အပိုင်း၂

733 39 0
                                    

စိမ်းလည်း ကြည့်ကာ ပါးစပ်မှ "ဟင် သူ ခုနက သူ......"
သူငယ်ချင်းများက "ဘာ ဒါ ခုနက jacket ပိုင်ရှင်လား"
အင်း ဟုတ်တယ် သူပဲ သူ.......
စိမ်း သူငယ်ချင်း မေ‌သော်သော်ထက်မှ "ငါ သူ့ကိုသိတယ် အခုတစ်လော social media ပေါ်မှာ skate stunk တွေနဲ့ နမည်ကြီးနေတဲ့ tomboy ချောချောလေးလေ။ စော်ကလည်းတအားကြည်တာ။ ငါ့မောင်လေးသူငယ်ချင်းလေ"
မေသော်ထိုသို့ပြောတော့ သူငယ်ချင်းနှင့်စိမ်းတို့က အဲ့လောက်တောင်ပဲလား‌ဆိုသော မေးခွန်းမေးတော့ မေသော်က "အဲ့လောက်တောင်မဟုတ်ဘူး ဟေ့ အဲ့ထက်ပိုတယ်ဟေ့ သူက MOON Group ရဲ့ တစ်ဦးတည်းသောသမီး ၊အမွေဆက်ခံ‌သူဟေ့ ၊ပြီးတော့သူက engineering ကို PhDထိပြီးထားတာ "
စိမ်းမှ "PhDထိတောင်ပြီးထပြီး အလုပ်မလုပ်ဘဲ မိဘလုပ်စာထိုင်သုံးဖြုန်းနေတာလား ဒီကလေးက ။ငါတို့များ Master တတ်ရင်းအလုပ်လုပ်ရတာ "
မေသော်က "ငါ့မောင်ပြောတာတော့မကြာခင်သူတို့တူတူအလုပ်၀င်မယ်ပြောတယ်၊ ဟဲ့ စိမ်း နင်ရင်ခုန်သွားတယ်မလား"
စိမ်း မှ "ပေါက်ပေါက်ရှာရှာဟယ် ၊ ဒီလိုကလေးကို ရင်ခုန်စရာလား"

"အေးလေ နင့်နားမှာဒီလောက်ရွေးစရာလူတွေဝိုင်းနေတာ အကုန်ငြင်းလွတ်ပြီး ဘာလည်းနင်က Lesbian လား၊ အပျိုကြီး တစ်ယောက် tomboy လေးကိုရင်ခုန်နေပြီထင်တယ်"
စိမ်းမှ "ငါကLesbian လို့လည်းမဟုတ်ဘူး။ အချစ်မှာယောက်ျားမိန်းမရယ်လို့ကန့်သတ်ချက်မရှိဘူးလေ။ ငါ့ကိုတကယ်ချစ်ပြီးပျော်အောင်၊ စိတ်ချမ်းသာအောင် ထားနိုင်ရင် အဆင်ပြေတာပဲ"

တစ်ဖက်တွင်လည်း လမင်းခန့်ကို က ဂစ်တာလေးပိုက်ကာ "ကျွန်တော်ဒီည ဒီ barထဲမှ မတော်တဆတွေ့ဆုံခဲ့ရတဲ့ မိန်းမလှလေး ကိုပြန်တွေ့ချင်လို့ လိုက်ရှာရင်း သီချင်းလေး‌တစ်‌ပုဒ်နဲ့ဖျော်ဖြေပေးချင်ပါတယ်
လမင်း stage ပေါ်ကနေတစ်ချက်ကြည့်လိုက်တော့
စိမ်းတို့ထိုင်နေတဲ့ဝိုင်းကိုသွားတော့သည်။ စိမ်းက stage ဘက်ကိုတစ်ချက်လှည့်ကြည့်တော့ စိမ်းရဲ့မျက်၀န်းလေး ။ထိုမျက်၀န်းလေး ကိုကြည့်မိတိုင်း လမင်းအကြိမ်ကြိမ်ရင်ခုန်ရပါသည်။
လမင်းလည်း ဂစ်တာကို တီးခတ်ရင်း

"ကျိန်စာလား ရပ်မသွားတဲ့ ခံစားချက်ပေါင်းများစွာနဲ့
စူးရှတဲ့မျက်၀န်းတစ်စုံ မင်းချန်ခဲ့
မူမပိုင်တဲ့မျက်၀န်းအတွက် ကြိတ်ပြီးရူးခဲ့ရပေမယ့်
နှုတ်ဆက်မယ့်ဒီနှုတ်ခမ်းတွေ တွေးပူနေ"

စိမ်းWhere stories live. Discover now