Part-7

386 27 3
                                    

အိမ်ထဲမှ ကျောင်းစိမ်းဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်ပြေးထွက်လာသည်။ ထိုအမျိုးသမီးဟာ လေဒီနှင့် အတော်ကို တူသည်။ တူသည်ဆိုသည်မှာ ထိုအမျိုးသမီး ဝတ်ထားပုံအရ ကျောင်းဆရာမဖြစ်နိင်သည်။ အမူအကျင့် လမ်းလျှောက်ပုံ စကားပြောပုံ အားလုံးတူသည်။ လေဒီနှင့် ရွယ်တူဟုပင်ထင်ရသည်။ ထိုအမျိုးသမီးကို မြင်ချိန် လေဒီ့ကိုအတော်လေးသတိရမိသည်။

'ဒေါက်တာတို့အတွက် ကော်ဖီလေးလုပ်ပါအုန်း'

'ထားလိုက်ပါတော့ မေနွယ်‌တို့ ခုဘဲ မနက်စာစားလာလို့ပါ'

'သောက်သွားပါအုန်း ဒေါက်တာမေနွယ်ရယ်'

'မသောက်တော့ဘူး သူကြီး နော် အထွန်း'

'ဟုတ် ကျနော်တို့ မသောက်တော့ပါဘူး သွားတော့မယ်ဗျ'

'ကဲ ဒါဖြင့်လည်း သဘောပါဗျာ'

'မသစ်ခက် ကျောင်းသွားတော့မှာမလား မေနွယ်တို့ အတူသွားကြတာပေါ့'

'အင်း သွားကြတာပေါ့ ဖေဖေ သမီးမေနွယ်တို့နဲ့ဘဲ လိုက်သွားတော့မယ်'

မေနွယ်က ဆိုင်ကယ်ကိုတွန်းကာ ထိုအမျိုးသမီးနှင့်အတူ လျှောက်လာကြသည်။

'ဒေါက်တာက မိန်းကလေးဖြစ်ပါရဲ့ စကားပြောရင် ဘာလို့ ‌ယောက်ျားဆန်နေရတာတုန်း'

'သူက အရင်ကတည်းက tomboy လေ'

'အော် အသက်ဘယ်လောက်ရှိပြီလဲ'

'နှစ်ဆယ့်နှစ်'

'အော် မိတ်ဆက်ကြတာပေါ့ တို့နာမည်က သစ်ခက်စိမ်း ချာတိတ်နာမည်ကရော'

'ဗျာ! ကျနော်က ချာတိတ်မဟုတ်တော့ဘူး အသက်ကြီးနေပြီ ပြီးတော့ အဲ့နာမ်စားမသုံးပါနဲ့'

'အို စွာတေးလန်လေးဘဲ'

'အဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူကနဲနဲ ဆိုက်ကိုရှိလို့ အမရေ'

'မေနွယ်!'

'အေးပါ စတာ စတာ'

'ကျနော် နာမည်က ဝင့်ကမ္ဘာထွန်း'

'မေနွယ်ခေါ်သလိုဘဲ အထွန်းလို့ခေါ်မယ် နော့်'

'ရပါတယ်'

ကျောင်းရောက်တော့ ထိုအမျိုးသမီးက ကျောင်းထဲဝင်သွားကာ ကျနော်တို့လည်း ဆေးရုံကို ဆိုင်ကယ်စီးလာခဲ့ကြသည်။

အချစ်ဦး (First Love)Where stories live. Discover now