အပိုင်း၉

410 30 2
                                    

ခန့်ကိုလည်း အိမ်ထဲ၀င်လိုက်ပြီး စိမ်းယူလာပေးတဲ့ကြက်ပေါင်းကိုစားနေလိုက်သည်။ စ်ိမ်းနဲ့ထက်ရွှေစင်လင်းကတော့ လမင်းခန့်ကို၏မိခင်ဖြစ်သူ ဒေါ်ခင်သက်ကို နဲ့စကားပြောနေလေသည်။
ခန့်ကိုအမေက "သမီးက စိမ်းနေရည်မင်းထင်တယ်။ အန်တီကလမင်းခန့်ကို‌ရဲ့အမေပါ တွေ့ရတာ၀မ်သားပါတယ်ကွယ်။အန်တီ့သမီးလေးကိုလည်း စောင့်ရှောက်ပေးပါဦး"
စိမ်းလည်း "ဟုတ်ကဲ့ပါအန်တီ။ သမီးကြောင့်ခန့်ကိုရဲ့လက်ထိသွားရတာ တကယ်တောင်းပန်ပါတယ်"
ထက်ရွှေစင်လင်းမှ ၀င်၍ "‌ဒါဆို မောင့်ရဲ့လက်ကဒဏ်ရာက ရှင့်ကြောင့်ပေါ့ဟုတ်လား။ "
ထိုစဉ် ထမင်းစားခန်းမှထပြီး ဧည့်ခန်းထဲ၀င်လာတဲ့ ခန့်ကိုက "ဘာမှမမကြောင့်မဟုတ်ဘူး ။အကုန်လုံးငါ့သဘောနဲ့ငါလုပ်ခဲ့တာ ။ ပြီးတော့ငါ့ကိုမောင်လို့မခေါ်ပါနဲ့တော့။ လက်ကျန်သံယောဇဉ်ကိုထားပြီးသူငယ်ချင်းလိုနေချင်ရင်ငါ့ဘက်ကအမြဲ welcome ပါ။"
ထက်ရွှေစင်းလင်းလည်း "အေးပါဟယ် ။ လာလောလောဆယ် ဒဏ်ရာကြည့်ပြီးဆေးထိုးပေးမယ် "ဟုဆိုကာ ဆေးထည့်ပေးပြီး ဆေးတစ်လုံးထိုးပေးကာ ပြန်သွားသည်။ 
စိမ်းလည်း "ခန့်ကို ဒါဆိုမမလည်းပြန်တော့မယ်။ တစ်ခုခုဆိုတို့ကိုဖုန်းဆက်နော်"
ခန့်ကိုလည်း စိမ်းတို့ပြန်ရောက်တော့ အခန်းထဲပြန်ပြီးခွေနေလိုက်သည်။

**************
တစ်ပတ်ခန့်ကြာပြီးတော့ ခန့်ကိုရဲ့လက်လည်းချုပ်ရိုးဖြည်ပြီးတော့ ရုံးပုံမှန်ပြန်တတ်နေသည်။ ဒီနေ့က ခန့်ကိုတာ၀န်ယူထားတဲ့ site အတွက် AEတစ်ယောက်အသစ်ရောက်မည်ဖြစ်သည်။ စိမ်းနဲ့ရာထူး တူတူပင် တွဲဖက်လုပ်ကိုင်ရန်ဖြစ်သည်။
ရုံးရောက်တော့ အတွင်းရေးမှူးမှ " MD အသစ်ခေါ်ထားတဲ့AEရောက်ပါပြီ "
ခန့်ကိုလည်း "၀င်ခဲ့ပါ" ဟု‌ဆိုလိုက်သည်။
"မင်္ဂလာပါMD ကျွန်တော့်နမည်က စိုင်းမင်းကို ပါ။ civil engineering ကို master ပြီးထားပါတယ်ခင်ဗျ"
ခန့်ကိုလည်း"ဟုတ်ပါပြီ။ ကျွန်တော်အကို့အကြောင်းကိုအကုန်ကြည့်ထားပြီးပါပြီ။အားကိုးမယ်နော်အစ်ကို။
လာ အစ်ကိုနဲ့တူတူအလုပ်လုပ်ရမယ့် AEတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်။ ဟုဆိုကာ ရုံခန်းက ထွက်ပြီး company canteen သို့သွားကာ စိမ်း ကိုလည်း ထိုနေရာသို့ချိန်းလိုက်သည်။
စိမ်းရောက်လာတော့ ထိုလူ ကိုစိုင်းမင်းကိုက "နေရည် ။နေရည်ဟုတ်ပါတယ်နော်။ကျွန်တော်လေ ကျွန်တော်စိုင်းမင်းပါ မှတ်မိတယ်မလားဟင်"ဟု စိမ်းရဲ့လက်ကိုကိုင်ကာမေးလိုက်တော့ အံ့ဩပြီး စကားမပြောနိုင်တော့သူက ခန့်ကို ။
စိမ်းကတော့တည်ငြိမ်တဲ့လေသံနှင့် "ဟုတ်ပါတယ်ကိုစိုင်း။ ဒါနဲ့ဘာကိစ္စရှ်ိလို့လည်းမသိဘူး။"
ခန့်ကိုမှာထို၂ယောက် အကြည့်ချင်းဆုံနေသည်ကိုကြည့်မနေနိုင်တော့ဘဲ "ဟိုရက်က AEတစ်ယောက်လိုတယ်ပြောတာလေ အဲ့ဒါအသစ်ကသူပဲမမ။ အချင်းချင်းလည်းသိနေကြတာဆိုတော့မိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့။ ဒီကအစ်မစိမ်းနေရည်မင်းကပဲ
အလုပ်အကြောင်းရော အလုပ်နေရာရောရှင်းပြပေးလိုက်ပါ။ ကျွန်တော်သွားတော့မယ် အလုပ်လေးရှိလို့"ဟုဆိုကာ ရုံးခန်းထဲသိုပြန်လာကာ ခုံပေါ်ရှိရေဗူးကိုတစ်ဗူးလုံးကုန်အောင်ဖောက်သောက်လိုက်သည်။
ထို့နောက် စိမ်းနဲ့ စိုင်းမင်းကိုရဲပတ်သက်မှုကိုသိချင်တာကြောင့် သူတို့ရှ်ိရာ ကိုပြန်သွားချောင်းကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
ပြန်သွားကြည့်တော့ ၂ယောက်သားက coffee သောက်နေရင်းစကားပြောနေကြသည်။ ခန့်ကိုလည်းသူတို့မမြင်အောင် တစ်နေရာမှာ၀င်ထိုင်လိုက်ပြီး ဘာပြောလဲနားစွင့်နေလိုက်သည်။ကြားလိုက်ရတဲ့စကားဟာ ခန့်ကိုရဲ့ အသည်းနှလုံးကြေမွသွားသလိုပင်
စိုင်းမင်းခန့်က "နေရည် အစ်ကိုတစ်ခုလောက်မေးလိူ့ရမလား"
"ဟုတ်မေးလေ ကိုစိုင်း"
"နေရည့်မှာ ချစ်ရမယ့်လူရှိနေပြီလားဟင်။ "
"မရှိသေးပါဘူး ။ဘာလို့လဲကိုစိုင်း"
"နေရည် အစ်ကို နေရည့်ကိုချစ်တယ် ။ကျောင်းမှာထဲကချစ်ခဲ့ရတာ။ဒယ်ဒီတို့စီစဉ်တဲ့စေ့စပ်ပွဲမှာလည်း စိမ်းဘက်ကလက်မခံဘူးဆိုတာသိလို့ ကိုယ်ချက်ချင်းဖြတ်ခိုင်းခဲ့တာ ။နေရည့်ရဲ့အချစ်ကိုရဖို့ အစ်ကိုကြိုးစားချင်တယ်။ အစ်ကို့ကို အခွင့်ရေးပေးပြီးစဉ်း‌စားပေးပါနော်။"
စိမ်းတစ်ချက်စဉ်းစားလိုက်သည်။စိမ်း၏ဖခင်ဖြစ်သူသည် ရှေးရိုးစွဲသည် LGBT ကိုသိပ်လက်မခံသေးသူ တစ်ယောက် ထို့ပြင် စိုင်းမင်းကိုနဲ့လည်း ကြိတ်သဘောတူနေသူ ပင် ။

"ဟုတ်ပါပြီကိုစိုင်း။ ကျွန်မစဉ်းစားပေးပါ့မယ်၊ခုတော့သွားကြရအောင်"

___________________________________________

တိုသွားတာတောင်းပန်ပါတယ် ။
ဒီရက်ပိုင်းမအားလို့ပါ🥹🤍
၂၂.၁၀.၂၃

စိမ်းWhere stories live. Discover now