အပိုင်း ၃

563 39 2
                                    

ထိုအရာမှာ Lamin Khant Ko send friend request ဆိုသော notiလေး.......
စိမ်း acc ကိုချက်ချင်းလက်မခံသေးဘဲ profile ထဲ၀င်ပြီးစပ်စုကြည့်တော့ profile picture မှာ ရှပ်အင်္ကျီအဖြူရောင်ကို ကြယ်သီးနှစ်လုံးလောက်ဖြုတ်ကာ necktie ကိုခပ်လျော့လျော့ စည်းထားပြီး ဘောင်းဘီမှာတော့အစိမ်းရောင် style pantလေးနှင့် skate board လေးကိုကိုင်ထားသည် မှာ ချစ်စရာကောင်းသည်ဟုဆိုတာထက် ခန့်ညားသည်ဟု သုံးရမည်ဆိုလျှင်ပိုမှန်မည်။ စိမ်းလည်း cmt တစ်ချို့ကိုဖတ်ကြည့် လိုက်တော့ ကောင်မလေးတစ်ချို့မှ ကြူးထားသည်ကိုတွေ့တော့ စိမ်း စိတ်ထဲသ၀န်တိုမှုများဖြစ်ပေါ်လာသည်။ ထို့နောက် ACC ကိုလက်ခံလိုက်သည်။
လမင်းခန့်ကို ကလည်း ‌စိမ်း၏ acc ကိုအပ်ပြီးထဲက Fri requested လက်မခံမည်စိုး၍ အငြိမ်မနေနိုင်ပေ။ ထို့နောက် စိမ်းကလက်ခံ လိုက်သောအခါ လမင်းတစ်ယောက်ထပါခုန်လေသည်။
ထို့နောက်အရဲစွန့်ကာ စာသွားပို့လိုက်သည်။ ပို့လိုက်သည့် စာမှာ "မအိပ်သေးဘူးလားအစ်မစိမ်းနေရည်မင်း " တဲ့ ။လမင်းက သူငယ်ချင်းများကြားတွေစကားပြောကြွယ်သော်လည်း တစ်ကယ်အချစ်ဆိုသောအရာနှင့်တွေ့တော့ ခွေးအကြီးလှည်းနင်းထားသကဲ့သို့ပင်။

စိမ်းလည်းဖုန်းပိတ်ကာ အိပ်တော့မည်အလုပ် messenger မှ စာ၀င်လာတော့ကြည့်လိုက်တော့ လမင်းခန့်ကိုပို့ထားတာဖြစ်၍ ရင်ခုန်ခုန်နဲ့ဖွင့်လိုက်သောလည်း ပို့ထားသည့်စာမှာ "မအိပ်သေးဘူးလား"တဲ့
စိမ်းနည်းနည်းတော့ရီချင်သွားသည်။ လာ flirt တာကြီးကလည်းဆိုပြီးတော့ တောင်ဖြစ်သွားကာ
"မအိပ်သေးလို့ မင်းရဲ့ friend request ကိုလက်ခံလိုက်တာပေါ့ လမင်းခန့်ကိုရ "ဟူ၍ ပြန်ပို့လိုက်သည်။
"ဟုတ်သားနော် ။ ဒါဆိုကျွန်‌ေတာ်စကားနည်းနည်းလောက်ပြောလို့ရမလား ဗျာ"
စိမ်းမှ တစ်ဖန် "မရတော့ဘူး။တို့အခုအိပ်ရတော့မယ်
မနက် interview ရှိလို့။ မင်းပြောချင်ရင် interview ပြီးရင်တွေ့မယ်လေ မင်းအင်္ကျီလည်းပြန်ပေးရင်းပေါ့"
လမင်း မှ "ဟုတ်ကဲ့ အဲ့ဒါ အစ်မကိုကျွန်တော်လာခေါ်မယ်လေ ။ ဘယ်လာရမလဲ ။ interview က ဘယ် company လဲ ။အဲ့ကိုလာခေါ်လိုက်မယ်။ "

စိမ်းလည်း "interview က မင်းတို့မိသားစုရဲ့ MOON Group မှာ ၊မင်း ဖုန်းနံပါတ် တို့ကိုပို့ထား"
လမင်းလည်းအံဩသွားကာ "ဗျာ "ဟုသာပြောနိုင်သည်။
စိမ်းလည်း "မဗျာနဲ့။ တို့အိပ်ပြီ။ Good night" ဟုပြောကာ လမင်း၏ reply တောင်မစောင့်ဘဲ လိုင်းဆင်းသွားလေသည်။
တစ်ဖက်တွင်လည်း လမင်းက ချက်ချင်းပင် သူ့ပါးပါးနှင့်မားမားရှိရာအခန်းသို့ပြေး၀င်ကာ" ပါးပါး ၊ ကျွန်တော် ပါးပါး company မှာတစ်ပတ်အတွင်း အလုပ်၀င်ချင်တယ်။ စီစဉ်ပေးပါနော်။ "
လမင်း၏ဖခင်ဖြစ်သူ ဦး‌ခန့်ကျော်ကို လည်းအလွန်အံ့ဩသွားသည် အရင်က company မှာဘယ်လိုရာထူးပေးပေးမယူဘဲ ရထားသည့်PhD architectureဘွဲ့မှအားမနာ တခြား company တွေမှာသာအောက်ခြေကစပြီးသွားသွားလုပ်နေသူက ခုလိုရုတ်တရက်လာပြောတော့အံ့ဩကာ ခေါင်းသာငြိမ့်ပြလိုက်သည်။ လမင်းလည်းခုန်ပေါက်ပြီး အခန်းထဲပြန်သွားသည်။

စိမ်းWhere stories live. Discover now