အပိုင်း ၄

508 36 0
                                    

"လမင်းခန့်ကို လား ။တို့ စိမ်းနေရည်မင်းပါ "
"ဟုတ်ကဲ့အစ်မ။ "
"တို့ကိုလာခေါ်လို့ရပြီနော် "
"ဟုတ်ကဲ့ company car parking ကစောင့်နေနော် အစ်မ ကျွန်တော် ခုလာပြီ "

ဒယ်ဒီပါးပါး သားသွားပြီး ကျွန်တော်မနက်ဖြန်ကစအလုပ်ဆင်းမယ် ခုတော့သွားပြီ။ အဖေ့အတွက်ချွေးမရှာဖို့။

လမင်းလည်း company car parking ကိုရောက်တော့
Car parking ရှေ့တွင် မြန်မာ၀တ်စုံ ကြည်ပြာရောင်၀မ်းဆက်လေးနဲ့ ပိုက်ဆံအိတ်လေးဘေးလွယ်ကာ ရပ်စောင့်နေသော မိန်းမလှလေး စိမ်းနေရည်မင်း။
လမင်းလည်း တစ်ချက်ကြည့်ရင်းပြုံးလိုက်ကာ အနားသို့ချက်ချင်းပြေးသွားကာ "ဟိတ် အစ်မ စောင့်နေရကြာသွားလား "
စိမ်းလည်း "မကြာသေးပါဘူး၊ ဒါနဲ့ ရော့ ဒီမှာ မင်းရဲ့ jacket ၊ "
"ဟုတ်ပါပြီ အစ်မရဲ့ ၊ဘာစားပြီးပြီလဲ တစ်ခုခုသွားစားရအောင် လေ။ ကျွန်တော်ကျွေးပါ့မယ် " ဟုဆီကာ သူ၏ ကားလေးဆီသို့ ခေါ်သွားကာ lover setရဲ့ ကားတံခါးကိုဖွင့်ပေးလိုက်သည်။ ထို့နောက် ကားထဲ ရောက်တော့ "အစ်မ café ပဲထိုင်မလား ၊ ဘယ်လိုဆိုင်ထိုင်ချင်လဲ "
စိမ်းလည်း "အေးအေးဆေးဆေးရှိမယ့် café တစ်ခု တို့သိတယ် ။ အဲ့ကိုမောင်းလိုက် Xéno café  "ဟု ဆိုကာ ထို café သို့ ‌လမင်းလည်းမောင်းလိုက်သည်။
Caféရောက်တော့ café လေးက retro vibe ‌အပြည့်အ၀ ရပြီး စကားပြောလို့ကောင်းသည်။ စာအုပ်စင်လေးလည်းရှိကာ အေးဆေးစာဖတ်ချင်သူများအတွက် ဖွင့်ထားသလားတောင်ထင်ရ၏။
လမင်းလည်း စိမ်းထိုင်ရန် ခုံ လေးအား ရွှေ့ပေးပြီးမှ သူလည်းထိုင်လိုက်သည်။ waiter အားခေါ်၍ ကျွန်တော့်ကို Ice Americanoတစ်ခွက်ပေးပါ။ အစ်မရော ဘာသောက်မလဲ ။ စိမ်းက "တို့ကို Cappuccino တစ်ခွက် Choco cake 1 slip ပေးပါ။ " ဟု မှာလိုက်သည်။

ထို့နောက် စိမ်းက ပဲ " ဆိုစမ်းပါဦး။ တို့ကိုဘာပြောစရာရှိလို့  တုန်း။ "
လမင်းလည်း " ဟို လေ ဟို  အစ်မနဲ့ရင်းနီးချင်လို့ ၊ ပြီးတော့ ကျွန်တော်တို့ အလုပ်တူတူလုပ်ရမယ်ထင်တယ် "

စိမ်းလည်း " ဘာ ၊ ဒါဆို ခု တို့ရတဲ့ အလုပ်က တို့အရည်အချင်းထက် မင်းကြောင့် ရတာလား" ဟု ဒေါသထွက်ကာပြောတော့ လမင်းလည်း ပြာယာခက်သွားကာ "မဟုတ် ...မဟုတ်ပါဘူး မမစိမ်းရယ် ။ အခုရတဲ့အလုပ်က မမစိမ်းရဲ့ အရည်အချင်းအစစ်အမှန်ပါ။ ကျွန်တော်က သာ မမ ရတဲ့နေရာကို ပါးပါးကိုအကူအညီတောင်းပြီးလိုက်၀င် တာပါ။ မမစိမ်းထင်သလိုမဟုတ်ရပါဘူး"ဟု ကပြာကရာရှင်းပြလေတော့
စိမ်း တစ်ချက်တော့ လမင်းမသိအောင်းပြုံးမိသွားသည်။ ဒီကလေးက သူကို မမစိမ်း လို့ ခေါ်လိုက်တာလား။ စိမ်းလည်း "ဟုတ်ပါပြီ။ ထားပါတော့ ။ ဒါနဲ့‌ မင်းတို့ကို မမစိမ်း လို့ခေါ်လိုက်တာလား "
လမင်းလည်း "ဟုတ် ..ဟုတ် ။ကျွန်တော်အရင် မမကို ခွင့်တောင်းမလို့ပါဘဲ။ ကျွန်တော့်ကို အဲ့လိုလေး ခေါ်ခွင့်ပြုပါနော်"
"ကောင်းပြီ ။တို့မေးတဲ့မေးခွန်းကို မင်းဖြေနိုင်ရင် ခွင့်ပြုမယ် ။ ဘယ်လိုလည်း " ဟုဆိုတော့ လမင်းလည်း
"ဟုတ်ကဲ့ မေးပါ မမ"
"မင်းက ဘာလို့တို့နဲ့ ရင်းနီးချင်ရတာလည်း။ မင်းနဲ့တို့ သိတောင်မသိတာကို"
လမင်းလည်း ဘာပြောရမှန်းမသိဖြစ်သွားသည်။ တစ်ခါထဲ၀န်ခံလိုက်ရမည်လား။ တခြားနေရာတွင် စကားပြောကြွယ်တဲ့လမင်းခန့်ကိုတစ်ယောက် သူ၏မမစိမ်းကိုပြောလိုက်သည်မှာ "ကျွန်တော် မမ ကို မြင်မြင်ချင်း သဘောကျမိသွားလို့ မဟုတ်ဘူး ချစ်မိသွားတာ မြတ်မြတ်နိုးနိုးနဲ့ကိုချစ်မိသွားတာ အဲ့ဒါကြောင့် မမစိမ်း နဲ့အရင် ရင်းနှီးမှုရအောင်ကြိုးစားချင်တာပါ ဒါပေမယ့် အခုတော့....."
စိမ်းလည်း "အခုတော့ ဘာဖြစ်လဲ ..." စိမ်းလည်း စချင်၍မေးလိုက်သည်။ ထိုကလေးဖြစ်နေသော ပုံမှာ မျက်နှာကြီးအောက်ငုံပြီး လက်နှစ်ဖက်ကိုသာ ကြည့်ပြီးပြောနေသည် မှာ အလွန်ချစ်စရာပင်ကောင်းလှသည်။
"အခုတော့ ကျွန်တော်တစ်ခါထဲ ၀န်ခံလိုက်သလိုဖြစ်သွားပြီ ကျွန်တော်သူများတွေလို ချစ်ကြောင်းကို ဖွဲနွဲ့မပြောတတ်ဘူ မမ ၊ ကျွန်တော်မမ ကိုချစ်တယ်"
စိမ်းလည်း တစ်ချက် ပြုံးလိုက်ကာ " မင်းတို့အကြောင်းဘယ်လောက်သိလို့လည်း။ တကယ်လို့ တို့ က Straight တစ်ယောက်ဆိုရင်ရော "

စိမ်းWhere stories live. Discover now