အပိုင်း ၅

477 34 0
                                    

လမင်းခန့်ကို တစ်ယောက် စိမ်းကို အိမ်ပြန်ပို့ပြီး တော့ အတွေးများနှင့်အိမ်ပြန်လာသည်။ သူပြန်လိုက်ပို့သည်ကို စိမ်း၏အဖေဟုထင်ရသူ တွေ့သွားသည်။ သူ့လိုအလုပ်မလုပ်သေးဘဲ ဝါသနာနောက်လိုက်နေသည့် လူငယ်တစ်ယောက်ကို လူကြီးတွေသဘောမကျမှာ သူပထမဆုံးစိုးရိမ်စိတ်ဖြစ်ပေါ်လာသည်။ လမင်းခန့်ကိုသည် သူဝါသနာပါသည့် skate board စီးခြင်းနှင့်ပတ်သက်ပြီး တခြားလူမကောင်းမြင်ခြင်း ပြောဆိုခြင်းကို သူတစ်ခါမှဂရုမစိုက်ခဲ့ပါ။ သို့သော် ယခုအခါက သူချစ်သော အမျိုးသမီးရဲ့အုပ်ထိန်းသူဖြစ်သောကြောင့် သူပထမဆုံးအကြိမ်ထိတ်လန့်မိပါသည်။ဒါဟာလည်း စိမ်း ဆိုသောအမျိုးသမီးသည်သူ့၏ဘ၀တွင် မည်မျှတန်ဖိုးထားအရေးပါကြောင်းပြနေသည်။ ထိုသို့အတွေးများဖြင့်ကားမောင်းရင်း traffic lights မိနေချိန်တွင် စိမ်းပြန်ပေးသော jacket လေးကို ကြည့်ပြီးပြုံးမိသည်။ သူ့အတွေး၌ ဒီအင်္ကျီလေးကို သူ ဒီတစ်သက်မ၀တ်တော့ဘဲ အမှတ်တရအဖြစ်သာသိမ်းထားတော့မည် ဟု တွေးနေစဉ် ဖုန်း၀င်လာတော့ တစ်ဖက်ကခေါ်ဆိုသူမှာ သူ့၏ပါးပါး ပင်
"ဟုတ်ကဲ့ပါးပါး ပြောပြဗျ" ဟု ပြောတော့ ခန့်ကို၏ပါးပါးက "မင်းဘယ်မှာလဲ company ကို ခုပြန်လာလို့ရရင်ပြန်လာခဲ့ မနက်ဖြန် မင်းအလုပ်၀င်ရမယ့် နေရာနဲ့ရာထူးကို တစ်ခါထဲမိတ်ဆက်ပေးထားမလို့"
"ဟုတ်ကဲ့ပါးပါး ကျွန်တော်အခုလာပြီနော် "
ခန့်ကိုလည်း company ကိုသာဦးတည်မောင်းလိုက်သည် ။ company ရောက်တော့ ခုနက သူ့ကို Boss ရဲ့သမီးမှန်း မသိဘဲ စွတ်ဟောက်တဲ့ ‌မန်နေဂျာဆိုသူ က အခုတစ်ခေါက်မှာတော့ "အစ်ကိုလေး ကြွပါ ကြွပါ "နဲ့ကိုဖြစ်ကာ ကဲကဲသဲသဲဖြစ်နေသည်။ အစည်းဝေးခန်းထဲရောက်တော့  လမင်းခန့်ကိုလည်း သူ၏ဖခင်ဘေး၌ပင်ထိုင်လိုက်သည်။ သူ၏ ဖခင်က " အားလုံးပဲ ကျွန်တော်ဒီနေ့ ‌ပြောစရာလေးရှိလို့ meeting ခေါ်လိုက်ရတာပါ ။" ရှယ်ယာရှင်များက "ဟုတ်ကဲ့ CEO ။ဘာများလည်းခင်ဗျ ။ပြောပါ။ "
ဦးခန့်ကျော်ကိုလည်း "ဒီဘက်မှာ ရှိနေတဲ့ လူကတော့ ကျွန်တော့်ရဲ့တစ်ဦးတည်းသောသမီးဖြစ်သူ လမင်းခန့်ကို ပါ ။PhD (archi)နဲ့ကျောင်းပြီးထားပါတယ်။သူကတစ်ခြား company ငယ်လေးတွေမှာ အောက်ခြေအဆင့်ကစပြီး တစ်ချို့နမည်ကြီး project တွေမှာပါ၀င်ခဲ့ဘူးပါတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို ကျွန်တော့်မိသားစုရဲ့ရှယ်ယာ ၇၀%ထဲကနေ သူ့ကို၁၀%ခွဲပေးပြီး  The MOON Construction Group ရဲ့ MD ရာထူးကိုပေးပြီး ခုနောက်လာမယ့် Condo ဆောက်မယ့် project ကိုပေးချင်ပါတယ်။ ဒါကို ရှယ်ယာရှင်များအနေနဲ့ သဘောတူပါသလားခင်ဗျာ"
ရှယ်ယာရှင်တစ်ချို့က သဘောတူပေမယ့် တချို့ကသဘောမတူချင်ဘဲ ခန့်ကို ကို challenge လုပ်ကြတယ်။ မင်း ကိုင်ရမယ့် condo project ရဲ့ပုံကြမ်းကို မနက်ဖြန် နေ့လည်မှာ ပုံကြမ်းတင်ပြနိုင်ရင် မင်းကို MD ရာထူးနဲ့ site manager အနေနဲ့ တာ၀န်ပေးမယ်။ "
ဦး‌ခန့်ကျော်ကို တစ်ချက်တော့တွေဝေသွားသည်။ ဒီလို project မျိုးကို ၁ရက်ပဲအချိန်ပေးပြီး လုပ်ခိုင်းတယ်ဆိုထဲကိုက သူပြောတာကိုလက်မခံဘူးလို့ပြောတာနှင့်တူတူပဲဖြစ်သည်။ ဦးခန့်ကျော်ကို တွေးနေစဉ် ခန့်ကို မှ မတ်တပ်ရပ်လိုက်ကာ "ကောင်းပါပြီ ရှယ်ယာရှင်လူကြီးမင်းများ ။ ကျွန်တော်တို့မနက်ဖြန် ဒီလိုအချိန် ဒီ meeting room ထဲမှာ ပြန်တွေ့ကြတာပေါ့ ။ခုတော့ကျွန်တော့်ရဲ့အလုပ်ကိုစလုပ်ရမှာမလို့ ခွင့်ပြုပါဦး " ဟုဆိုကာ meeting အခန်းထဲမှထွက်သွားသည်။ ဦးခန့်ကျော်ကိုတစ်ယောက် လည်းအံ့အားသင့်သွားသည်။ သူ့သမီးဖြစ်သူ လမင်းခန့်ကို ပြောသွားသည့်စကား ပြောသွားသည့်အသံ သည် သာမန်သူမြင်နေကြပုံစံနှင့်မဟုတ်ဘဲ အလွန်ပင်ရင့်ကျက်လွန်းနေသည်။ လမင်းခန့်ကို ကိုပြောင်းလဲလာအောင် လုပ်ပေးနိုင်ခဲ့တဲ့ စိမ်းနေရည်မင်း ဆိုတဲ့ အမျိုးသမီးကို သူမြင်ဖူးချင်ပါသေးသည်။ ထို့နောက် ဦးခန့်ကျော်ကို နှင့် သူ့အတွင်းရေးမှူး လင်းသစ်နောင် တို့ ရုံးခန်းသို့ပြန်တော့ ရုံးခန်း Sofaပေါ်၌ နားထင်ကို လက်ညိုးနှင့်ထောက်ကာ စဉ်းစားနေတဲ့ပုံစံနှင့် ဖခင်ဖြစ်သူတို့၀င်လာသည်ကို အာရုံမထားမိ။ ဖခင်ဖြစ်သူက "သမီး ခန့်ကို အဆင်ပြေပါ့မလား " ဟုပြောတော့ ခန့်ကိုက "မပြေဘူး ဘာလို့လည်းဆိုတော့ ပါးပါးက ကျွန်တော့်ကိုသမီး သမီးနဲ့ခေါ်နေလို့ " လို့စလိုက်တော့ "ဒီကလေးနှယ့် အဖေကိုလာနှောင့်နေတယ် " ထိုစဉ် ကိုလင်းသစ်နောင်က " Boss ဒီမှာ Boss မှာထားတဲ့ ပစ္စည်းပါ "ဟုဆိုကာ ဦးခန့်ကျော်ကို‌ ပေးတော့ ဦးခန့်ကျော်ကိုက ခန့်ကို ကို "ရော့ ဒါမင်းအလုပ်အတွက် ပါးပါးလက်ဆောင်ပေးတာ " ခန့်ကိုက "ဘာကြီးလဲ "ဟု ပါးစပ်ကပြောရင် ဖွင့်ကြည့်လိုက်တော့ Apple MacBook နောက်ဆုံးထွက်ထားသည့်ခဲရောင်လေးပင် ။ "မင်း design တွေကို ယုံမယ်နော်ငါ့သား ။ ပါးပါးရုံးခန်းရဲ့ကြိုက်တဲ့နေရာမှာဒီနေ့အလုပ်လုပ် ။ ခနနေ လင်းသစ် သားအတွက်အင်္ကျီတွေပါလာပို့လိမ့်မယ်။ ကဲပါးပါးသွားပြီ။ သားအေးဆေးအလုပ်လုပ်လို့ရအောင် ။ "

စိမ်းWo Geschichten leben. Entdecke jetzt