အပိုင်း 10

536 41 2
                                    

စိမ်းတစ်ချက်စဉ်းစားလိုက်သည်။စိမ်း၏ဖခင်ဖြစ်သူသည် ရှေးရိုးစွဲသည် LGBT ကိုသိပ်လက်မခံသေးသူ တစ်ယောက် ထို့ပြင် စိုင်းမင်းကိုနဲ့လည်း ကြိတ်သဘောတူနေသူ ပင် ။

"ဟုတ်ပါပြီကိုစိုင်း။ ကျွန်မစဉ်းစားပေးပါ့မယ်၊ခုတော့သွားကြရအောင်"
စိမ်းတို့ထွက်သွားတော့ ဆိုင်ထောင့်တစ်နေရာကနေ လက်သီးကိုကျစ်ကျစ် စုပ်ထားပြီး စိမ်းရဲ့နောက်ကျောပြင်လေးကိုငေးကြည့်နေမိသည်မှာလမင်းခန့်ကို။ မမကြည့်ရတာ ဒီလူနဲ့ပြန်တွေ့ရတာပျော်နေတဲ့ပုံပင်။
လမင်းခန့်ကို တိုးတိုးလေးရေရွတ်လိုက်သည် "မမသာပျော်မယ်ဆိုရင်ကျွန်တော်ဘာပဲစတေးရ စတေးရ လုပ်ရဲတယ်။ ကျွန်တော်ကိုပြန်မချစ်နိုင်ရင်လည်းရပါတယ်မမ။ အရေးကြီးတာကမမပျော်ရွှင်နေဖို့ပဲ ။ကျွန်တော်က စချစ်ခဲ့ထဲက မမအတွက်ဘာမဆိုပေးဆပ်မယ်ဆိုတဲ့စိတ်နဲ့ချစ်ခဲ့တာပါ။ အရမ်းချစ်တယ်မမစိမ်းနေရည်မင်းရယ်"
ထိုစကားသံများကို စိမ်းနေရည်မင်း‌ တစ်ယောက်သိမယ်မထင်ပါ။
နောက်ရက်တွေလည်း စိမ်း၊ခန့်ကို နဲ့ စိုင်းမင်းကို တို့ဟာ ပုံမှန်အလုပ်တွဲလုပ်ဖြစ်ကြတယ်။ လမင်းခန့်ကို စာရွက်ပေါ်မှာချဆွဲခဲ့တဲ့ ဒီဇိုင်းကို အပြင်မှာလက်တွေ့ ဆောက်လုပ်နေကြတယ်။
အချိန်လည်းတစ်ဖြေးဖြေးချင်းကုန်ဆုံး လာတာ ၁၁လနီးပါကြာနေပြီ ။ လမင်းခန့်ကို ဆွဲထားတဲ့ ဒီဇိုင်းဟာလည်း အပြင်မှာတကယ်ရုပ်လုံးပေါ်လာခဲ့ပြီ။
စိမ်း နဲ့ ခန့်ကို ရဲ့ဆက်ဆံရေးကလည်း အနည်းငယ်အေးဆက်လာသည်ဟုထင်ရသည်။ သို့သော် ခန့်ကိုဘက်ကသာ အမြဲမမစိမ်းကိုစခေါ်သည်။
ဒီနေ့ ခန့်ကိုနဲ့စိမ်းတို့siteထဲ ၀င်စစ်ကြပြီး လိုအပ်တာတွေမှာကြားပြီး site နားကသစ်ပင်ရိပ်အောက်က ခုံတန်းမှာ ခဏတာ ၀င်နားလိုက်သည်။ ခန့်ကိုဟာ အလိုက်တသိ ရေဗူး လေးအားဖွင့်ပြီး "မမစိမ်း မောနေမှာပေါ့ လောလောဆယ်ရေပဲသောက်လိုက်ဦးနော် ပြီးမှကျွန်တော်တို့ တစ်ခုခုသွားစားကြတာပေါ့"
"အင်းပါ ခန့်ကို ။ကျေးဇူးပဲနော် ခန့်ကို"
စကားပြောရင်း site ထဲကိုတစ်ချက်လှမ်းကြည့်မိတော့
ကောင်လေးတစ်ယောက် သံတန်းတွေ ၀ရိန်ဆက်နေတာပုံမကျ။ လမင်းခန့်ကို မနေနိုင်တော့ဘဲ ထိုနေရာသို့ထသွားတော့သည်။ စိမ်းလည်း ဘာဖြစ်မှန်းမသိတော့နောက်က အတင်းပြေးလိုက်တာ အနားရောက်တော့ ခန့်ကိုက "ဟေး ကောင်လေး ။မင်းဘယ်လို welding လုပ်နေတာလည်း။ လက်အိတ်လည်းမ၀တ် helmet လည်းသေချာမဆောင်းဘူး။ ပြီးတော့မင်းလုပ်တာတွေလည်းပုံမကျဘူးကွ။ မင်းဘယ်မေဂျာ‌နဲ့ဘာကျောင်းဆင်းတုန်း"
ထိုကောင်လေး " ဟုတ်ကဲ့ ကျနော mechanical ကပါဆရာ AGTIကျောင်းဆင်းပါ ။ BEဆက်တတ်ဖို့ စောင့်နေတုန်း ဒယ်ဒီ့ကိုအကူအညီတောင်းပြီး ဒီမှာအတွေ့အကြုံရအောင် Field ဆင်းကြည့်နေတာပါဆရာ။ တောင်းပန်ပါတယ်ဆရာ"
ခန့်ကိုလည်း "ဒါဆိုမင်းက အန်ကယ်ဦးစိုးလွင်မြင့်သား၊
သိမ့်ရွှေရည်စိုး ရဲ့ညီမ ပေါ့။ ငါ့ကိုဆရာလို့မ‌ေခါ်ပါနဲ့အစ်ကိုဆိုရပါပြီ။ဒါနဲ့ မင်းနမည်က.."
"ဟုတ်ပါတယ် ဆရာ ။အဲ အစ်ကို။ ကျွန်တော့်နမည်က သာထက်ဉာဏ်လွင်ပါ ။ အိမ်မှာတော့ Alex လို့ပဲခေါ်တယ်။ အစ်ကိုအဆင်ပြေသလိုခေါ်ပါ။
"OK Alex.မင်းကိုအကို welding လုပ်တာသင်ပေးမယ်ဒီမှာကြည့်။ မင်းဘာအလုပ်မှမလုပ်ခင်သေချာအရင်လုပ်ရမှာက မင်း အပူခံလက်အိတ်၀တ်ဖို့ရယ်။ မင်းမျက်လုံးကို ကာကွယ်ဖို့ welding helmet ဆောင်းဖို့ရယ်ပဲ ...."ဟု‌ဆိုကာ သေချာကရှင်းပြကာ ‌သင်ပေးနေသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ပြုံးမိနေသည်က စိမ်း ။ ခန့်ကိုဟာ architects တစ်ယောက်ဖြစ်ရက်နဲ့ ဘာလို့ mechanicalနဲ့ဆိုင်တဲ့အရာတွေသိနေရလဲ ဆိုသောအတွေးနှင့်။....

စိမ်းWhere stories live. Discover now