အပိုင်း၇

415 35 2
                                    

ဆေးတစ်လုံးချိတ်ပြီးတော့ ခန့်ကိုရဲ့အတွင်းရေမှူးက ဆေးကောင်တာမှာ သောက်ရန်ဆေးများကိုသေချာမှတ်ယူနေသည်။ ထို့နောက် ခန့်ကိုနဲ့စိမ်းဆီသို့သွားကာ "အကိုလေး ကျွန်တော် ဥက္ကဌကြီးကိုဖုန်းဆက်ပြီးပြီ။ အိမ်တန်းပြန်နားတော့တဲ့။ "
ခန့်ကိုလည်း "ဟုတ်ပြီ။ အဲ့ဒါဆို ငါတို့မမစိမ်းကိုအိမ်အရင်လိုက်ပို့ရအောင်။ ခဏလေး မမရော ဘယ်နားထိသွားသေးလဲ"
"တို့ မင်းကျေးဇူးကြောင့် ဘယ်မှမထိသွားပါဘူး။ကျေးဇူးပါခန့်ကို။ မင်းတော့ဒီည အနာကကိုက်ပြီးအရမ်းနာနေတော့မှာပဲ "ဟုအားနာစွာနဲ့ပြောသည်။
ခန့်ကိုက " မဟုတ်တာ ။ ဘာမှမဖြစ်ဘူး။ အဓိကက မမ ဘာမှမထိခိုက်သွား ဖို့ပဲလေ ။ လာပါပြန်ရအောင်။ မမကိုကျနောလိုက်ပို့မယ်။ "
စိမ်းလည်း" အို ၊ မင်းမမောင်းရပါဘူး။ လက်ကဒီလောက်ထိထားတာ။ တို့မောင်းပြီ မင်းကိုအိမ်ပြန်ပို့မယ်။ ပြီးမှတို့ဘာသာတို့ အဆင်ပြေသလိုကြည့်ပြန်မယ်။ "
ခန့်ကိုလည်း  တစ်ချက်စဉ်းစားကာ "အာ့ဆို ဒီလိုလုပ် ။ ကိုဉာဏ် ကိုဉာဏ့်ကားနဲ့ နောက်ကလိုက်ခဲ့။ ပြီးရင်မမစိမ်းကိုအိမ်ပြန်ပို့ပေး ၊ နော် မမ အဲ့လိုလုပ်ရအောင်" ဟုပြောတော့ စိမ်းလည်း "ခန့်ကို သဘော။" ဟု‌ဆိုကာ ကားဆီသို့ထွက်ခဲ့သည်။ ကားပါကင်နားတွင် "မောင် " ဟုသောခေါ်သံနှင့် ဒေါက်တာထက်ရွှေစင်လင်း
ခန့်ကိုလည်း တစ်ချက်ကြည့်ကာ "public area မှာ အသုံးအနှုန်းဆင်ခြင်ပေးပါ အစ်မ။ ကျွန်တော်တို့ဟာ ဘာမှမပတ်သက်တော့သလို၊ အရင်ကလည်း သာမန်မိတ်ဆွေတွေထက်အဆင့်မပိုခဲ့ကြဘူမလား။  ပြီးတော့ကျွန်တော်က tomboy တစ်ယောက်ပါ ။အစ်မပြောသလို ယောက်ျားအစစ်တစ်ယောက် မဟုတ်ပါဘူး ။ ခွင့်ပြုပါဦး " ဟုဆိုကာ ကားထဲ၀င်လိုက်သည်။ စိမ်းလည်း နားမလည် ဟန်ဖြင့်ကြည့်ပြီး ခန့်ကို ကိုလိုက်ပို့ရန် ကားထဲ၀င်‌လိုက်သည်။ လမ်းတစ်လျှောက် ခန့်ကို က ကားမောင်းနေသော စိမ်းအား ကြည့်နေလေသည်။

စိမ်းလည်း "ဟိတ် ရှင်နော် တစ်ချိန်လုံးကျွန်မကို အဲ့လိုကြီးကြည့်နေတော့ ကျွန်မ မနေတတ်တော့ဘူး။ ဘာလို့အဲ့လောက်တောင်ကြည့်နေရတာလဲ "
ခန့်ကိုလည်း " မမက အခုပုံစံနဲ့လည်း တစ်မျိုးလှနေလို့လေ ၊ ပြီးတော့ မမ အဲ့လိုလေးပြောတာ ကျွန်တော်အရမ်းသဘောကျတာပဲ သိလား။ "
စိမ်းလည်း "မင်းကတော့ပိုပြီ ။ ဒါနဲ့လက်က အရမ်းနာနေမှာပဲ၊တို့ကြောင့်နဲ့"
ခန့်လည်း "နာ‌တာတော့နာတယ် ဒါပေမယ့် ကျွန်တော့်မဟုတ်ဘဲ မမသာထိသွားကြည့် ကျွန်တော့်ရင်ဘက်ထဲကပိုနာမှာ။ အဲ့ဒါကြောင့် မမကြောင့်ဖြစ်ရတယ်လို့မတွေးပါနဲ့။ ကျွန်တော်ဆိုတာရှ်ိနေသ၍ မမ ဘာမှမဖြစ်စေရဘူး။ "
"ဟုတ်ပါပြီ။ ကဲ မင်းအိမ် တောင် ရောက်ပြီ ။ ဒါဆိုတို့ပြန်တော့မယ်‌ လေ "ဟုဆိုတော့
"နေပါဦး မမရဲ့ အိမ်ထဲ၀င်ပါဦး။ မားမားတို့နဲ့မိတ်ဆက်ပေးချင်လို့ ။ နော်မမ "ဟု သနားစရာအသံမျက်နှာလေူနဲ့ပြောတော့ စိမ်းလည်း မ‌နေနိုင်တော့ပေ။

စိမ်းWhere stories live. Discover now