော့မယ်" လမင်းလည်း "မဟုတ်တာ။ မမ ဘာမှမဖြစ်သွားတာပဲတော်သေးတာပေါ့။ မမသာတစ်ခုခုဖြစ်သွားရင်ကျွန်တော် သေမှာ "  ထိုစကားကို ကြားတော့ စိမ်းမှာ ဂရု‌ဏာဒေါသော လေးနဲ့ "မင်းဘာလို့သေစကားတွေပဲပြောနေရတာလဲဆိုပြီး မျက်ရည်ကျလာတော့ " ခန့်ကိုက "ဟာမမ မငိုနဲ့လေဆိုပြီး တစ်ဖန်ချော့ရလေသည်။

ထိုမြင်ကွင်း အခန်း၀မှ မျက်ရည်များနှင့်တကွ ကြည့်ကာ ပြန်လည်သွားသည့် ဒေါက်တာ ထက်ရွှေစင်လင်း တစ်ယောက်ကိုတော့ သူတို့နှစ်ယောက်လုံးမတွေ့မိလိုက်...
__________________________________________

#Wang511
11.9.2023

Update ကြာသွားတဲ့အတွက် တောင်းပန်ပါတယ်။
ကျနော့ဘ၀အတွက်အရေးပါတဲ့ လူတစ်ယောက်ဆုံးရှုံးလိုက်ရတာရယ်။ ကျနော့ လက် accident ကြောင့်စာမရိုက်နိုင်လို့ စာလုံးရေနည်းသွားပါတယ်။

စိမ်းWhere stories live. Discover now