Part-1

1.3K 46 4
                                    

ခန်းမကြီးအလယ်မီးရောင်အောက်တွင် သူဌေးကြီးဦးမိုးမြင့်မြတ်၏ မွေးနေ့ပွဲကြီးဟာ ခမ်းခမ်းနားနားကျင်းပနေသည်။

'အားလုံးဘဲ နားထောင်ပါ'

အမိန့်ပါသော အသံဖြင့် တစ်ခွန်းအော်လိုက်ယုံဖြင့် ဆူညံလှသော ခမ်းမကြီးဟာ တိတ်ဆိတ်သွားသည်။

'ကျနော့်ရဲ့ မြေးမလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။'

ထိုအချိန် အပေါ်ထပ် လှေကားပေါ်မှ ပွဲတတ်ဂါဝန်အဖြူလေးနှင့် ဆင်းလာသော ကောင်မလေးတစ်ယောက်။

'အားလုံးဘဲ ဒါကတော့ ကျနော့်‌မြေးမလေး
လင်းကမ္ဘာမြတ်ပါ။'

အောက်မှချောသည် လှသည်ဟု ချီးကျူးသံများဟာ ဆူညံလွန်းလှသည်။ ထိုသို့ ဆူညံသံများကို မခံနိုင်တော့သဖြင့် အိအပြင်ထွက်လာခဲ့သည်။

ရေကူးကန်ဘေးရှိ ခုံတန်းလျားလေးတွင်ဝင်ထိုင်ကာ အဝေးကိုငေးနေစဉ် အိဘေးတွင် ခုနကကောင်မလေးကလာထိုင်သည်။

သို့သော် ခုနက‌ကလေးမက ဆံပင်အရှည် မိန်းမဆန်ဆန်နဲ့ ဂါဝန်ဝတ်ထားသည်။ သို့သော်ယခုကလေးမလေးဟာ ဆံပင်တိုတို ခေတ်စားနေသော wolf cut ဟူသော ဆံပင်ကေနှင့်။ ဝတ်စုံပြည့်ကို ဝတ်ထားသည်။

'ဒီမှာ ချာတိတ်'

ထိုကလေးမက သူ့ကိုသူ လက်ညှိုးထိုးပြသည်။

'ဟုတ်တယ် မင်းကိုပြောတာ'

'ဘာဖြစ်လို့လဲဗျ'

'ခုနက ပွဲထဲမှာတုန်းက မင်းက ဆံပင်အရှည်နဲ့ ဂါဝန်နဲ့လေ ခုကျ'

'အော် အဲ့တာ ကျနော့်အမလေ ကျနော်တို့က အမွှာတေဗျ'

'အော် ဒါနဲ့ သူဌေးကြီးက ဘာလို့ မင်းကိုမိတ်မဆက်ပေးတာလဲ'

'ဒါလား သူက ကျနော့်ဖြစ်တည်မှုကို မကြိုက်ဘူးလေ။ မိသားစုအတွက်အရှက်ရစေတယ်တဲ့။ သူ့မွေးနေ့ပွဲ အဖွားဖိတ်လို့သာ လာခဲ့တာ။ သူက အိမ်ထဲအဝင်မခံဘူး။ ကိုယ့်အဖိုးဆိုတော့လည်း လာရတာပေါ့ဗျာ။ အလင်းက အဖေနဲ့ ဒီအိမ်ကြီးမှာ ကျန်ခဲ့တယ်လေ။ အဖိုးက ကျနော့်ကို အိမ်ပေါ်က နှင်ချတော့ ကျနော့်အသက်က၅နှစ်လောက်ဘဲရှိသေးတာ။ ကျနော်က ဘလိုမှ မိန်းကလေးလိုဝတ်စားပေးလို့မရလို့လေ။ ယောက်ျားလေးတယောက်လို ပြုမူနေထိုင်တာပေါ့။ အိမ်ပေါ်ကဆင်းရတော့ အမေက ကျနော်နဲ့အတူလိုက်ခဲ့တယ်လေ။ ခုတောင်လက်ဆောင်လာပေးတာပြီးပြန်မှာ။'

အချစ်ဦး (First Love)Where stories live. Discover now