Part-5

389 25 0
                                    

Photo massage တစ်ခုပင်။ ကျနော်ဝင်ကြည့်လိုက်တော့ မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာတဲ့လေ။

နောက်ထပ်တစ်ကြောင်းထပ်ပို့သည်က "မင်းလာဖြစ်အောင်လာပါနော်"တဲ့။

မယုံနိုင်လောက်အောင်ပင် လေဒီကပြောင်းလဲသွားသည်။ ကျနော်ယုံကြည်ခဲ့တဲ့ သူမက အခုတော့ အခြားတစ်ယောက်နှင့်လက်ထပ်တော့မည်ဆိုသည့် သတင်းက ကျနော့်ကိုအလွန် သွေးပြတ်သွားစေသည်။

လေဒီတကယ်ရက်စက်သည်။ အတူရှိခဲ့ကြတဲ့ နှစ်‌တွေကိုမှမထောက်။ လေဒီလုပ်ရက်သည်။ ချစ်ခဲ့ကြတာ ပုံပြင်အလားပင်။

ဘယ်လောက်ဘဲ ချစ်ခဲ့ချစ်ခဲ့ ယောက်ျားတစ်ယောက်နဲ့ ယှဉ်လာရင်တော့ ကျနော်တို့က အမြဲရှုံးရတာပါဘဲ။

ကျနော်မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။ လေဒီ့မင်္ဂလာပွဲကို ကျနော်တတ်ဖြစ်အောင်တတ်မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ သို့သော် အမှန်မဟုတ်ပါစေနဲ့လို့သာ ဆုတောင်းနေမိသည်။

လေဆိပ်ကဆင်းတော့ Taxiဖြင့်သာ အိမ်ပြန်လာခဲ့သည်။ ပြန်လာမည့်ရက်ကို အမေ့ကို ကြိုမပြောထားတော့ အမေလည်း မသိချေ။

သို့သော် Taxiငှားစီးမိတာ မှားသလိုပင်။ Taxiသမားက သွားနေကြလမ်းကမဟုတ်ဘဲ တစ်ခြားလမ်းကမောင်းလာသည်။ မီးပွိုင့်တစ်ခုမိနေစဉ် ထိုမီးပွိုင့်နားရှိ Wedding dress ဆိုင်ထဲမှ လေဒီဟာ အမျိုးသားတစ်ယောက်နှင့်အတူထွက်လာခဲ့သည်။

"ငါယုံကြည်တယ် မင်းလေး
ငါအထင်ကြီးတဲ့ မိန်းကလေး
ခုတော့ ဘယ်လိုဖြစ်သွားလည်း
ငါနဲ့မင်းနဲ့ဝေးတဲ့
ဒီအချိန်တိုလေးအတွင်းမှာ
မင်းကနောက်တစ်ယောက်ထပ်သွားပြီ

ဒီသတင်းဆိုးကြီး လွဲပါစေ
ငါ့ဆုတောင်းတွေပြည့်ခဲ့ပါ
တကယ်ကိုဟုတ်ပါတယ် တကယ်ကိုချစ်နေကြတဲ့
မင်းတို့အတွဲကို ငါတွေ့ခဲ့တယ်

အချစ်ဦး (First Love)Where stories live. Discover now